ကနောင်မင်းသား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၁ -
[[Image:princekanaung .jpg|thumb|ကနောင်မင်းသား]]
အောက်မြန်မာပြည်တွင်[[
==
ကုန်းဘောင်ခေတ် အမပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇-၁၈၄၆)နှင့်
သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပုဂံမင်းအား နောင်တော် မင်းတုန်းမင်းကရွှေဘိုမှပုန်ကန်ရာတွင် အတူဦးဆောင်ပါဝင်ခဲ့သည်။ကနောင်မင်းသားကြီးသည် အိမ်ရှေ့စံမင်းသား (နန်းညွန့်နန်းလျာမင်းသား) လည်းဖြစ်ပြီး ထီးနန်းစည်းစိမ်နှင့် အချုပ်အခြာအာဏာကိုဆက်ခံရန်အခွင့်ရှိသူဖြစ်နေပေရာ ထိုအခွင့်အရေးကို မက်မောကြသောတူတော်များ (မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင် မင်းသား) တို့၏လုပ်ကြံမှုကြောင့် ကံတော်ကုန်ခဲ့ရသည် ဆိုသည်။ ပဒေသရာဇ်ခေတ်ရှိ နန်းတွင်း အရေးအခင်းများမှာ သမိုင်းတင်ထားသည်ထက်လည်း ပိုမိုရှုပ်ထွေးနေတတ်သည်။▼
သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပုဂံမင်းအား နောင်တော် မင်းတုန်းမင်းကရွှေဘိုမှပုန်ကန်ရာတွင် အတူဦးဆောင်ပါဝင်ခဲ့သည်။ သက္ကရာဇ် ၁၂၁၄-ခုနှစ်၊ သက်တော် (၃၃)နှစ်တွင် ရွှေဘိုမင်းတရားကြီး၏ အနောက်နန်းတော် မိဖုရား (အနောက်နန်းမတော်မမြလေး)၏ သမီးတော် [[လှိုင်ထိပ်ခေါင်တင်]]နှင့် လက်ထပ်တော်မူပြီးလျှင် တပယင်း၊ တောင်တွင်းကြီး၊ ပဥ္စလငါးမြို့နှင့် စလေမြို့များကို စားရလေသည်။
▲
===မိဖုရားများနှင့် သားသမီးတော်များ===
ကနောင်မင်းသားသည် မိဖုရားနှင့် ကိုယ်လုပ်တော်ပေါင်း ၅၂-ပါးရှိပြီး ၎င်းတို့မှဖွားမြင်သော သားသမီးတော်များမှာ ၁၀၂-ပါးရှိသည်။
===သားတော်၊တူတော်များအား စိတ်မချခြင်း===
အိမ်ရှေ့စံ ကနောင်မင်းသားနှင့် မင်းတုန်းမင်းတို့ ဆုံသောအခါ သားတော်၊တူတော်များအား စိတ်မချကြောင်း လျှောက်တင်တင်သောအခါ မင်းတုန်းမင်းက `အေး...မောင်ပုရေ...နောင်တော်ဘုရားကလည်း သီလဝတို့ကို စိတ်မချဘူး။ မောင်ပုကလည်း မောင်ညိုတို့ကို ဂရုမစိုက်၊ သူတို့ကလည်း ထနောင်းပင်က မီးတကျည်ဆိုသလို လာကြလိမ့်ဦးမည်´ဟု မိန့်တော်မူသည်။
*မောင်ညိုဆိုသူမှာ ပန်းထိမ်းမင်းသားကို ဆိုလိုသည်။
*သီလဝဆိုသည်မှာ မြင်ကွန်းမင်းသားကို ဆိုလိုသည်။
*မောင်ပုဆိုသည်မှာ ကနောင်မင်းကို မင်းတုန်းမင်းက ငယ်စဉ်အခါက ညီပုလေးဟု ချစ်စနိုးခေါ်တွင်ရာမှ အရွယ်ရောက်လာသောအခါ မောင်ပု ဟုခေါ်ဆိုလေသည်။
<ref>ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)</ref>
==ကြိုးပမ်းမှုများ==
ကနောင်မင်းသားသည် [[သာယာဝတီမင်း]]၏ သားတော် ၊ [[မင်းတုန်းမင်း]]၏ ညီတော် ဖြစ်သည်။ ဒုတိယ[[အင်္ဂလိပ်-မြန်မာစစ်ပွဲ]] ပြီးဆုံးကာနီးတွင် မင်းတုန်းမင်းသားနှင့် ပူးပေါင်း၍ နောင်တော် [[ပုဂံမင်း]]ကို ပုန်ကန် ခြားနားခဲ့ပြီး ၁၈၅၃ ၊ ဇူလိုင် (၁၁) တွင် မင်းတုန်းမင်း နန်းတက်ကာ ကနောင်မင်းသားက အိမ်ရှေ့မင်း ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး ကနောင်
ကနောင်မင်းသားကို တိုင်းသူပြည်သားများက ချစ်ကြည်လေးစားကြပြီး မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မင်းသားကြီးသာ လုပ်ကြံ မခံခဲ့ရပါက မြန်မာပြည် သည်နယ်ချဲ့လက်အောက်သို့ ဤမျှလောက်လွယ်ကူစွာ၊ စောစီးစွာ မရောက်နိုင်ဟု ယုံကြည်ကြသည်။<ref> [[နေထွတ်]]၏ ‘မန္တလေးအဘိဓာန်’ စာအုပ်</ref>
ထိုစဉ်က အင်္ဂလိပ်နှင့် ပြင်သစ်စသည့် နိုင်ငံတို့က ကိုလိုနီနယ်မြေများရရှိရန် အပြိုင်အဆိုင် လုံးပမ်းနေကြခြင်းဖြစ်ရာ အထွေထွေ ခေတ်နောက်ကျနေသော ပဒေသရာဇ်နိုင်ငံများအဖို့ အနှေးနှင့်အမြန်သာကွာခြားပြီး နယ်ချဲ့လက်တွင်းသက်ဆင်းကြရန် တာစူနေပေသည်။ ကနောင်မင်းသားမှာ အချုပ်အခြာအာဏာ ပိုင်စိုးသူမဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် ကန့်သတ်ချုပ်ခြယ်မှုများ မလွတ်ကင်းသေးချေ။
[[File:kaN.jpg|thumb|ကနောင်မင်းသား၏ အရိုးအိုးဂူ]]
[[File:kaN2.jpg|thumb|ကနောင်မင်းသား၏ အုတ်ဂူတော် ကျောက်စာ]]
==သဂြိုလ်ပုံ==
မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားများ လုပ်ကြံခံရသည်မှာ သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်နေ့၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ဖြစ်သည်။ သင်္ဂြိုဟ်သည်မှာ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် ဖြစ်ရာ (၁၁)လကြာမှ သင်္ဂြိုဟ်ခြင်း ဖြစ်သည်။ ကြားတွင် [[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]]နှင့် [[ပန်းထိမ်းမင်းသား အရေးအခင်း]]တို့ ဖြစ်ပေါ်နေ၍ အလောင်းများကို ခေါင်းသွင်းပြီး နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။
သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် နန်းမြေဘုံသာ စံနန်းတော် ဆောင်တော်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်းသင်္ဂြိုဟ်ရန် အုတ်ဂူ၊ ၎င်းအနီးတွင် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ရန် အသီးသီး တန်းစီ၍ အုတ်ဂူတည်ပြီးလျှင်၊ ၎င်းဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်ပူဇော်ရန် အုတ်ပြသာဒ် ပြုလုပ်ထားသည်။ အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိ ရုပ်ပွားတော် ကိုစွဲ၍ စန္ဒာမုနိ ဘုရားဟုခေါ်လေသည်။ စေတီနှင့် ရုပ်ပွားထားရာ အုတ်ပြသာဒ်အကြားကား အိမ်ရှေ့မင်းနှင့် မင်းသားများ၏ အလောင်းများကို အုတ်ခုံပေါ်တွင် မြုတ်နှံထားသည်။ အိမ်ရှေ့မင်း၏ အုတ်ဂူကို အုတ်ပြသာဒ်ငယ် လုပ်ထားသည်။ ၎င်းအုတ်ပြသာဒ်ငယ်ကို စေတီနှင့် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋိတိုက်နှင့် အုတ်ရိုးသွယ်ဆက်ထားသေးသည်။ <ref>ရွှေကိုင်းသား၏ နှစ်(၁၀၀)ပြည့် မန္တလေး</ref>
ကနောင်မင်းသား ရုပ်ကလာပ်အား မန္တလေးတောင် ခြေရင်းရှိ ဂူသွင်းသဂြိုလ်ခဲ့သည်။ ၁၉၈၈ စစ်အစိုးရလက်ထက်တွင် ကနောင်မင်းသား၏ အုတ်ဂူကို [[စန္ဒာမုနိစေတီ]] ဘုရားဝင်းအတွင်း ရွေ့ပြီး အခု မန္တလေးတောင်အသွား လမ်းဆုံမှာ အုတ်ဂူတည်ထားသည်။ <ref>မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း</ref>
==ကိုးကား==
<references/>
{{ကုန်းဘောင်ခေတ်}}
[[Category:ကုန်းဘောင်ခေတ်]]
[[Category:သမိုင်း]]
|