ကိလေသာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၇ -
 
=== မောဟ ===
မောဟ ဆိုသည်မှာ တွေဝေမိုက်မဲခြင်းကို ခေါ်သည်။ မောဟ၏ သဘောတရားကို အများစုမှာ သဘောမပေါက်ကြဘဲ ရောထွေးနေတတ်ကြသည်။ အဝိဇ္ဇာနှင့် မောဟ နှစ်ခုစလုံးသည် မသိခြင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကွဲပြားခြားနားသည်။ [[သစ္စာလေးပါး|သစ္စာ (၄) ပါး]]ကို မသိခြင်းသည် အဝိဇ္ဇာ ဖြစ်ပြီး ဒိဋ္ဌိနှင့် ဆက်နွယ်နေသည်။ မိမိလုပ်နေသော အလုပ်အပေါ်တွင် သတိမကပ်ဘဲ တွေဝေငေးငိုင်စွာ လုပ်နေခြင်း၊ မိမိလုပ်နေသော အလုပ်ကို ကုသိုလ် အကုသိုလ်ဟူ၍ ခွဲခြား မသိခြင်းသည် မောဟဖြစ်သည်။ သစ္စာမသိခြင်းလောက် အဆင့်မမြင့်ပေ။ သစ္စာမသိလျှင် သံသရာ လည်မည် မောဟများလျှင် အပယ်လားမည်ဟု ပြောဆိုလေ့ ရှိကြသည်။
 
အလှူလှူနေသော်လည်း မည်သို့ လှူသင့်သည်ကို မသိ၊ မိမိလှူသော အလှူမှ မည်သည့်ကုသိုလ်ရမည်ကို မသိဘဲ လှူနေခြင်းကို မောဟဖုံးလွှမ်းနေခြင်းဟု ဆိုသည်။ မောဟ၏ တွေဝေမှုတွင် ပြုမူချက်က ရှိနေပေမည်။ လှူလျှင် ကုသိုလ်ရမှန်း သိ၍ ကုသိုလ်ရအောင် လှူသော်လည်း ဤကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟု ဆုတောင်းခြင်းမျိုးတွင် အဝိဇ္ဇာ ပါဝင်သွားသည်။ ဒုက္ခသစ္စာကို မသိသဖြင့် သမုဒယသစ္စာကို လိုချင်ခြင်းပင် ဖြစ်သည်။