Britpop: တည်းဖြတ်မှု မူကွဲများ

"Britpop Britpopသည် rock နှင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၀၂၊ ၂၉ ဇန်နဝါရီ ၂၀၁၆ ရက်နေ့က မူ

Britpop

Britpopသည် rock နှင့် pop ဂီတ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး အင်္ဂလန်မှ စတင်ခဲ့သည်။ britpopသည် ၁၉၉၀အစောပိုင်းတွင် British independent music မှ ပေါ်ထွက်လာခဲ့ပြီး တီးဝိုင်းများ သည် ၁၉၆၀နှင့် ၁၉၇၀ ၏ British guitar pop music ၊ ၁၉၈၀မှ indie rockတို့ဖြင့် လွှမ်းမိုးထားသည်။ အထူးသဖြင့် The Smiths ဖြစ်သည်။ Britpop သည် တီးဝိုင်းများအပေါ်အာရုံစိုက် ထားသည်မှာ သီချင်းဆိုရာတွင် ဗြိတိန်ဝဲသံနှင့် ဗြိတိန်နေရာများ၊ ဗြိတိန်ယဉ်ကျေးမှုများကို ကိုးကား ထားသည်။ ၁၉၈၀နှင့် နောက်ပိုင်းနှင့် ၁၉၉၀အစောပိုင်းတွင် ဂီတဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဦးတည်ရာများကို ဆန့်ကျင်လျက် တုံပြန့်မှုအဖြစ် လှုပ်ရှားမှုတစ်ခု ဖွံ့ဖြိုးလာခဲ့သည်။ အထူးသဖြင့် အမေရိကန်မှ ထူးခြားဆန်းကျယ်သော grunge ဖြစ်သည်။ အင်္ဂလန်မှ အမေရိကန်grunge တီးဝိုင်းများထဲမှ ဂီတဆိုင်ရာကျူးကျော်မှုတွင် new british group ဖြစ်သော Suedeနှင့် Blur တီးဝိုင်းတို့သည် ဂီတဆိုင်ရာအနိုင်အထက်ပြုလုပ်ခြင်းကို ဆန့်ကျင်သောအားဖြင့် လှုပ်ရှားမှု စတင်ခဲ့သည်။ အတိတ်၏ British music ကို ကိုးကားခြင်းနှင့် ဗြိတိန်ဆိုင်ရာခေါင်းစဉ်များနှင့် အကြောင်းအရာများရေးသားခဲ့ကြသည်။ ထိုတီးဝိုင်းများသည် မကြာခင် Oasis, The Verve, Pulp, Placebo, Supergrass, Cast, Space, Sleeperနှင့် Elastica တို့နှင့် ဆက်သွယ်ခဲ့သည်။ Britpop အုပ်စုသည် british alternative rock ကို mainstream ထဲသို့ ယူဆောင်ခဲ့သည်။ Cool Britannia ဟုခေါ်သော Backbone of a lager British Cultural movementကို ပုံသွင်းခဲ့သည်။ ၁၉၉၇တွင် လှုပ်ရှားမှုသည် နှေးကွေးလာပြီး ဖျော်ဖြေတင်ဆက်မှုများ စတင်၍ တုံဆိုင်းကာ ပြိုကွဲခဲ့သည်။ လူကြိုက်များသော တီးဝိုင်းများသည် နိုင်ငံရပ်ခြားအထိ ကျယ်ပြန့် အောင်မြင်ခဲ့သော်လည်း (အထူး သဖြင့် အမေရိကန်အထိ) ဆယ်စုနှစ်အဆုံးတွင် လှုပ်ရှားမှုသည် ကြီးမားစွာ ကျရှုံးခဲ့သည်။

ပုံစံ၊ဇစ်မြစ်နှင့် လွှမ်းမိုးမှုများ

အထူးသဖြင့် လှုပ်ရှားခဲ့သည့် အမျိုးအစားများမှာ british invasion၊ glam rockနှင့် punk rock တို့ဖြစ်သည်။ Blur နှင့် Oasis သည် The Kinks နှင့်The Beatles တို့ဖြင့် လွှမ်းမိုးခဲ့သည်။ ၁၉၈၀မှ Alternative rock ဖျော်ဖြေတင်ဆက်မှုများနှင့် ၁၉၉၀အစောပိုင်း indie ပုံရိပ်များသည် Britpop movement အတွက် ဘိုးဘေးဘီဘင်ဖြစ်လာခဲ့သည်။ The Smiths (English rock bands) ၏လွှမ်းမိုးမှုသည် Britpop အနုပညာရှင်အများစုနှင့် သက်ဆိုင်လာခဲ့သည်။ madxhester အဖြစ်အပျက်သည် The Stone Roses, Happy Mondays နှင့် Inspiral Carpets နှင့် ရင်ဆိုင်စေခဲ့သည်။ ဤအဖြစ်အပျက်သည် Britpop တွင် အမြစ်တွယ်ခဲ့သည်။ Britpop အုပ်စုများ သည် solo အနုပညာရှင်ထက်တီးဝိုင်းများအပေါ် အာရုံစိုက်ခြင်းအနက် အဓိပ္ပါ္ပယ်ဖွင့်ခြင်းခံရသည်။ ဟန်ပန်သဘောအရ Britpop တီးဝိုင်းများသည် နားဝင်ချို၍မှတ်မိလွယ်သော တေးသွားများတွင် မှီခိုအားထားပြီး စာသားများမှာ သူတို့၏မျိုးဆက်ထဲမှ ဗြိတိန်လူငယ်များအတွက် ရည်ရွယ်သည်။ Oasis မှ Noel Gallagher သည် Ride တီးဝိုင်းရပ်တည်ကာကွယ်ပေးခဲ့သည်။ Noel Gallagher က ၁၉၉၆ interview တွင် Nirvana မှ Kurt Cobain သည် သီချင်းရေးဆရာဖြစ်ပြီး လွန်ခဲ့သော ဆယ်စု နှစ်လုံးလုံးလေးစားခြင်းခံခဲ့ရသည်။ ဥပမာအားဖြင့် Loaded magazine နှင့် lad culture တွင် ယေဘုယျအားဖြင့် britpopခေတ်ဖြစ်ခဲ့သည်။Union Jack (Union Flag) သည်လှုပ်ရှားမှု၏ အရေးပါသော သင်္ကေတဖြစ် လာခဲ့သည်။ ဤအလံသည် နိုင်ငံချစ်စိတ်နှင့် သိက္ခာအတွက် သင်္ကေတဖြစ်လာခဲ့သည်။ ဗြိတိန်အတွက် အလေးထားကိုးကားခြင်းသည် ဤအမျိုးအစားအတွက် အမေရိကန်တွင် အောင်မြင်မှုရရှိရန် အခက်အခဲဖြစ်လာခဲ့သည်။

မူရင်းအစနှင့် ပထမနှစ်များ

Britpo၏ မသလအစသည် ၁၉၉၀အစောပိုင်းတွင် indie ဖြစ်ရပ်တွင် တည်ရှိသည်။ အထူးသဖြင့် London Camden Town မှ တီးဝိုင်းအုပ်စုများပါဝင်သည်။ Melody Marker rock ဂီတသတင်းစာမှ “The Scene That Celebrates Itself” တွင် ပါဝင်သည်။ဤဖြစ်ရပ်မှ အဖွဲ့အ၀င်အ ချို့( Blur, Lush, Suede)သည် Britpop ကိုဦးဆောင်၍ တီးကြသည်။ အမေရိကန်မှ grunge ဂီတချဲ့ထွင်ခြင်းကို လွှမ်းမိုးနိုင်ခဲ့သည်။ သတင်းစာဆရာ John Harris က ၁၉၉၂နွေဦးတွင် Blur၏ Pop scene နှင့် Suede၏ The Drowners ဖြန့်ချီချိန်တွင် Britpopစတင်ခဲ့သည်ဟုဆိုသည်။ Suede ၏ self-titled albumသည် UK၏ သမိုင်းကြောင်းတွင် အရောင်းရဆုံး album ဖြစ်လာခဲ့သည်။ ၁၉၉၃ ဧပြီ Select မဂ္ဂဇင်းတွင် Suede၏ ဦးဆောင် အဆိုတော် Brett Anderson ကို cover အဖြစ်နှင့် Yanks go home ဟူသော ဆောင်းပါးပါရှိသည်။ ထိုဆောင်းပါးတွင် Suede, The Auteurs, Denim, Saint Etienne နှင့် Pulp တို့ပါဝင်သည်။ Blur သည် shoegazing နှင့် baggy ၏ အစိတ်အပိုင်းများကို ရောနှောခဲ့သည်။ သူတို့၏ ဒုတိယ album Modern Life is Rubbish (၁၉၉၃)တွင် ဗြိတိန်သုခမမူဟန်ကို တွေ့ရှိရသည်။ Blur တီးဝိုင်းသည် ၁၉၉၂နွေဦးတွင် အမေရိကန်၌ သူတို့၏ tour ကို ကျင်းပခဲ့သည်။ ထို tourတွင် blurမှ Lead singer Damon Abarn က အမေရိကန်ယဉ်ကျေးမှုကို နာကျဉ်းစေရန် ပြောကြားခဲ့သည်။ Suedeနှင့် Elastica မှ leader Justine Frishmannသည် လူတွေက အမေရိကန်ဂီတကို အလွန်စိတ်ဝင်စားကြပါတယ်။ ဗြိတိန်နှင့် ပတ်သက်၍ အများသိအောင် ကြေညာသင့်ပါတယ်” ဟုဆိုသည်။ Blur၏တတိမြောက် album “Parklife” သည် ၁၉၉၄တွင် အင်္ဂလန်တွင် အကျော်ကြားဆုံးဖြစ် လာခဲ့သည်။ Parklife သည် ယခင်ဗြိတိန်၏ သဘာဝကို ရှေ့ဆက်စေခဲ့သည်။ British alternative rock သည် grunge ၏လွှမ်းမိုမှုကို ပြန်လည်င်္၍ ရောက်ရှိလာသည်။ ထိုနှစ်အတွင်းတွင် Oasis album “ Definitely Maybe” ကို ဖြန့်ချီခဲ့သည်။ Suede ၏ အရောင်းရဆုံး album ကို ရိုက်ခတ်စေခဲ့သည်။ ထိုရွေ့လျားမှုကို Britpop ဟူ အမည် ခေါ်ခဲ့သည်။ Britpop ကို ၁၉၈၀နောက်ပိုင်းတွင် အသုံးပြုခဲ့သည်။ Britpop သည် Britart အသုံးအနှုန်းနှင့်အတူ မြငှ့်တက်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ၁၉၉၄တွင် ကျော်ကြားလာခဲ့သည်။ music press နှင့် radio Dj တို့မှ ကျယ်ပြန့်စွာ ချဲ့ထွင်လာခဲ့သည်။ ထိုလုပ်ရှားမှုနှင့်အတူ အလောကြီးသော တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ ၁၉၉၅အစတွင် Britpop တီးဝိုင်းများဖြစ်သည့် Sleepers, Supergrassနှင့် Menswear တို့သည် pop hit ဖြစ်လာခဲ့သည်။ Elastica သည် မတ်လတွင် Elastica album ကို ဖြန့်ချီခဲ့သည်။ ပထမအပတ်တွင် Definitely Maybe ထက်သာလွန်ခဲ့သည်။ The Music Press က Camden Town သည် ဂီတဆိုင်ရာနေရာတစ်ခုဖြစ်လာ ခဲ့သည်။ Britpop အုပ်စုများဖြစ်သော Blur, Elastica,Menswear, Melody Markerတို့စိုးမိုးခဲ့သည်။ Camden ၁၉၉၅နှင့် Seattleသည် ၁၉၉၂၊ Manchesterသည် ၁၉၈၉နှင့် Mr Bobby သည် ၁၉၉၃ဖြစ်သည်။

အောင်မြင်မှုထိပ်ဆုံး

Blurနှင့် Oasis သည် ၁၉၉၅တွင် Britpop ကိုယူဆောင်လာနိုင်ခဲ့သည်။တီးဝိုင်းများသည် ချီးမွန်းခံရသော်လည်း ထိုနှစ်ခုတိုးတက်မှုကြားတွင် ပဋိပက္ခဖြစ်လာခဲ့သည်။မီဒီယာဖြင့် လှုံဆော်အားပေးခဲ့သည်။ Oasis၏ Roll with it နှင့်Blur ၏ country house သီချင်းတို့ဖြန့်ချီမှုနှင့် အတူ NME၏ British Heavyweight Championship နှင့်cover ဖြစ်လာခဲ့သည်။ Oasis သည် အင်္ဂလန်မြောက်ပိုင်းနှင့် Blur သည် တောင်ပိုင်းကို ကိုယ်စားပြုသည်။ အဖြစ်အပျက်သည် သတင်း များ၊ tabloid နှင့် BBCသတင်းတို့မှတစ်ဆင့် မီဒီယာတို့၏အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ Blurသည် အချပ်ရေ ၂၇၄၀၀၀နှင့် Oasisသည် ၂၁၆၀၀၀ရောင်းချနိုင်ခဲ့ပြီး သီချင်းစရင်းတွင်နံပါတ် ၁နှင့် နံပါတ်၂နေရာသို့ အသီးသီးရောက်ရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ Oasisသည် စီးပွားရေးအရ blurထက်ပို၍ အောင်မြင်ခဲ့သည်။Oasis သည် အမေရိကန်တွင် အောင်မြင်ခဲ့သည်။ Oasis ၏ဒုတိယ album( What’s the story) Morning Glory? (၁၉၉၅) သည် UKတွင် အချပ်ရေ ၄သန်းကျော်ရောင်း ချနိုင်ခဲ့ပြီး ဗြိတိန်သမိုင်းတွင် တတိယမြောက်အရောင်းရဆုံးဖြစ်လာခဲ့သည်။ ၁၉၉၆နွေရာသီတွင် Oasis သည်ထင်ရှားလာခဲ့သည်။ ၁၉၉၆သြဂုတ်၁၀ရက်နေ့တွင် Oasisသည် Knebworth ၌ နှစ်ညတီးခတ်ခဲ့ပြီး ပရိတ်သတ် ၂၅၀၀၀၀ရရှိခဲ့သည်။ သတင်းစာဆရာသည် အကြီးမားဆုံး Britpop ဖျော်ဖြေမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကျဆင်းခြင်း

Oasis၏တတိယမြောက် album “Be Here Now” (၁၉၉၇)တွင် ထွက်ရှိခဲ့သည်။ ရောင်းအားမြင့်မားခဲ့ပြီး ကြီးမားစွာဝေဖန်ခဲ့ကြသည်။ ဂီတဝေဖန်ရေးသမား Jon Savage က Be Here Now သည် Britpop လှုပ်ရှားမှု အဆုံးသတ်ဖြစ်သည်ဟု ဆိုသည်။ ဂီတသမား Graham Coxon က Blur သည် သူတို့၏ Parklife မှ အဝေးသို့ရောက်ရှိခဲ့ပါတယ်။ သူတို့၏ ဂီတသည် American lo-fi လွှမ်းမိုးခဲ့သည်။ Album က NMEတွင် ၁၉၉၇ဇန်န၀ါရီလတွင်ရှင်းပြထားသည်မှာ ကျွန်တော်တို့သည် ဗြိတိန်တီးဝိုင်းများနှင့်ပတ်သက်၍ လှုပ်ရှားမှုကို ဖန်တီးနိုင်ခဲ့သည်။ ဒါဟာ ကျွန်တော်တို့အတွက် နေရာတစ်ခုဖြစ်ပါတယ်။ လှုပ်ရှားမှုနှေးကွေးလာသကဲ့သို့ ဖျော်ဖြေတင်ဆက်မှုများ ပြိုကွဲခဲ့သည်။ pop အုပ်စု Spice Girls သည် ၏ ကျော်ကြားမှုသည် Britpop အတွက် တာဝန်ရှိလာခဲ့သည်။ ရုန်းကန်နေစဉ်တွင် Radiohead နှင့် The Vere တီးဝိုင်းတို့အာရုံစိုက်လာခဲ့သည်။ အထူးသဖြင့် Radiohead သည် အစောပိုင်း Britpop ဖျော်ဖြေမှုများကို လွှမ်းမိုးခဲ့သည်။ ၁၉၉၇တွင် Radiohead နှင့် The Verve သူတို့၏ OK Computer နှင့် Urban Hymns ကို ဖြန့်ချီခဲ့သည်။ နှစ်ခုစလုံးသည် ချီးကျူးခံခဲ့ရသည်။ post-Britpopတီးဝိုင်းများဖြစ်သည့် Travis, Stereophonicနှင့် Coldplay တို့သည် Britpopလွှမ်းမိုးမှု များ လွှမ်းမိုးခဲ့သည်။ အထူးသဖြင့် Oasis ဖြစ်သည်။ သူတို့သည် ၁၉၉၈နောက်ပိုင်းနှင့် ၂၀၀၀အစော ပိုင်းတွင် အအောင်မြင်ဆုံးrock ဖျော်ဖြေတင်ဆက်မှုများ ဖြစ်လာခဲ့သည်။