ဒန့်သလွန်: တည်းဖြတ်မှု မူကွဲများ

Removing "Oleifera_Fruits.jpg", it has been deleted from Commons by Hystrix because: No permission since 17 January 2016.
စာကြောင်း ၂၀ -
ဒန့်သလွန်ပင် တစ်ပင်လုံးဟာ လွှင့်ပစ်စရာမရှိအောင်ကို အဖိုးတန်လှ ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။
 
 
[[File:Oleifera Fruits.jpg|thumb|right|ဒန့်သလွန် အသီးနှင့် အစေ့]]
ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။ ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။