ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
စာကြောင်း ၅၇ -
 
== ဘဝနိဂုံး ==
[[File:Bagyidaw's tomb.PNG|thumb|[[အမရပူရမြို့]]တွင်ရှိတွင်ရှိသော ဘကြီးတော်မင်း အုတ်ဂူ]]
[[ပထမ အင်္ဂလိပ် - မြန်မာစစ်|ပထမ အင်္ဂလိပ်-မြန်မာစစ်]] ပြီးချိန်မှစကာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်မှစကာ နန်းတွင်းရေးကို [[နန်းမတော်မယ်နု]]နှင့် အစ်ကိုဖြစ်သူ [[စလင်းမင်းသားကြီးမောင်အို]] တို့ကချယ်လှယ်ခဲ့ကြသည်။ ပြိုင်ဘက်ဟု ယူဆသူများကို သတ်ဖြတ်ခဲ့ကြသည်။ [[ပထမ အင်္ဂလိပ် - မြန်မာစစ်|ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ]]အတွင်း မယ်နု၏လက်ရုံးတစ်ဆူဖြစ်သည့် စစ်သူကြီး[[မဟာဗန္ဓုလ]] ဓနုဖြူတွင် ကျဆုံးသည်။ ဘကြီးတော်မင်း၏ ညီတော် သာယာဝတီမင်းသားကို ရာဇဝတ်သားများအား လက်ခံနေထိုင်စေမှုဖြင့် စွပ်စွဲပြီးအရာမှချရန် ကြိုးပမ်းသဖြင့် သာယာဝတီမင်းသား [[ရွှေဘို]]သို့ထွက်ကာ အင်အားစု၍ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သဖြင့် [[သာယာဝတီမင်း]] နန်းတက်သည်။ နန်းမတော်မယ်နု၊ မင်းသားကြီးဦးအိုနှင့် အပေါင်းအပါများသာမက ညောင်ရမ်းမင်းသားပါ ရေချဖျောက်ဖျက်ခံရသည်။ ဘကြီးတော်မင်းကိုမူ အစောင့်အရှောက်ဖြင့် နေစေသည်။ နန်းကျပြီး ၈နှစ်အကြာ အကျယ်ချုပ်ဖြင့်နေရစဉ်အတွင်း ညီတော် သာယာဝတီမင်းလက်ထက် အသက် ၆၁ နှစ်အရွယ် ၁၂ဝ၈ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁ဝ ရက်နေ့ (၁၅၊ အောက်တိုဘာ၊ ၁၈၄၆) တွင် ကွယ်လွန်သည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
 
 
== ဘွဲ့ထူးဂုဏ်ရည် (၆)ပါး ==