တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

Fixed typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၅၁ -
ဧရိယာ စတုရန်းကီလိုမီတာပေါင်း (၉.၆)သန်း (စတုရန်းမိုင်ပေါင်း - (၃.၇)သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုး ကွဲပြားနေသည်။ သစ်တောများလည်းရှိသလို သဲကန္တာရများ (ဂိုဘီ သဲကန္တာရ၊ တပ်ခ်လာမာကန် သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသော ဒေသများတွင် နွေးသမပိုင်း သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊ ကုန်ပြင်မြင့်များရှိပြီး၊ [[ဟိမဝန္တာ တောင်တန်း]]နှင့် ထျန်းရှန်းတောင်တန်းတို့သည် [[အိန္ဒိယ]]နှင့် ဗဟိုအာရှဒေသတို့နှင့် နယ်ခြားအဖြစ် သဘာဝအရ တည်ရှိနေသည်။ နိုင်ငံအရှေ့ပိုင်းသည် ပင်လယ်ကမ်းနားဘက်ဆီသို့ မြေပြင်နိမ့်ဆင်းသွားသည်။ ကမ်းရိုးတန်း အလျား ၁၄,၅၀၀ ကီလိုမီတာ (မိုင် ၉၀၀၀) ရှည်လျားသည်။ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်တို့ ရှိသည်။
 
တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသည် [[မြစ်ဝါမြစ်]]ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်းတခွင်တွင် စတင်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်း မြောက်မြားစွာရှိသည်။ ပထမဆုံးမင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ခုနှစ်၂၂၁ ခုနှစ် [[ချင်မင်းဆက်]] (Qin Dynasty) နှောင်းပိုင်းကာလကျမှသာ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ထို့နောက်တွင်မွန်ဂိုတို့၏သိမ်းပိုက်ခြင်းကိုခံရသည်။ မွန်ဂိုတို့အားတွန်းလှန်ပြီးနောက် မင်မင်းဆက်ကိုတည်ထောင်သည်။ ထို့နောက်မန်ချူးတို့ကသိမ်းပိုက်ပြီး [[ချင်းမင်းဆက်]] (Qing Dynasty) ကိုတည်ထောင်သည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်အမျိုးသားရေးပါတီ (Kuomintang (KMT)) မှ [[တရုတ်သမ္မတနိုင်ငံ]]ကို တည်ထောင်လိုက်ချိန်မှစ၍ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့သည်။
 
၂၀ရာစု၏ ပထမထက်ဝက်ကာလများအတွင်း တရုတ်ပြည်သည် စည်းလုံးညီညွတ်မှုမရှိပဲ ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိနေခဲ့သည်။ နိုင်ငံရေးအင်အားစု (၂)ခု ဖြစ်ကြသော ကူမင်တန်နှင့် ကွန်မြူနစ် (the Kuomintang and the communists) တို့၏ ကာလရှည်ကြာ စစ်ပွဲများသည် ၁၉၄၉ခုနှစ်ကျမှသာ အဆုံးသတ်ခဲ့သည်။ ကွန်မြူနစ်တို့ အောင်ပွဲရသောကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် တည်ထောင်ပြီး တရုတ်ပြည်မကြီးကို အုပ်ချုပ်သည်။ စစ်ရှုံးသော ကူမင်တန်တို့သည် [[ထိုင်ဝမ်]]ကျွန်းသို့ ထွက်ပြေးပြီး [[ထိုင်ပေမြို့]]ကို မြို့တော်အဖြစ် သတ်မှတ်ကာ တရုတ်သမ္မတနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ တရုတ်ပြည်နှင့် ထိုင်ဝမ်တို့သည် ယခုအချိန်တိုင်အောင် နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ အငြင်းပွားလျက် ရှိနေဆဲဖြစ်သည်။ တရုတ်ပြည်မကြီး ဘက်မှတရုတ်ပြည်မကြီးဘက်မှ ထိုင်ဝမ်အား ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ထားသော်လည်း ထိုင်ဝမ်ဖက်မှထိုင်ဝမ်ဘက်မှ လက်မခံပေ။
 
၁၉၇၈ ခုနှစ်တွင် အစပြုခဲ့သော ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာသဖြင့် အလျှင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူနှင့် ဒုတိယအကြီးဆုံး သွင်းကုန် တင်သွင်းသူ ဖြစ်လာခဲ့သည်။ ဂျီဒီပီအရ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတနိုင်ငံနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ [[အေးပက်]] (APEC) နှင့် ဂျီ-၂၀ (G20) တို့တွင် အဖွဲ့ဝင် ဖြစ်သည်။ နျူကလီးယားလက်နက်များကိုနူကလီးယားလက်နက်များကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ အင်အား အကြီးဆုံး စစ်တပ်နှင့် စစ်ရေး အသုံးစရိတ်မှာ ဒုတိယအများဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး ပညာရှင်များ၊ စစ်ရေး ပညာရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် သိပ္ပံပညာရှင်များ များစွာပေါ်ထွန်းရာ တိုင်းပြည်ဖြစ်သည်။
 
== အမည်ရင်းမြစ် ==