"ခွေးရူးပြန်ရောဂါကာကွယ်ဆေး" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
'''ခွေးရူးပြန်ရောဂါကာကွယ်ဆေး''' ({{lang-en|Rabies vaccine}})သည် [[ခွေးရူးပြန်ရောဂါ]]ကို ကာကွယ်ပေးသည့် [[ကာကွယ်ဆေး]]တစ်မျိုးဖြစ်သည်။<ref name="WHO2010">{{Template:Cite journal|title = Rabies vaccines: WHO position paper|journal = Weekly epidemiological record|date = Aug 6, 2010|volume = 32|issue = 85|pages = 309–320|url = http://www.who.int/wer/2010/wer8532.pdf?ua=1}}</ref> စိတ်ချရပြီး အကျိုးသက်ရောက်မှုလည်းရှိသော ကာကွယ်ဆေးအမျိုးပေါင်းများစွာရှိသည်။ ခွေးရူးပြန်ရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးနှင့် မထိတွေ့ခင် သို့မဟုတ် ခွေး၊လင်းနို့ အကိုက်ခံရ၍ ဗိုင်းရပ်စ်ပိုးနှင့်ထိတွေ့ပြီးလျှင် ဤကာကွယ်ဆေးထိုးပေးနိုင်သည်။ အကြိမ်ပေါင်း(၃)ကြိမ်ထိုးပြီးလျှင် ခွေးရူးပြန်ရောဂါကာကွယ်သည့်ခုခံအားကို အချိန်ကြာရှည်စွာရရှိနိုင်သည်။ ဤကာကွယ်ဆေးကို အရေပြား သို့မဟုတ် ကြွက်သားထဲသို့ ထိုးသွင်းရသည်။ထိုးနှံရသည်။ ခွေးရူးပြန်ရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ပြီးပါက ဤကာကွယ်ဆေးနှင့်အတူ ခွေးရူးပြန်ရောဂါကို ခုခံပေးသောပဋိပစ္စည်း (immunoglobulin)ကိုပါ ပေးရသည်။ ခွေးရူးပြန်ရောဂါကူးစက်ခံရနိုင်ခြေရှိသူများသည် ဤကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်သည်။ ဤကာကွယ်ဆေးသည် လူနှင့်အခြားတိရစ္ဆာန်များတွင်ပါ အကျိုးသက်ရောက်မှုရှိသည်။ ခွေးများကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် လူများသို့ခွေးရူးပြန်ရောဂါမကူးစက်အောင် ကာကွယ်နိုင်သည်။<ref name="WHO2010">{{Template:Cite journal|title = Rabies vaccines: WHO position paper|journal = Weekly epidemiological record|date = Aug 6, 2010|volume = 32|issue = 85|pages = 309–320|url = http://www.who.int/wer/2010/wer8532.pdf?ua=1}}</ref>
 
ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အသက်အရွယ်မရွေး လူတိုင်းတွင် စိတ်ချစွာ အသုံးပြုနိုင်သည်။ လူပေါင်း(၃၅-၄၅)ရာခိုင်နှုန်းခန့်၌ ဆေးထိုးသည့်နေရာတွင် နီရဲခြင်းနှင့် နာကျဉ်ခြင်းတို့ ခဏတာဖြစ်တတ်သည်။ (၅-၁၅)ရာခိုင်နှုန်းခန့်တွင် [[ကိုယ်ပူခြင်း]]၊ [[ခေါင်းကိုက်ခြင်း]]နှင့် [[ပျို့တက်ခြင်း]]တို့ ဖြစ်တတ်သည်။ ခွေးရူးပြန်ရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ခဲ့သော လူတိုင်းသည် ဤကာကွယ်ဆေး ထိုးသင့်သည်။ ကာကွယ်ဆေးအများစုတွင် သာမီရိုစယ်(thimerosal)ဟုခေါ်သော ကြာရှည်ခံအောင်ထိန်းသိမ်းသည့်ပစ္စည်း မပါဝင်ပါ။ အာရုံကြောတစ်ရှူးမှ ပြုလုပ်သော ကာကွယ်ဆေးကို အာရှတိုက်နှင့် လက်တင်အမေရိကတိုက်ရှိ တချို့နိုင်ငံများတွင် အသုံးပြုသော်လည်း ၄င်းဆေးမှာ အကျိုးသက်ရောက်မှုနည်း၍ ဘေးထွက်ဆိုးကျိုးများ ပိုများသည်။ ထို့ကြောင့် ၄င်းဆေးများကို [[ကမ္ဘာ့ကျန်းမာရေးအဖွဲ့]]မှ အသုံးပြုရန်မသင့်ဟု အကြံပြုထားသည်။<ref name="WHO2010">{{Template:Cite journal|title = Rabies vaccines: WHO position paper|journal = Weekly epidemiological record|date = Aug 6, 2010|volume = 32|issue = 85|pages = 309–320|url = http://www.who.int/wer/2010/wer8532.pdf?ua=1}}</ref>
၃၆၈

တည်းဖြတ်မှုများ