ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
Fixed typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃ -
အမျိုးအနွယ်တစ်ခုကို တိရစ္ဆာန်၊ သို့မဟုတ် အပင်တစ်မျိုးမျိုးသည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ဆင့်ကဲပြောင်းလဲခြင်း ကို အီဗော်လျူရှင်းဟုခေါ်သည်။ ထိုသို့ အမျိုးအနွယ်တစ်ခုမှ တစ်ခုသို့ အဆက်မပြတ် ပြောင်းလဲခြင်းကြောင့် ရှေးကရှိခဲဘူး သော တိရစ္ဆာန်၊ သို့မဟုတ် အပင်နှင့် ယခုအခါ ရှိနေသော တိရစ္ဆာန်၊ သို့မဟုတ် အပင်သည် မတူနိုင်တော့ချေ။
 
သိပ္ပံပညာရှင်အများရှိရာ တစ်ဦးနှင့်တစ်ဦး အီဗော်လျူရှင်းဖြစ်ရာ၌ ဖြစ်သည့်နည်းများတွင် အယူအဆချင်း ကွဲပြားကြသော်လည်း အီဗော်လျူရှင်း ဖြစ်လာကြသည်ဟု ဆိုရာတွင်မူ အငြင်းမပွားကြချေ။ အလွန်ရှေးကျသောအခါကပင် လူသည် တိရစ္ဆာန်နှင့်အပင်များကို အလှအပအတွက် ဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ ပြောင်းလဲယူခဲ့လေသည်။ ရှေးလူများကမူ သဘာဝကိုယ်တိုင်က တိရစ္ဆာန်နှင့် အပင်များကို ပြောင်းလဲပေးခဲ့သည်ဟု ယူဆခဲ့ကြ လေသည်။ ဘီစီ လေးရာစုနှစ်အတွင်းက နေထိုင်သွားခဲ့သော ဂရိလူမျိုး [[ဒဿနိကဗေဒ]] ပညာရှင်တစ်ဦးဖြစ်သည့် [[အယ်ရစ္စတိုတယ်]]က တန်းမြင့်သက်ရှိများသည် တန်းနိမ့် သက်ရှိများမှ အီဗော်လျူရှင်းဖြင့် ဖြစ်ပေါ်လာကြခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြခဲ့ဘူးကြောင်း ရှေးအကျဆုံး မှတ်တမ်းများ အရ သိရလေသည်။ သိရလေသည်
 
အီဗော်လျူရှင်းသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက် ရှိသည် ဟု မမျှော်လင့်နိုင်ချေ။ လူက တိရစ္ဆာန်ရိုင်း များကို ခိုင်းစေနိုင်မည့် တိရစ္ဆာန်များ အဖြစ်သို့ဖြစ်စေ၊ အပင်ရိုင်းများကို ဥယျာဉ်၊ သို့မဟုတ် ခြံစိုက် အပင်မျိုးအဖြစ်သို့ဖြစ်စေ ပြောင်းလဲယူခဲ့ သည်မှာ မှန်၏။ သို့သော် ထိုသို့ ပြောင်းလဲယူခြင်းမှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာညောင်းလေသည်။ ယေဘုယျ အီဗော်လျူရှင်းဖြစ်လာခြင်းမှာမူ နှစ်ပေါင်းသန်းပေါင်း များစွာပင် ကြာညောင်းလေသည်။
စာကြောင်း ၄၂ -
 
သိပ္ပံပညာရှင်များ အချင်းချင်း အငြင်းပွားရဆုံး အချက်များအနက် တစ်ချက်မှာ ပေါက်ဖွားလာသည့် တိရစ္ဆာန်၊ သို့မဟုတ် အပင်များတွင် ကွဲလွဲရသည့်အကြောင်းများနှင့် ထိုအကြောင်းများကြောင့် သက်ဆိုင်ရာ တိရစ္ဆာန်၊ သို့မဟုတ် အပင်များသို့ မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ရှိလာ
သည်ဆိုသော အချက် ဖြစ်သည်။ ဒါ
သည်ဆိုသော အချက် ဖြစ်သည်။ ဒါဝင် ချမှတ်ထားသော စနစ်အရဆိုလျှင် အကျိုးသက်ရောက်စေသော ကွဲလွဲချက် များသည် များသောအားဖြင့် အနည်းငယ်မျှသာ ရှိပြီးလျှင်၊ ထိုကွဲလွဲချက်များသည်လည်း မည်သည့်အကြောင်းကြောင့် ရှိလာသည်ဟုမပြောနိုင်ချေ။ ထိုနည်းဖြင့် တိရစ္ဆာန်တစ်ကောင်၊ သို့မဟုတ် အပင်တစ်ပင်သည် အခြား တိရစ္ဆာန်၊ သို့မဟုတ် အပင်များကဲ့သို့ မဟုတ်ဘဲ ကံအားလျော်စွာ ပြောင်းလဲချက်ကလေးများ ပါလာခြင်း ကြောင့် ကျန်တိရစ္ဆာန်များ၊ သို့မဟုတ် အပင်များထက် ပို၍ အသက်ရှည်နိုင်လေသည်။ ထိုပြောင်းလဲချက် ကလေးများကိုသာ သားသမီးများက အမွေဆက်ခံနိုင်ကြလျှင် ထိုအမွေဆက်ခံကြသော တိရစ္ဆာန်၊
သို့မဟုတ် အပင်များသည် အသက်ရှည်နိုင်ရန် ပို၍ အလားအလာ ရှိကြလေသည်။ သိပ္ပံပညာရှင်တစ်ဦးကမူ လေ့လာရရှိသောသွင်ပြင် လက္ခဏာကို အမွေဆက်ခံခြင်းကြောင့် ပြောင်းလဲချက်ကလေးများ ရှိသည်ဟု ဆိုသည်။ ထိုပညာရှင်၏ အယူအဆမှာ တိရစ္ဆာန်၊ သို့မဟုတ် အပင်က ယင်း အသက်ရှင်နေစဉ်အတွင်း
လေ့လာရရှိခဲ့ခြင်းကို သားသမီးများအား တစ်ဆင့် အမွေပေးခဲ့ခြင်းကြောင့် ပြောင်းလဲချက်ကလေးများ ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။ သာဓကအဖြစ် ဖော်ပြထားသည်မှာ အားကစား လိုက်စားသော မိဘက ကိုယ်အင်္ဂါတွင် အခြားကလေးများထက် သန်စွမ်းသောကလေးများကို မွေးဖွားစေနိုင်ခြင်းနှင့် ဉာဏ်ပညာနှင့် ပြည့်စုံသော မိဘက အခြားကလေးများထက် ပို၍ ဉာဏ်ပညာနှင့်ပြည့်စုံသော ကလေးများကို ပေါက်ဖွားစေနိုင်သကဲ့သို့ ဖြစ်သည်။ အခြားပညာရှင်တစ်ဦးကမူ ထိုအဆိုပြုချက်ကို လက်မခံနိုင်ဟု ဆိုပြီးလျှင် အထက်ဖော်ပြပါ ပညာရှင် ပြောဆိုသကဲ့သို့ ဖြစ်လာသည် ဆိုသည်မှာ အထောက်အထား မရှိဟု ဆိုသည်။ ဒုတိယပညာရှင်ပေးသော ဆင်ခြေကို ထင်ရှားစေရန် တရုတ်မများ၏ ခြေထောက်များကို သာဓက အဖြစ် ဖော်ပြလေသည်။ ထိုသို့ဖော်ပြရာတွင် တရုတ်မက ခြေထောက်များကိုသာ မပြုပြင်ဘဲထားလျှင် ထိုခြေထောက်များသည် မူမှန်အရွယ်အထိ ကြီးထွားလာနိုင်သည်ဟု ဖော်ပြသည်။ ထိုသို့ မူမှန်အရွယ်ထိ ကြီးထွားလာနိုင်သော ခြေထောက်များရှိသည့် တရုတ်မလေးကို နှစ်ရာပေါင်းများစွာက သေးငယ်အောင် တရုတ်မက မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အခြားအမှန်အရေးကြီးသော သီအိုရီတစ်ခုကို အခြားသိပ္ပံပညာတစ်ဦးက တင်ပြပြန်သည်။ သူ၏ တင်ပြချက်မှာ ပြောင်းလဲချက်များကို သဘာဝက အခွင့်ကောင်း ယူတတ်ခြင်းပင် ဖြစ်သည်။ ထိုပြောင်း လဲချက်သည် အခြား အတူမွေးဖွားလာသော တိရစ္ဆာန်များ၊ သို့မဟုတ် အပင်များနှင့်မတူဘဲ ထူးခြားသော ပြောင်းလဲမှုများ ရှိလာခြင်းကို သာဓကအဖြစ် ဖော်ပြထားသည်။ ထိုသာဓကမှာ တစ်ခါတစ်ရံတွင် တိရစ္ဆာန်များ၊ သို့မဟုတ် အပင်များ၌ တွေ့ရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လက်ချောင်းများ၌ ရှိနေကျ အဆစ် သုံးဆစ်အစား နှစ်ဆစ်သာ ပါလေ့ရှိကြောင်းကို ဖော်ပြသည်။ သို့မဟုတ် လက်ချောင်း၊ သို့မဟုတ်ခြေချောင်း ငါးချောင်းအစား
ခြေချောင်း ခြောက်ချောင်းပါလေ့ရှိသည်ကို ဖော်ပြသည်။ ထိုသို့ပြောင်းလဲချက်က ပြောင်းလဲလာသည့်တိရစ္ဆာန်၊ သို့မဟုတ် အပင်သစ်အဖို့ အဓိကအချက် ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်သည်ဟု ဆိုသည်။ ထိုပြောင်းလဲချက်က ပိုင်ဆိုင်သစ်အား အကျိုးပြုနိုင်လျှင်၊ ကျန်ကလေးများ ပျက်စီးကုန်သည့်တိုင်အောင် ထိုပြောင်းလဲချက် ရှိနေသော ကလေးသည် ကျန်ရစ်နိုင်ပေလိမ့်မည်။ ထိုကလေးမှတစ်ဆင့် အလားတူ အကျိုးပြုနိုင်သော အချက်ကို အမွေဆက်၍ ပေးနိုင်လျှင်
မျိုးစိတ်သစ်တစ်ခုပင် ဖြစ်ပေါ်လာနိုင် သည်ဟုဆိုသည်။ ထိုပြောင်းလဲချက်ကသာ ပိုင်ရှင်အား အကျိုးမပြုနိုင်လျှင် ပိုင်ရှင်သည် သေကြေ ပျက်စီး သွားနိုင်သည်ဟုဆိုသည်။
 
အီဗော်လျူရှင်းကို ဖြစ်စေသည်ဆိုသော အခြား အလားတူ သီအိုရီ အမြောက်အမြားလည်း ရှိသေးသည်။ သို့သော် ဖော်ပြခဲ့ပြီးဖြစ်သော အချက်အလက်များနှင့်ပင် သိပ္ပံပညာရှင် အချင်းချင်း အီဗော်လျူရှင်း ဖြစ်စေသည့် အကြောင်းပြချက်များတွင် ကွဲလွဲကြကြောင်းမှာ ထင်ရှားပေပြီ။ ထိုကြောင့် ဖော်ပြခဲ့ပြီးသော အချက်ကိုပင် တစ်ဖန်ပြန်၍ ဖော်ပြရလျှင် သက်ရှိများ အီဗော်လျူရှင်း ဖြစ်လာကြသည်ကို ဆိုရာတွင်မူ သဘောတူညီကြလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
==ကိုးကား==
<references/>