ရော်နယ် ရေဂင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၀ -
 
== သမ္မတ အဖြစ်ရွေးခံခြင်း ==
၁၉၈၀ တွင် ရီပက်ပလစ်ကန်ပတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် သမ္မတ [[ကာတာ၊ ဂျင်မီ|ဂျင်မီကာတာ]] နှင့် ၁၉၈၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ရော်နယ်ဟာ အခွန်လျော့ပေါ့ရေး၊ အစိုးရမှ ပြည်သူများထံသို့ စိတ်အနှောက်အယှက်ဖြစ်အောင် အကြောင်းမရှိ ဝင်ရောက်စစ်ဆေးနေမူ၊ အမေရိကန်ပြည်သူများအတွက် ပိုမိုလွတ်လပ်ခွင့်စွာ လူပ်ရှား ပိုင်ခွင့် နှင့် နိုင်ငံတော် ကာကွယ်ရေး စသည့်များဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ ရော်နယ်ရေဂင်ဟာ ၁၉၈၀ တွင် သူ၏အိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ရော်နယ်က မဲအရေအတွက် ၅၀.၇% ၊ သမ္မတ ဂျစ်မီကာတာ က ၄၁%၊ ဖြင့် ရော်နယ်ဟာ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သို့သော်လည်း အထက်လွှတ်တော်တွင် ဒီမိုကရက်များက အမတ်နေရာ အများဆုံးဖြင့် နေရာယူထားသေးသည်။ အောက်လွှတ်တော်တွင် ရော်နယ်၏ ရီပက်ပလစ်ကန်က အမတ်နေရာ ၃၄နေရာအပိုအဖြစ် ချုပ်ကိုင်နိုင်ခဲ့သည်။
[[File:ElectoralCollege1984.svg|thumb|1984 presidential electoral votes by state. Reagan (red) won every state except for Mondale's home state of [[Minnesota]] (and [[Washington, D.C.]])]]
 
== နိုင်ငံတော် သမ္မတ အဖြစ် ==
နိုင်ငံတော်သမ္မတအဖြစ် ရော်နယ်သည် ၁၉၈၁ မှ ၁၉၈၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရော်နယ်သည် နိုင်ငံတော် သမ္မတအဖြစ်နဲ့ အမေရိကန်နိုင်ငံကို စီးပွားရေးအရ ကူညီနိုင်ခဲ့ရုံသာ ကမ္ဘာအရပ်ရပ် ရှိ ပြသာနာရပ်များကိုပါ ဖြေရှင်းနိုင်ခဲ့သည် သူအဖြစ် မှတ်ကျောက်တင်ခံရသည်။ ရော်နယ်ဟာ အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတတဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူတာဝန် ထမ်းဆောင်ချိန်တွင် ၆၉ နှစ်ရှိနေလေပြီ။ ၁၉၈၁ မတ်လ ၃၀ တွင် ဟိုတယ်မှ အထွက်တွင် သေနတ်ဖြင့် လုပ်ကြံခံရသည်။ သေနတ်ကျည်ဆံသည် အဆုတ်သို့ ထိသွားပြီး နှလုံးသို့ရောက်ရန် တလက်မ အကွာသာ လိုသည်ဟုလည်း ခွဲစိတ်ဆရာဝန်က ပြောကြားခဲ့သည်။ ထိုအဖြစ်ကို ရော်နယ်မှ ဘုရားသခင်က သူအား သည်ထက် ပိုပြီး ကောင်းမွန်သောအလုပ်များကိုလုပ်စေချင်သဖြင့် သူ့အသက်ကို ချမ်းသာပေးကြောင်းလည်း ယုံကြည်ခဲ့သည်။ ၁၉၈၄ ရွေးကောက်ပွဲတွင် ရော်နယ်သည် သူ၏ပြိုင်ဘက်မွေးဖွားရာ ပြည်နယ်တခုမှလွဲပြီး ကျန်ပြည်နယ်အားလုံးတွင် သူ၏ ရီပက်ပလစ်ကန်ပါတီက အနိုင်ရခဲ့သည်။ အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော အောင်မြင်မူတခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ရော်နယ်သည် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပြီး ထိုခေတ်က တန်ခိုးထွားခဲ့သော ဆိုဗီယက်ယူနီယံကိုလည်း Evil Empire ဟု ပြောကြားခဲ့သည်။ ရော်နယ်ရေဂင်သည် ဟာသဉာဏ်ရှိသူ တဦးဖြစ်ပြီး သူမိန့်ခွန်းပြောတိုင်း ရယ်စရာတပုဒ်ကို ထည့်မြဲထည့်တတ်သည်။