"ရော်နယ် ရေဂင်" ၏ တည်းဖြတ်မှု မူကွဲများ

၂၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး
 
== နိုင်ငံတော် သမ္မတ အဖြစ် ==
နိုင်ငံတော်သမ္မတအဖြစ် ရော်နယ်သည် ၁၉၈၁ မှ ၁၉၈၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရော်နယ်သည် နိုင်ငံတော် သမ္မတအဖြစ်နဲ့ အမေရိကန်နိုင်ငံကို စီးပွားရေးအရ ကူညီနိုင်ခဲ့ရုံသာ ကမ္ဘာအရပ်ရပ် ရှိ ပြသာနာရပ်များကိုပါ ဖြေရှင်းနိုင်ခဲ့သည် သူအဖြစ် မှတ်ကျောက်တင်ခံရသည်။ ရော်နယ်ဟာ အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတတဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူတာဝန် ထမ်းဆောင်ချိန်တွင် ၆၉ နှစ်ရှိနေလေပြီ။နှစ် ရှိနေလေပြီ။ ၁၉၈၁ ခုနှစ် မတ်လ ၃၀ တွင် ဟိုတယ်မှ အထွက်တွင် သေနတ်ဖြင့် လုပ်ကြံခံရသည်။ သေနတ်ကျည်ဆံသည် အဆုတ်သို့ ထိသွားပြီး နှလုံးသို့ရောက်ရန် တလက်မ အကွာသာ လိုသည်ဟုလည်း ခွဲစိတ်ဆရာဝန်က ပြောကြားခဲ့သည်။ ထိုအဖြစ်ကို ရော်နယ်မှ ဘုရားသခင်က သူအား သည်ထက် ပိုပြီး ကောင်းမွန်သောအလုပ်များကိုလုပ်စေချင်သဖြင့် သူ့အသက်ကို ချမ်းသာပေးကြောင်းလည်း ယုံကြည်ခဲ့သည်။ ၁၉၈၄ ရွေးကောက်ပွဲတွင် ရော်နယ်သည် သူ၏ပြိုင်ဘက်မွေးဖွားရာ ပြည်နယ်တခုမှလွဲပြီး ကျန်ပြည်နယ်အားလုံးတွင် သူ၏ ရီပက်ပလစ်ကန်ပါတီက အနိုင်ရခဲ့သည်။ အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော အောင်မြင်မူတခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ရော်နယ်သည် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပြီး ထိုခေတ်က တန်ခိုးထွားခဲ့သော ဆိုဗီယက်ယူနီယံကိုလည်း[[ဆိုဗီယက်ယူနီယံ]]ကိုလည်း Evil Empire ဟု ပြောကြားခဲ့သည်။ ရော်နယ်ရေဂင်သည် ဟာသဉာဏ်ရှိသူ တဦးဖြစ်ပြီး သူမိန့်ခွန်းပြောတိုင်း ရယ်စရာတပုဒ်ကို ထည့်မြဲထည့်တတ်သည်။
 
== ကျန်းမာရေး ==
ရော်နယ်ရေဂင်သည် ကျန်းမာရေးကောင်းသူတစ်ဦး ဖြစ်သော်လည်း သူသည်( Alzheimer) အသက်ကြီးလျှင် ဦးနှောက်၏မှတ်ဉာဏ်များကိုမေ့ပစ်စေသော ရောဂါမျိုးကို ခံစားနေရသည်။ သို့သော်လည်း သူ၏ သမ္မတသက်တမ်း နှစ်ခေါက်လုံးတွင် မမေ့မလျော့ပဲ ကောင်းမွန်စွာနိုင်ငံကို အုပ်ချုပ်နိုင်ခဲ့သည်။ သူ၏ ရောဂါသည် သမ္မတမှ အနားယူပြီးမှ တဖြည်းဖြည်းစလာ ခြင်းဖြစ်သည်။ လူတော်တော်များများကိုလည်း မမှတ်မိတော့ပေ။ သို့သော် သူ၏ ဇနီးNancy ကိုတော့ မမေ့ပေ။ ရော်နယ်သည် ကောင်းမွန်စွာဖြင့် အားကစားများကို လိုက်စားခဲ့သေးသည်။ အားလပ်ချိန်တွင် ဂေါက်သီးများကိုပါ ရိုက်လိုက်သေးသည်။ သို့သော် ၈၉ လောက်တွင် ရောဂါမှ ပိုဆိုးလာသဖြင့် အိမ်ပြင်သို့ မထွက်တော့ပဲ အနားယူရင်း အသက် ၉၃ တွင် ကွယ်လွန်ခဲ့သည်။