ရိုဟင်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Remove red lunks
စာကြောင်း ၂၀ -
''"ရိုဟင်ဂျာ"''ဆိုသည့် အသုံးအနှုံး၏ မူလပေါ်ပေါက်လာပုံကို ငြင်းဆိုကြဆဲဖြစ်သည်။ ရိုဟင်ဂျာသမိုင်းပညာရှင်များထဲမှ ခလီလော ရာ့ဟ်မန်(Khalilur Rahman)သည် ရိုဟင်ဂျာ အမည်ဆင်းသက်လာခဲ့ခြင်း၏ အစမှာ[[အာရဘစ် ဘာသာ|အာရဘစ်]]စကားလုံးဖြစ်သည့် '''ရာ့ဟ်မာ'''('''သနားကရုဏာ''') ဆိုသည့် အဓိပ္ပါယ်သက်ရောက်ပြီး၊<ref name=chowdhury>{{harv|MA Chowdhury|1995|pp=7–8}}</ref> ၈ရာစုနှစ်တွင် ပျက်စီးခဲ့သည့် သင်္ဘောတစ်စီးဖြစ်ရပ်အပေါ် ပြောဆိုခြင်းဖြစ်သည်။ ရမ်းဗြဲကျွန်းအနီးတွင် အာရဘ် သင်္ဘောတစ်စီးပျက်စီးနစ်မြုတ်ပြီးနောက်ပိုင်း၊ အာရဘ်ကုန်သည်များအားလုံးကို ရခိုင်ဘုရင်မင်းမှ သုတ်သင်ရှင်းလင်းရန် မှာကြားခဲ့သည်ဟုဆိုသည်။ ကြောက်လန့်နေသည့် ကုန်သည်များမှ '''ရာ့ဟ်မာ'''('''သနားကရုဏာ''')ပြုပါဟု၍ အော်ကြပြီးနောက်ပိုင်း၊ ၎င်းတို့ကို ရာဟမ် များဟု၍ ရခိုင်တို့မှ ခေါ်ကြသည်။ ခေတ်အဆက်ဆက် ရာဟမ် မှ ရိုဟမ် နှင့် နောက်ဆုံးတွင် ရိုဟင်ဂျာသို့ ပြောင်းလည်းသွားခြင်းဖြစ်သည်ဟုဆိုသည်။<ref name=chowdhury /><ref>{{harv|Khin Maung Saw|1993|pp=93}}</ref> သို့သော် ရခိုင်မူစလင်ဆွေးနွေးဖလှယ်ပွဲ အတွင်းရေးမှုးနှင့် သမ္မတဟောင်းဖြစ်သူ ဂျာဟီရူဒင် အာဟ်မဒ် နှင့် နာဇယ်အာဟ်မဒ် တို့မှ ၎င်းအဆိုကို ငြင်းဆိုပြီး၊<ref name=chowdhury /> သင်္ဘောပျက်မှ အာရဘ်ကုန်သည် မူစလင်များကို "သဗ္ဗူကျ" ဟု ယခုခေါ်ဆိုလျက်ရှိပြီး၊ လက်ရှိတွင် ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် နေထိုင်ကြသူများဟု ဆိုသည်။ အကယ်၍ ရိုဟင်ဂျာစကားလုံးသည် ထိုကုန်သည်များမှ ဆင်းသက်လာသည်ဆိုပါက၊ "သဗ္ဗူကျ"များသည် ပထမဦးဆုံး ရိုဟင်ဂျာများသာ ဖြစ်ပါလိမ့်မည်ဟုဆိုသည်။ ၎င်းတို့မှ ရိုဟင်ဂျာများသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ရုဟာလူမျိုးမှ ဆင်းသက်လာသူများဖြစ်သည်ဟုဆိုသည်<ref name=chowdhury />။ သမိုင်းပညာရှင်နောက်တစ်ယောက်ဖြစ်သူ MA Chowdhury မှ မြန်မာနိုင်ငံရှိ မူစလင်လူဦးရေ အကြားတွင် 'မရိုဟောင်း' (ရှေးရခိုင်ဘုရင်) ဆိုသည့်စကားလုံးသည် ရိုဟန်းဟူ၍ ပြောင်းလည်းသွားခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ထိုနေရာမှ လာသူများကို ရိုဟင်ဂျာဟု ခေါ်ဆိုခြင်းဟုဆိုသည်။<ref name=chowdhury />
=== ၁၈ရာစုတွင် စတင်အသုံးပြုဟု ===
သို့သော် ရခိုင်သမိုင်းကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂျကွေ့ပီလိန်ဒါမှ ''ရိုအင်ဂါ''ဆိုသည့် အသုံးအနှုံးကို ဗြိတိသျှ ဆေးဆရာဝန်[[ဖရန်စစ် ဘူချာနန်-ဟာမီလ်တန်]]မှ (၁၈)ရာစု နောက်ပိုင်းတွင် အသုံးပြုခဲ့ခြင်းရှိသည်။<ref name="leider_arakan">{{cite news| last=Leider | first=Jacques P.| title=Interview: History Behind Arakan State Conflict | url=http://www.irrawaddy.org/archives/8642|accessdate=9 July 2012 | work=[[The Irrawaddy]] | date=July 9, 2012}}</ref> သူ၏ '''၁၇၉၉ ခုနှစ်ထုတ် ဗမာအင်ပါယာတွင် သုံးနှုံးပြောဆိုခဲ့ကြသည့် ဘာသာစကားများမှ စကားလုံးဝေါဟာရများ''' ဆိုသည့် စာတမ်းတွင် ဘူချာနန် ဟာလ်မီတန်မှ''ကျွန်တော်အခု ဘာသာသုံးခုထပ်မံထည့်လိုက်ပါတယ်၊ ဗမာအင်ပါယာ လက်ထပ်မှာ အသုံးပြုသည့်စကားများဖြစ်သော်လည်း၊ ဟိန္ဒူဘာသာစကားမှ ဆင်းသက်လာတဲ့ စကားမျိုးနွယ်တွေဖြစ်ပါတယ်။ ပထမဘာသာမှာ ရခိုင်တွင် ကြာမြင့်စွာ နေထိုင်ခဲ့ကြတဲ့ မိုဟာမဒ္ဒန်တွေ သုံးတဲ့စကားဖြစ်ပြီး၊ သူတို့ကိုသူတို့ ရိုအင်ဂါလို့ ခေါ်ဆိုကြပြီး၊ ရခိုင်ပြည်နယ်ရဲ့ မူရင်းလူမျိုးများဖြစ်ပါတယ်'' <ref name="buchanan_burma">{{cite journal|last=Buchanan-Hamilton|first=Francis|title=A Comparative Vocabulary of Some of the Languages Spoken in the Burma Empire|journal=Asiatic Researches|year=1799|volume=5|pages=219-240|url=http://www.soas.ac.uk/sbbr/editions/file64276.pdf|accessdate=9 July 2012|author=Francis Buchanan-Hamilton|authorlink=Francis Buchanan-Hamilton|publisher=[[The Asiatic Society]]}}</ref> လိဒ္ဒါမှ ထိုစကားလုံး၏ အဓိပ္ပါယ်မှာ နိုင်ငံရေးနှင့် လုံးဝသက်ဆိုင်သည့် စကားလုံးမဟုတ်ဘဲ၊ ၂၀ ရာစုခေါတ်က ကိုယ်မည်သူမည်ဝါဖြစ်သည်ကို နိုင်ငံရေးကိစ္စများတွင် ဖော်ပြနိုင်ရန် အသုံးပြုကြခြင်းဖြစ်သည်ဟုဆိုသည်။ ၁၉၅၀မှ စ၍ အဘယ့်ကြောင့် စတင်အသုံးပြုခဲ့သနည်းဆိုသည် မေးခွန်း၏အဖြေမှာ၊ ထိုလူများမှ အမည်ကို အသုံးပြု၍ ကိုယ်မည်သူမည်ဝါဖြစ်သည်ကို အသိအမှတ်ပြုကြစေရန် အသုံးပြုခဲ့ခြင်းဖြစ်ပေမည်။"<ref name="leider_arakan"/>
=== ၁၉၅၀မတိုင်မီတွင် သုံးနှုံးမှုမရှိခြင်း ===
မြန်မာ့သမိုင်းပညာရှင်များဖြစ်သည့် ဦးခင်မောင်စောမှ ရိုဟင်ဂျာဆိုသည့် စကားလုံးသည် ၁၉၅၀ မတိုင်မီတွင် လုံးဝဖော်ပြခြင်းမျိုးမရှိခဲ့ဟုဆိုသည်။<ref>{{harv|Khin Maung Saw|1993|p=90}}</ref> သမိုင်းပညာရှင် ဒေါက်တာမောင်မောင် မှ ၁၈၂၄ခုနှစ်တွင် ဗြိတိသျှတို့မှ လူမျိုးစစ်တမ်းကောက်ယူခဲ့ရာတွင် ရိုဟင်ဂျာအသုံးအနှုံး မပါရှိခဲ့ဟုဆိုသည်။<ref>{{cite web | url=http://www.irrawaddy.org/archives/6933 | title=Why is Western Burma Burning? | publisher=The Irrawaddy | accessdate=July 26, 2012 | author=KYAW ZWA MOE}}</ref>[[အပြည်ပြည်ဆိုင်ရာ သင်ကြားလေ့လာရေး ကန်ဒါသက္ကသိုလ်]]မှ သမိုင်းပညာရှင် အေးချမ်းမှ ရိုဟင်ဂျာဆိုသည့် စကားလုံးသည် ဘင်္ဂလီလူမျိုးများမှ ဆင်းသက်လာသူများဖြစ်ပြီး၊ ၁၉၅၀ခုနှစ်နှောင်းပိုင်းများတွင် ကိုလိုနီလက်ထက် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်လာကြသူများဟုဆိုသည်။ ၁၉၅၀အစောပိုင်းကာလများတွင် ဘာသာစကားပေါင်းစုံများတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုံးကိုမူ လုံးဝမတွေ့ရှိနိုင်ဟု ထပ်မံငြင်းဆိုခဲ့သူဖြစ်သည်။ ထိုသို့ စကားလုံးအသုံးအနှုံး မတွေ့ရှိခြင်းကိုမူတည်၍ ၁၈၂၄ခုနှစ်မတိုင်မီကာလများ၌ မြန်မာနိုင်ငံတွင် မူစလင်များမရှိခဲ့ဟု ဆိုလို၍မရဟုဆိုသည်။
စာကြောင်း ၃၆ -
 
=== မြန်မာတိုင်းရင်းသား မဟုတ်ဟု ငြင်းဆိုကြခြင်း ===
[[အေဒီ]] ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်က ကောင်းမွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် [[ကမန်လူမျိုး]]တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ဝင်ရောက်လာသော [[အစ္စလာမ်]]ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ [[ဘင်္ဂါလီ]]များသာ ဖြစ်သည်။
 
၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,ဝ၀ဝ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀ဝ-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း [[ဒုတိယ ကမ္ဘာစစ်]]ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် [[ကုလား-ရခိုင်အဓိကရုဏ်း]] ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂျ်ပူသို့ထွက်ပြေးခဲ့ကြရ သည်။
စာကြောင်း ၆၈ -
== လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှင့် ဒုက္ခသည်များ ==
 
[[File:Rohingya.jpg|thumb|ထိုင်းသို့ သဗ္ဗာန်ဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်]][[Amnesty International]]၏ ထုတ်ပြန်ချက်အရ မူစလင် ရိုဟင်ဂျာများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်တွင် ၁၉၇၈ ခုနှစ်မှ စ၍ ဆက်လက် ခံစားနေကြရပြီး၊ အနီးနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းလျှောင်ရကြရသည်။<ref>[http://web.archive.org/web/20040626110358/http://web.amnesty.org/library/Index/ENGASA160052004?open&of=ENG-MMR Myanmar - The Rohingya Minority: Fundamental Rights Denied], [[Amnesty International]], 2004.</ref>
 
"ရိုဟင်ဂျာများ၏ လွတ်လပ်စွာသွားလာခွင့်ကို ထိမ်းချုပ်ထားမှုများရှိပြီး၊ အများအားဖြင့် မြန်မာနိုင်ငံသားခံယူခွင့်မရရှိခြေ။ ၄င်းတို့သည် မသမာမှုများ နှင့် မတရားကောက်ခံသော အခွန်ငွေများပေးဆောင်ရခြင်း၊ အိမ်များဖျက်စီးခံရခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ပြုရန် ငွေကြေးများကန့်သက်ထားခြင်းတို့ရှိသည်။ ရိုဟင်ဂျာများအား ဆက်လက်၍ လမ်းများ၊ စစ်တပ်စခန်းများ ဆောက်လုပ်ရာတွင် အဓၶမအလုပ်စေခိုင်းခံရခြင်းတို့ရှိသော်လည်း၊ ရခိုင်မြောက်ပိုင်းတွင်မူ လွန်ခဲ့သည့် ဆယ်စုနစ်အတွင်း အဓၶမ အလုပ်စေခိုန်းမှုမှာ လျှော့နည်းလာခဲ့သည်။ "{{Citation needed|reason=အင်္ဂလိပ်မှ ဘာသာပြန်ထားသော်လည်း ဘယ်က သယ်လာမှန်းမသိ။}}