မံမီရုပ်ကလာပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၂ -
ရှေးအီဂျစ်လူမျိုးတို့သည် မံမီရုပ်ကလာပ် ပြုလုပ်ရာ၌ နည်းပေါင်းများစွာကို အသုံးပြုခဲ့ကြသည့်အနက် ယခုအခါ နည်းအချို့ကိုသာ စုံစမ်းသိရှိရသည်။ အကြမ်းအားဖြင့် မံမီရုပ်ကလာပ် ပြုလုပ်စီရင်ပုံမှာ ရှေးဦးစွာ လူသေရုပ်အလောင်းမှ [[ဦးနှောက်]]နှင့် အူများကို ထုတ်ပစ်သည်။ ထိုနောက် ပူစပ်မွှေးကြိုင်သော သစ်ခေါက်သစ်မြစ်များ၊ သစ်ပင်မှရသော အစေးများ စသော ရုပ်အလောင်းကို မပုပ်မသိုးအောင် ထိန်းသိမ်းပေးနိုင်သည့် ဆေးဖက်များဖြင့် စီမံထားသော အရည်တွင်ဖြစ်စေ၊ တခါတရံ ပျားရည်တွင်ဖြစ်စေ ရက်ပေါင်း ၇၀ မျှစိမ်ထားသည်။ ထိုနောက် ရုပ်အလောင်းကို ခြောက်သွေ့အောင် စီမံပြန်သည်။ ကိုယ်တွင်းသို့လည်း တတ်နိုင်သမျှ ရုပ်မပျက်ပဲ ဖောင်းကြွနေအောင် အခြားဆေးဖက်များကို လိုသည့်နေရာ၌ သွတ်သွင်းပေးသည်။ တခါတရံ မျက်လုံးအတုများကိုပင် တပ်ဆင်ပေးလေ့ ရှိသည်။ ထိုနောက် လိုင်နင်အဝတ်ဖြင့် တကိုယ်လုံးကို သေသပ်စွာ အထပ်ထပ် ရစ်ပတ်ပေးပြီးလျှင် လှပစွာ ရေးခြယ်ထွင်းထု အထပ်ထပ် ပြုလုပ်ထားသော ခေါင်းများတွင်ထည့်ကာ မြှုပ်နှံလေသည်။
 
ထောင်ပေါင်းများစွာသော မံမီရုပ်ကလာပ်များကို အီဂျစ်နိုင်ငံမှ တူးဖော်ရရှိ၍ အချို့ကို [[လန်ဒန်မြို့]]နှင့် [[ကိုင်ရိုမြို့]]ရှိ ပြတိုက်များတွင် ပြသထားသည်ကို တွေ့နိုင်ပါသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>ျံသုု
 
 
== ကိုးကား ==