သုခေါဒယပြည်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၇၀ -
[[Category:Former countries in Thai history]]
 
သောက္ကတဲ(ဆူခိုထိုင်း)သည် ထိုင်းနိုင်ငံဟူ၍ဖြစ်လာမည့်မြေပေါ်တွင် ရှမ်းတို့၏ပထမဆုံးမြို့ပြနိုင်ငံဖြစ်သည်။ မွန်ဂိုတို့ကြောင့် နန်ချောင်နိုင်ငံပျက်စီးပြီးနောက် ရှမ်းတို့သည် တောင်ဖက်သို့အလုံးအရင်းဖြင့်ဆုတ်ခွာလာခဲ့သည်။ ရှိရင်းစွဲ ပရပထုံ၊ ဟရိဘုဉ္ဇ၊ ဒွာရာဝတီစသည့်မွန်မြို့ပြနိုင်ငံများကိုတိုက်ခိုက်သိမ်းယူပြီး သောက္ကတဲ၊ ဇင်းမယ်(လန်နာ)စသည့်နိုင်ငံများကိုထူထောင်ကြသည်။ မဂဒူးအမည်ရှိ သောက္ကတဲမင်း၏ သားမက်ဖြစ်သူ မွန်တစ်ယောက်သည် ဟံသာဝတီနိုင်ငံကိုထူထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင်ပုဂံနိုင်ငံတော်ပျက်စီးပြီးနောက် အင်းဝရှမ်းများနှင့်ဟံသာဝတီမွန်များအနှစ် ၄၀အင်းဝရှမ်းများနှင့်ဟံသာဝတီမွန် စစ်ဖြစ်ပွားနေချိန်တွင် သောက္ကတဲသည်အင်အားတောင့်တင်းခဲ့သည်။ သောက္ကတဲရှမ်းတို့သည် ဟံသာဝတီကိုမကြာခဏလာရောက်တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင်ထပ်မံပေါ်ထွန်းလာသော အယုဒ္ဂယက ပိုမိုအင်အားကြီးမားလာပြီးသောက္ကတဲကိုသိမ်းယူခဲ့သဖြင့် သောက္ကတဲခေတ်ကုန်ဆုံးခဲ့သည်။