အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး''' ({{lang-en|Hepatitis B vaccine}})သည် [[အသည်းရောင်အသားဝါ ဘီရောဂါ]]ကို ကာကွယ်ပေးသည့် [[ကာကွယ်ဆေး]]တစ်မျိုးဖြစ်သည်။<ref name="WHO2009">{{Template:Cite journal|title = Hepatitis B vaccines WHO position paper|journal = Weekly epidemiological record|date = 2 Oct 2009|volume = 40|issue = 84|pages = 405–420|url = http://www.who.int/wer/2009/wer8440.pdf}}</ref> ဤကာကွယ်ဆေး၏ ပထမအကြိမ်ကို မွေးကင်းစကလေးအား မွေးပြီးပြီးချင်း (၂၄)နာရီအတွင်းတွင် ပေးရပြီး နောက်ထပ်(၂)ကြိမ် သို့မဟုတ် (၃)ကြိမ်ထပ်ပေးရသည်။ ကိုယ်ခံအားကျဆင်းနေသူများဖြစ်သည့် [[အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး]] (HIV)/ [[ခုခံအားကျဆင်းမှု ကူးစက်ရောဂါ]] (AIDS) ကူးစက်ခံနေရသောသူများနှင့် လမစေ့ပဲမွေးသောကလေးများကိုပါ ဤကာကွယ်ဆေး ပေးသင့်သည်။ ကျန်းမာနေသောလူများတွင် ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် (၉၅)ရာခိုင်နှုန်းနှင့်အထက်လူများကို ကာကွယ်နိုင်သည်။<ref name="WHO2009">{{Template:Cite journal|title = Hepatitis B vaccines WHO position paper|journal = Weekly epidemiological record|date = 2 Oct 2009|volume = 40|issue = 84|pages = 405–420|url = http://www.who.int/wer/2009/wer8440.pdf}}</ref>
 
ရောဂါဖြစ်နိုင်ခြေများသောလူများတွင် ကာကွယ်ဆေးထိုးပြီးပါက အကျိုးသက်ရောက်မှုရှိ၊မရှိကို သွေးစစ်ဆေးခြင်းဖြင့် သေချာအောင်စမ်းသပ်သင့်သည်။ [[ကိုယ်ခံအားကျဆင်းခြင်း|ကိုယ်ခံအားကျဆင်း]]နေသူများတွင် ထပ်ဆင့်ထိုးရန် လိုအပ်တတ်သော်လည်း လူအများစုတွင် လိုအပ်လေ့မရှိပါ။ အသည်းရောင်အသားဝါ ဘီရောဂါပိုးနှင့်ထိတွေ့ပြီး ခုခံအားမရှိသူများကို ဤကာကွယ်ဆေးနှင့်အတူ [[အသည်းရောင် အသားဝါ ရောဂါ ဘီပိုး|အသည်းရောင်အသားဝါ ဘီရောဂါပိုး]]ကို ခုခံပေးသော ပဋိပစ္စည်း(hepatitis B immune globulin)ကိုပါ ပေးရသည်။ ဤကာကွယ်ဆေးကို ကြွက်သားထဲသို့ ထိုးသွင်းပေးရသည်။ထိုးနှံရသည်။<ref name="WHO2009">{{Template:Cite journal|title = Hepatitis B vaccines WHO position paper|journal = Weekly epidemiological record|date = 2 Oct 2009|volume = 40|issue = 84|pages = 405–420|url = http://www.who.int/wer/2009/wer8440.pdf}}</ref>
 
အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေးကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။ ကာကွယ်ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်းဖြစ်တတ်သည်။ ဤကာကွယ်ဆေးကို [[ကိုယ်ဝန်ဆောင်ခြင်း|ကိုယ်ဝန်ဆောင်]]နေစဉ်နှင့် [[မိခင်နို့တိုက်ကျွေးခြင်း|မိခင်နို့တိုက်ကျွေး]]နေစဉ်တွင် စိတ်ချစွာ ပေးနိုင်သည်။ ဤကာကွယ်ဆေးကြောင့် [[ဂီလန်ဘာရေး ရောဂါလက္ခဏာစု]](Guillain-Barre syndrome) မဖြစ်နိုင်ပါ။ လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးမှာ မျိုးရိုးဗီဇများကို ပေါင်းစပ်ထားသောနည်းလမ်း(recombinant DNA techniques)ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဤကာကွယ်ဆေးကို သီးသန့်ဆေးအဖြစ်နှင့် အခြားကာကွယ်ဆေးများဖြင့် ရောစပ်ထားသောဆေးအနေဖြင့်ပါ ရရှိနိုင်သည်။<ref name="WHO2009">{{Template:Cite journal|title = Hepatitis B vaccines WHO position paper|journal = Weekly epidemiological record|date = 2 Oct 2009|volume = 40|issue = 84|pages = 405–420|url = http://www.who.int/wer/2009/wer8440.pdf}}</ref>