အဘိဓာန်: တည်းဖြတ်မှု မူကွဲများ

၃၆၁၁၇ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
removing Burmese related content
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...)
(removing Burmese related content)
အဘိဓာန်ဆိုသည်မှာ'''အဘိဓာန်'''ဆိုသည်မှာ ဘာသာရပ်တစ်ခု၏ ဝေါဟာရ စကားလုံးများကို အက္ခရာဝလိအရ စီစဉ်၍ အနက် အဓိပ္ပါယ်နှင့် အခြား သိအပ်သော အချက်အလက်တို့ကို ထိုဘာသာရပ်ဖြင့်ဖြစ်စေ၊
==အဘိဓာန်==
အဘိဓာန်ဆိုသည်မှာ ဘာသာရပ်တစ်ခု၏ ဝေါဟာရ စကားလုံးများကို အက္ခရာဝလိအရ စီစဉ်၍ အနက် အဓိပ္ပါယ်နှင့် အခြား သိအပ်သော အချက်အလက်တို့ကို ထိုဘာသာရပ်ဖြင့်ဖြစ်စေ၊
အခြား ဘာသာရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသော စာအုပ်ဖြစ်သည်။ အဘိဓာန် အမျိုးမျိုး ရှိလေသည်။
 
 
ပုံစံအားဖြင့် အင်္ဂလိပ်မြန်မာ အဘိဓာန်တွင် ပထမဆုံးအင်္ဂလိပ်အက္ခရာအေ (ဗ)မှ နောက်ဆုံးအက္ခရာ (ဇ)အထိ အက္ခရာအစဉ်အတိုင်း စကားလုံးများကို မြန်မာအနက်အဓိပ္ပါယ်
သို့ ပြန်ဆိုထားခြင်း ဖြစ်၏။ ထိုအတူ မြန်မာအင်္ဂလိပ်အဘိဓာန်တွင် ပထမဆုံး မြန်မာအက္ခရာ (က)မှ နောက်ဆုံး အက္ခရာ (အ)အထိ မြန်မာ ဝေါရဟာစကာလုံးများကို အက္ခရာအစဉ်
အတိုင်း စီစဉ်၍ အင်္ဂလိပ်ဘာသာဖြင့် အနက်အဓိပ္ပါယ် ဖော်ပြထားခြင်း ဖြစ်သကဲ့သို့ မြန်မာအဘိဓာန်တွင် မြန်မာအက္ခရာ (က)မှ (အ)အထိ မြန်မာဝေါဟာရစကားလုံးများကို မြန်မာ
ဘာသာဖြင့် အနက်ဖွင့်ဆိုထားခြင်း ဖြစ်လေသည်။
 
 
မြန်မာနိုင်ငံရှိ အင်္ဂလိပ်စကားလုံးများကို မြန်မာသို့ အနက်ပြန်ထားသော အဘိဓာန်များထဲတွင် ဂျပ်ဆင် အဘိဓာန်၊ ထိုနောက်ထွက်သော ဦးထွန်းညိမ်း အဘိဓာန်တို့ကို ယခုတိုင်
သုံးစွဲလျက်ရှိကြ၏။ နောက်ဆုံးပေါ်နှင့် အစုံဆုံး အဘိဓာန်မှာ ဒေါက်တာဘဟန်ပြုစုသော တက္ကသိုလ် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်၏။
 
ရန်ကုန်တက္ကသိုလ်၌ ၁၉၄၈ ခုနှစ်မှ စတင်၍ မြန်မာအဘိဓာန် ကျမ်းတစ်စောင်ကို ပြုစု ပုံနှိပ်ထုတ်ဝေလျက်ရှိရာ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် မြန်မာအဘိဓာန်၊ အပိုင်း ၅
(ဆ) အက္ခရာအထိ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။( မြန်မာအဘိဓာန်။)
 
သို့သော်လည်း မြန်မာနိုင်ငံတွင် တစ်ပြေးညီစွာ တစ်ညီတညွတ်တည်း လက်ခံသုံးစွဲနိုင်လောက်အောင် ကျယ်ပြန့် ပြည့်စုံသည့် မြန်မာအဘိဓာန် တစ်ဆူ လိုအပ်နေသည်ကို
သိမြင်ပြီးဖြစ်သော မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် ၁၉၆၉ ခုနှစ်တွင် ထိုအဘိဓာန်ပြုစုရေးအတွက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာညီညီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်
သည့် မြန်မာစာကော်မရှင်အဖွဲ့ကို တာဝန်ပေးအပ်ခဲ့သည်။
 
မြန်မာစာ ကော်မီရှင်အဖွဲ့သည် မိမိစုဆောင်းရရှိထားသော ဝေါဟာရများကို ''[[လုပ်သားပြည်သူ့နေ့စဉ်]]''နှင့်''[[ဗိုလ်တထောင်]]''သတင်းစာများတွင် ထည့်သွင်းကျေညာ၍ ရဟန်းရှင်လူ ပြည်သူများ၏ ဖြည့်စွက်အကြံပေးချက်များကို တောင်းခံခဲ့၏။ ရဟန်းရှင်လူ ပြည်သူများကလည်း အားကြိုးမာန်တက် ဖြည့်စွက်အကြံပေးခဲ့ကြသည်။ မြန်မာစာ ကော်မီရှင်အဖွဲ့သည် မူလစုဆောင်းထားသော ဝေါဟာရများနှင့် ပြည်သူ့တို့ ဖြည့်စွက်ပေးပို့သည့် ဝေါဟာရများကို စုပေါင်း၍ အဘိဓာန် ဝေါဟာရ မူကြမ်းစာအုပ်များ ပုံနှိပ်ခဲ့သည်။ ထို မူကြမ်းစာအုပ်များကို
မြန်မာစာကော်မရှင်၏ အဘိဓာန် ပြုစုရေးလုပ်ငန်းတွင် ပါဝင် ကူညီရန်အတွက် လမ်းစဉ်ပါတီဌာနချုပ်၏ ညွှန်ကြားချက်အရ မြို့နယ်ပါတီယူနစ်နှင့် မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ အသီးသီးတို့က ဦးဆောင်ဖွဲ့စည်းထားသည့် မြို့နယ် မြန်မာစာအဖွဲ့များထံ ပေးပို့ခဲ့သည်။ မြို့နယ် မြန်မာစာအဖွဲ့ဝင်များက လေ့လာပြီးလျှင် ထိုမူကြမ်းစာအုပ်များ တွင် မပါဝင်ပဲ ကြွင်းကျန်နေသည့် ဝေါဟာရများကို ထပ်ဖြည့်ပေးရမည်။ ထိုဖြည့်စွက်ချက်များကို နောက်ထပ်ပေါင်းပြီးလျှင် အဘိဓာန်စာအုပ်ကြီး ထုတ်ဝေမည် ဖြစ်လေသည်။
 
မြန်မာစာ ကော်မီရှင်သည် က-အက္ခရာမှ မ-အက္ခရာအထိ ဝေါဟာရပေါင်း ၅၉၅၇၂ လုံးကို အက္ခရာ စဉ်အလိုက် မူကြမ်း စာအုပ်ငါးအုပ်ခွဲရိုက်ကာ သက်ဆိုင်ရာမြို့နယ် မြန်မာစာအဖွဲ့
အသီးသီးသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။
 
ပြုစုနေဆဲ မြန်မာအဘိဓာန်ကြီးတွင် ယနေ့ မြန်မာနိုင်ငံ၌ ပြောဆို ရေးသား သုံးစွဲနေသည့် ဝေါဟာရများ၊ ရှေးက အသုံး ပြုခဲ့သည့် ပေါရာဏများ၊ ဒေသသုံး ဝေါဟာရများ၊ အတတ်
ပညာဆိုင်ရာ ဝေါဟာရများ၊ ဘန်းစကားနှင့်ခေတ်စကားများ စသည်တို့ကို အကြွင်းအကျန်မရှိ ထည့်သွင်းဖော်ပြမည်ဖြစ်၍ ဝေါဟာရတစ်သိန်း ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ထိုပြင် ထို
ဝေါဟာရများကို အဓိပ္ပါယ်ဖွင့်ပြရခြင်း၊ အကိုးအကား ထောက်ပြရခြင်း၊ လိုအပ်သည့်နေရာတွင် သရုပ်ဖော်ပုံများဖြင့် ပြရခြင်း၊ အသံထွက်ပုံပြရခြင်း၊ ဝေါဟာရ အရင်းအမြစ် ဖော်ပြရခြင်း စသည်တို့ကြောင့် ရေရှည်လုပ်ငန်းကြီးတစ်ရပ်ဖြစ်နေရကား အဘိဓာန်ကြီး မပေါ်သေးမီ လောလောဆယ်ဆယ် ရဟန်းရှင်လူ ပြည်သူလူထုတို့ အသုံးပြုသွားနိုင်ရန်အတွက် ဝေါဟာရ နှစ်သောင်းခန့် ပါဝင်မည့် အဘိဓာန်ချုပ် တစ်ခုကို ၁၉၇၄ ခုနှစ်အတွင်း ရှေးဦးစွာ ထုတ်ဝေနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။
 
အဂ‡လိပ်အဘိဓာန် စာအုပ်ကြီးများထဲတွင် အောက်စဖို့ အဘိဓာန်မှာ စကားတစ်လုံး၊ စာတစ်ပိုဒ်၏ မူလ ဇာစ်မြစ်ကို လည်းကောင်း၊ ရွတ်ဖတ်ရန် သံနေသံထားကိုလည်းကောင်း၊
အခြားသက်ရောက်နိုင်သော အနက် တို့ကိုလည်းကောင်း အသုံးအနှုန်း စသည်တို့ကိုပါ ဖော်ပြထားသည်ဖြစ်ရာ အဘိဓာန်ဟု ဆိုရစေကာမူ စွယ်စုံကျမ်းတစ်မျှ စုံလင်လှပေသည်။
ဒေါက်တာ ဆယ်မျူယယ် ဂျွန်ဆင် ပြုစု၍ ၁၇၅၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော အဂ‡လိပ်အဘိဓာန်သည် ပထမဆုံးအဘိဓာန် ဖြစ်လေသည်။ ထိုအဘိဓာန်ကို ရှစ်နှစ်တာမျှ ပြုစု
ရ၏။
 
အထူးသဖြင့် ဂရိဘာသာ စကားများ ပါဝင်သည့် လက်စီကွန်ခေါ် အဘိဓာန်မျိုးတွင် ဝေါဟာရစကားများ၊ ဧကဝိဓနာမ်များ၏ အသံထွက်များ၊ အတိုင်းအတာနှင့် အခြင်အတွယ်များ၊
အဓိပ္ပါယ်တူ စကားလုံးများ၊ ဆန့်ကျင်ဘက် ဝေါဟာရများ စသည်ဖြင့် စုံလင်အောင် ပါရှိလေသည်။
 
သမ္မာကျမ်းစာနှင့် သက်ဆိုင်၍ ပြုစုထားသော အဘိဓာန်ကိုကျမ်းပြိုင်စာအုပ်ဟု ခေါ်သည်။ မျိုးခြား ဘာသာစကားကို သင်ကြား လေ့လာရာ၌ အဘိဓာန်များမှာ အထောက်အပံ့များစွာ
ရနိုင်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
အဘိဓာန်ဟူသည်မှာ ဘာသာစကားတွင် ရှိနှင့်ပြီးဖြစ်သော စကားလုံးများကို အနက်အဓိပ္ပာယ်၊ အထောက်အထား၊ အကိုးအကားများနှင့်တကွ အက္ခရာစဉ်အတိုင်း ဖော်ပြမှတ်တမ်းတင်ထားသော ကျမ်းဖြစ်၏။ အဘိဓာန်သည် မည်သည့်အခါမျှ စကားလုံးအဆန်းမထွင်။ အဘိဓာန်ကို အသုံးပြုရာ၌လည်း အောက်ပါအကြောင်းလေးရပ်အနက် အကြောင်းတရပ်ရပ်ကို သိလို သောကြောင့်သာ အသုံးပြုသည်ဖြစ်ရာ၏။ ယင်းအကြောင်းလေးရပ်မှာ -
# အနက်အဓိပ္ပါယ်ကို သိလိုခြင်း
# စကားလုံး၏ ဇစ်မြစ်ကိုသိလိုခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် အဘိဓာန်ကျမ်းတိုင်း အထက်ပါ သိလိုချက်အား လုံး ပါဝင်လိမ့်မည်ဟု မယူဆအပ်ပေ။ အောက်စဖို့အဘိဓာန်ကဲ့သို့သော ကမ္ဘာကျော် အင်္ဂလိပ် အဘိဓာန်ကြီးမှာမူကား အထက်ပါ အင်္ဂါရပ်များအပြင် စကားလုံးကို စတင်အသုံးပြုသော ခေတ်ကိုပင် ဖော်ပြထားလေသည်။
 
==ဂျပန်ခေတ် မြန်မာ အဘိဓာန်==
ဂျပန်ခေတ်တွင် မြန်မာအဘိဓာန် စတင်ပြုစုပုံကို ရေးသားလိုပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ၁၉၄၄ ခုနှစ်တွင် မြန်မာနိုင်ငံတော် ပညာ့တံခွန်အသင်းကို နိုင်ငံတော်အစိုးရ၏ အကူအညီဖြင့် တည်ထောင် ခဲ့သည်။ အသင်းဥက္ကဋ္ဌမှာ ယခုအခါ နိုင်ငံတော် ရှေ့နေချုပ်ကြီးဖြစ်နေသော ဒေါက်တာဘဟန်ပင် ဖြစ်၏။ ထိုအသင်း၏ လက် အောက်တွင် -
(၁) ပညာစွယ်စုံဌာနနှင့်
(၂) အဘိဓာန်ဌာနဟူ၍ ဌာနနှစ်ခု သီးခြားရှိသည်။ ကွယ်လွန်သူ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဦးခင်မောင် (တောသား)က ပညာစွယ်စုံဌာနကို ဦးစီးကာ ပညာစွယ်စုံကျမ်းများကို ပြုစုသည်။ ယခု ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတေ်၀ရေးဌာနတွင် စာတည်းမှူးအဖြစ် ဆောင်ရွက်နေသော ဦးဝန် (မင်းသုဝဏ်)က အဘိဓာန်ဌာနကို ဦးစီးကာ မြန်မာ အဘိဓာန်ကို ပြုစုသည်။
ပညာ့တံခွန်အသင်းက အဘိဓာန်ကျမ်းကို စတင်မပြုစုမီ မြန်မာနိုင်ငံ စာရေးဆရာများအသင်းကလည်း အဘိဓာန် တစောင် ပြုစုရန် ရန်ပုံငွေ ကောက်ခံခြင်း၊ ေဝါဟာရ စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။ ပညာ့တံခွန်အသင်းက အဘိဓာန်ပြုစု သောအခါတွင်မူကား မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် အဘိဓာန်အတွက် စုဆောင်းထားသော ရန်ပုံငွေနှင့်တကွ ေဝါဟာရ များကိုပါ ပညာ့တံခွန်အသင်းသို့ လွှဲအပ်လှူဒါန်းလိုက်သည်ဟု တဆင့်စကား ကြားသိရဖူးသည်။
အဘိဓာန်ဌာနကို ဟံသာ၀တီခရိုင်၊ ကွမ်းခြံကုန်းမြို့၊ ရွှေကျင်ကျောင်းတိုက် ဇရပ်တဆောင်၌ ၁၉၄၄ခု၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုနေရာမှတဖန် မြို့အုပ်ရုံးကြီး အောက်ထပ် အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ပြောင်းရွှေ့ရ လေသည်။ အဘိဓာန်ဌာနကို ကြည့်ရှုကြီးကြပ်ရသော အဖွဲ့ငယ်တွင် ဦးဖေမောင်တင် (သဘာပတိ)၊ ဦးခင်မောင်လတ်၊ ဦးသိမ်း မောင်၊ ဦးသိန်းဟန်၊ ဦးဝန် (အဘိဓာန်စာတည်း)၊ ဦးစိန်ဝင်း (လက်ထောက်အဘိဓာန်စာတည်း)နှင့် ဦးတင် (အသင်း၏ အတွင်း ရေးမှူး)တို့ ပါဝင်သည်။
အဘိဓာန်ဌာန အမှုထမ်းများမှာ (၁) ဦးဝန် (စာတည်း) (၂) ဦးစိန်ဝင်း (လက်ထောက်စာတည်း) (ယခုဘာသာပြန် စာပေ အသင်း၊ ဒုတိယစာတည်းမှူး) (၃) ပထမကျော် ဦးကြီးဖေ (စာပြု) (ယခုသာသနာညွှန်ကြားရေးဝန်) (၄) ပထမကျော် ဦးတင့်ရွှေ (စာပြု) (ယခုပါဠိနှင့် အဘိဓမ္မာဌာန၊ လက်ထောက်ကထိက) (၅) ဦးသာတင် (မာဃ) စာပြု၊ (ယခု သာသနာ့ရောင်ခြည် စာတည်း) (၆) ဦးထူးရွှေ - စာပြု၊ (ယခုပညာမင်းကြီးရုံး)၊ (၇) ဒေါ်မမကြီး စာပြု (ယခုရန်ကုန်မြူနီစီပါယ် မင်းကြီးကတော်)၊ (၈) ဦးကိုကို စာပြု၊ (ယခု ပဲခူးမြို့နယ်ပိုင် ဝန်ထောက်မင်း)နှင့် (၉) ဦးတင်လှ စာပြု၊ (ယခုစာတည်း ဘာသာပြန်နှင့် စာအုပ်ထုတေ်၀ ရေးဌာန၊ ရန်ကုန်တက္ကသိုလ်)တို့ ဖြစ်ကြသည်။
ဂျပန်ခေတ် မြန်မာအဘိဓာန်မတိုင်မီက မြန်မာဘာသာစကားဆိုင်ရာ အဘိဓာန်အချို့ ရှိဖူးကြောင်းကို ဖော်ပြလိုပေ သည်။ ကျွနု်ပ်တို့ စုံစမ်းရှာဖွေ သိရှိရသလောက်ဆိုလျှင် ဒေါက်တာ ယုဒသန် မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် မြန်မာပြည်တွင် ရှေးဦးစွာ ပေါ်ပေါက်သော အဘိဓာန်ဖြစ်သည်။ ယင်းအဘိဓာန်ကို ၁၈၅၂ ခုနှစ်က မော်လမြိုင်မြို့တွင် ပုံနှိပ်ထုတေ်၀ခဲ့သည်။ သက္ကရာဇ် ၁၉၁၃ ခုနှစ်သို့ ရောက်သောအခါ မစ္စတာ ဒန်း (C.W.Dunn) ခေါင်းဆောင်သော အင်္ဂလိပ် သုတေသီတစုက ဒေါက် တာယုဒသန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ ခေတ်မမီတော့သဖြင့် ထပ်မံပြုပြင်ရန် အကြံပေးလေသည်။ ထိုအချိန်မှစတင်၍ မြန်မာ- အင်္ဂလိပ် အဘိဓာန်သစ်ကို ကွယ်လွန်သူ ဒေါက်တာ စတီးဝပ် (J.A.Stewart)၊ မစ္စတာဒန်း၊ မစ္စတာ ဆားလ်(H.F.Searle) နှင့် ဒေါက်တာလှဖေတို့ စတင်ပြုစုခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီက ဖျာပုံမြို့၊ အသျှင်ဩဘာသ ဘွဲ့အမည်ရှိသော ရဟန်းတော်တပါးသည် မြန်မာ အဘိဓာန်ကျမ်းတစောင်ကို တဦးတည်း ပြုစုတော်မူသည်ဆို၏။ ယင်းအဘိဓာန်မှာ စစ်အတွင်းက ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ဝမ်းနည်းစွာ သိရှိရလေသည်။
အဘိဓာန်၏ ရှေးဦးလုပ်ငန်းမှာ ပုဒ်စုလုပ်ငန်းဖြစ်၏။ စာတည်းနှင့် စာပြုများသည် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ အစုစု သော ကျမ်းမျာကို ဖတ်ရှုကာ အလျား ၄ လက်မ၊ အနံ ၃ လက်မရှိသော စာရွက်ငယ်ပေါ်တွင် ေဝါဟာရစကားလုံးများကို စကား စပ်၊ ကျမ်းကိုး အတိုမှတ်၊ စာမျက်နှာ ဂဏာန်းအမှတ် စသည်တို့နှင့်တကွ ရေးသားစုဆောင်းရသည်။ ထိုတွင်မျှမက အဘိဓာန် အတွက် ေဝါဟာရများ စုဆောင်းပေးပို့ကြရန် သတင်းစာများမှတဆင့်၊ တိုင်းပြည်လူထုအား မေတ္တာရပ်ခံလိုက်ရာ အရှေ့အာရှ တိုက် လူငယ်များအစည်းအရုံး၊ မြေစာရင်းဌာန၊ သစ်တောဌာန၊ စိုက်ပျိုးရေးဌာန၊ အစိုးရဝန်ကြီးဌာန အမှုထမ်းများနှင့် အခြား ပုဂ္ဂိုလ်တို့က ေဝါဟာရများ စုဆောင်းပေးပို့ကြသည်။ စာအုပ်စာတမ်း၊ စာရေး ကိရိယာတို့ကိုလည်း လှူဒါန်းကြသည်။
အဘိဓာန်ပြုစုရေးလုပ်ငန်း၏ ဒုတိယအဆင့်မှာ စုဆောင်းပြီး အညွှန်းစာရွက်များကို အက္ခရာအလိုက် ရွေးချယ်ခွဲခြား ထုတ်ရသည်။ အက္ခရာအလိုက် ရွေးချယ်ခွဲခြား ထုတ်ထားသော အညွှန်းစာရွက်များကို ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာကျမ်း၊ ယောမင်းကြီး၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ်၊ ကဗျာဗန္ဓ သာရကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းတို့နှင့် ညှိနှိုင်းပြုလုပ်ထားသော အဘိဓာန် အက္ခရာစဉ် ဇယားနှင့်အညီ အက္ခရာ ဝဋ္ဌိစဉ်ရသည်။ အက္ခရာဝဋ္ဌိစဉ်ပြီးသောအခါတွင်မူကား၊ အဘိဓာန်ကျမ်းတွင် ပါဝင်မည့်ခေါင်းစဉ် စကားလုံးများကို ရရှိလေသည်။ ခေါင်းစဉ် စကားလုံးများကိုတည်၍ အနက်ဖော်လုပ်ငန်း ကို ဆက်ရလေသည်။
အက္ခရာ ဝဋ္ဌိစဉ်ရသောလုပ်ငန်း (သ) အက္ခရာအထိ ပြီးစီးသောအခါတွင် အဘိဓာန်ကျမ်းကြီးကို မပြုစုမီ အကျင့်လည်း ရလေအောင်၊ မြန်မာနိုင်ငံတော်တွင် အလွန်လိုအပ်နေသဖြင့် လတ်တလောလည်း အသုံးပြုရလေအောင်ဟူသော ရည်ရွယ်ချက် နှစ်ရပ်ဖြင့် ကျောင်းသုံးအဘိဓာန်ငယ်ကို စတင်ပြုစုကြသည်။ လက်ထောက်စာတည်းက ကြိုးဖြင့် တွဲပေးထားသော အညွှန်းစာ ရွက်စုတွင် ပါဝင်သည့် ေဝါဟာရများကို စာပြုများက အနက်ဖော်ကြရသည်။ မြန်မာစကားလုံးများကို မြန်မာလို အနက်ဖော်ရ သည့် လုပ်ငန်းမှာ တိမ်မယောင်နှင့်နက် လွယ်မယောင်နှင့်ခက်သော အလုပ်ဖြစ်၏။ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်စသော နှစ်ဘာသာ အဘိဓာန်များကို ပြုစုရာ၌ ဘာသာစကားတခု၏ ေဝါဟာရတရပ်ကို အခြားဘာသာစကားတခုတွင် အနက်တူ စကားလုံးရှိသည်က များသောကြောင့် လွယ်ကူသည်ဟု ဆိုနိုင်သည်။ ပုံစံတခုကို ထုတ်ဆောင်ပြရမည် ဆိုပါသော် မြန်မာဘာသာစကား (ရှက်)ကို မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် (to be ashamed; to be shy) ဟု အနက်ဖွင့်လျှင် အလွယ် တကူ နားလည်နိုင်ပေမည်။ သို့ရာတွင် ယင်းစကားလုံးကို မြန်မာလို အနက်ဖွင့်ပါဟု ဆိုလာလျှင် အခက်အခဲ တခုခုနှင့် ရင်ဆိုင် ရမည် မလွဲတော့ပေ။
ထို့ပြင် အနက်ဖော်လုပ်ငန်းကို စတင်သောအခါ၌ မြန်မာစာပေလောကတွင် လိုနေသော အလိုများကို၄င်း၊ အဘိဓာန် ပြုစုရေးတွင် လိုနေသော အလိုများကို၄င်း၊ တဖြည်းဖြည်း တစတစမြန်လာကြတော့သည်။ ယင်းအလိုများသည် အဘိဓာန်ပြုစု ရေးနှင့် မသွယ်မဝိုက် တိုက်ရိုက်သက်ဆိုင်နေရကား အနည်းငယ် ဖော်ပြမှသာလျှင် ဤဆောင်းပါး ပြည့်စုံမည် ဖြစ်ပေသည်။ ပထမအလိုသည် မြန်မာသဒ္ဒါကျမ်း ဖြစ်သည်။ ပါဋ္ဌိဂန္တလောကတွင် ပါဋ္ဌိသဒ္ဒါကျမ်းများ အပြည့်အစုံရှိသည်ဟု ဆိုရမည်ဖြစ်သော် လည်း မြန်မာသဒ္ဒါကျမ်း စစ်စစ် မပေါ်ပေါက်ခဲ့ဘူးသေးချေ။ ဟံသာ၀တီ သတင်းစာတိုက်မှ ရိုက်နှိပ်သော “မြန်မာသဒ္ဒါ” နှင့် ဗြိတိသျှ ဘားမားစာပုံနှိပ်တိုက်မှ ရိုက်နှိပ်သော “အလယ်တန်းကျောင်းသုံး မြန်မာသဒ္ဒါ” တို့မှာ စင်စစ် ပါဋ္ဌိသဒ္ဒါကျမ်းများပင် ဖြစ်၏။ ဒုတိယအလိုမှာ ပညာရပ်ဆိုင်ရာ ကျမ်းများဖြစ်သည်။ ပန်းပုပညာ၊ ပန်းချီပညာ၊ လက်သမား၊ ကျွဲနွား မွေးမြူပညာ၊ လှေအ တတ်၊ လှည်း အတတ်စသော ပညာရပ်ဆိုင်ရာ ကျမ်းများမှာ ထိုစဉ်အခါက မရှိသလောက် ရှားပါးလှသဖြင့် အတတ်ပညာရပ်ဆိုင် ရာ ေဝါဟာရများ ချို့တဲ့ခဲ့ရသည်။ တတိယအလိုမှာ သတ်ပုံသတ်ညွှန်း၊ ရစ်ပင့်ခွဲထားဆိုင်ရာ ရေးထုံးကျမ်းဖြစ်၏။ အဘိဓာန်ဌာန တွင် (၁) ကဝိမျက်မှန်သတ်ပုံကျမ်း၊ (၂) သတ်ပုံဥပဒေ၊ (၃) မြန်မာမင်း လွှတ်တော်သုံးသပ်ပုံ၊ (၄) ကဝိလက္ခဏာသတ်ပုံနှင့် (၅) စွယ်စုံကျော်ထင် သတ်ပုံတို့သာ ရှိသဖြင့် မြန်မာသံယောဂဒီပနီကို ပေမူမှ ကူးယူရသည်။ ပျို့၊ ဧချင်း၊ မော်ကွန်း၊ ရတုများကို ဖတ်ရှုကာ သတ်ပုံ၊ သတ်ညွှန်း၊ ရစ်ပင့်ခွဲထားများ စုဆောင်းကြရသည်။ စတုတ္ထအလိုမှာ စကားရင်းမြစ်ကို စစ်ဆေးရှာဖွေနိုင်စွမ်း ရှိသော ဟိန္ဒူစတာနီ-အင်္ဂလိပ်အဘိဓာန်၊ မလေး-အင်္ဂလိပ်အဘိဓာန်၊ အာရဗီ-အင်္ဂလိပ်အဘိဓာန်၊ ယိုးဒယား-အင်္ဂလိပ်အဘိဓာန် စသော နှစ်ဘာသာ အဘိဓာန်မျိုးစုံ ဖြစ်သည်။
မြန်မာစကားလုံးကို မြန်မာလို အနက်ဖွင့်ရသော လုပ်ငန်းမှာ ခက်ခဲလှကြောင်း အထက်က ဖော်ပြခဲ့ပြီ။ သို့တစေ စာပြု များသည် မြေစမ်းခရမ်းပျိုး၊ မုဆိုးစိုင်သင် သဘောမျိုးဖြင့် အဘိဓာန်လုပ်ငန်းကို အားကြိုးမာန်တက် ပြုစုလိုက်ကြသော ၁၉၄၅ခု၊ မတ်လကုန်သောအခါတွင် (၀) အက္ခရာအထိ အနက်ဖော်ပြီးစီးခဲ့လေသည်။ စာပြုခုနှစ်ဦး ပြုစုထားသော အဘိဓာန် မူကြမ်းကို စာတည်းနှစ်ဦးက စစ်ဆေးတည်းဖြတ်ကြရာ (င) အက္ခရာတဝက်လောက်အထိ ပြီးစီးခဲ့သည်။ ပြီးစီးသော အဘိဓာန်မူကြမ်းကို အတိုင်ပင်ခံစာတည်းသုံးဦးတို့ထံ စစ်ဆေးကြည့်ရှု ဖြည့်စွက်နှုတ်ပယ်ရန် ပို့ပေးရသည်။ အတိုင်ပင်ခံ စာတည်းများမှာ (၁) ဦးဖေ မောင်ခင် (သဘာပတိ) (၂) ဒီးဒုတ်ဦးဘချို (၃) ဦးခင်မောင်လတ်တို့ ဖြစ်ကြသည်။
၁၉၄၅ခု၊ ဧပြီလဆန်းမှစ၍ မဟာမိတ်လေယာဉ်ပျံများသည် နေ့စဉ်နေ့တိုင်းလိုပင် ရန်ကုန်မြို့နှင့် သန်လျင်မြို့ကို ဗုန်းကြဲ ရန် ကွမ်းခြံကုန်းမြို့ပေါ်မှဖြတ်ကာ ပျံသန်းသွားလာနေကြ၏။ ဧပြီလ ၁၀ ရက်နေ့မှစပြီး ကွမ်းခြံကုန်းမြို့ကို စက်အမြောက်၊ စက်သေနတ်တို့ဖြင့် ပစ်ခတ်၏။ ၁၅ ရက်နေ့တွင်မူကား မီးလောင်ဗုန်းများ ကြဲချကာ မြို့ကို ပြာချလိုက်တော့သည်။ မြို့နေလူထု မှာ ကျီးကန်းတောင်းမှောက် တောင်မြောက်မသိ ခြေဦးတည့်ရာသို့ ပြေးလွှားရှောင်ရှား ပုန်းအောင်းကြရသဖြင့် အဘိဓာန်ဌာန အမှုထမ်းများလည်း လူစုကွဲသွားကြ၏။ ထို့နောက် တဖန် မေလ ၂ ရက်၊ ၃ရက်နေ့များတွင် ကွမ်းခြံကုန်းမြို့ကို ဒုတိယအကြိမ် ဗုန်းမိုးရွာပြန်သောအခါ အဘိဓာန်ဌာနတည်ရှိရာ ရုံးကြီးကို ထိမှန်သော်လည်း အထက်ထပ်သာ ပျက်စီး၍ အဘိဓာန်ဌာနတည်ရှိ သော အောက်ထပ်မှာ စက်သေနတ် ကျည်ဆန်လောက်သာ ထိလေသည်။
အဘိဓာန်ဆိုင်ရာ ပစ္စည်းများကို ဤအတိုင်းသာ ထားပါက ပျက်စီးပျောက်ဆုံးသွားတော့မည်ကို စိုးရိမ်မကင်းဖြစ်ကာ စိတ်ပူဆွေးနေသော စာတည်း ဦးဝန်၏ ခွင့်ပြုချက်အရ ဦးစိန်ဝင်း၊ ဦးကိုကိုနှင့် ကျွန်တော်တို့ သုံးဦးသားသည် ဗုန်းရန်ကို ကြောက်ရွှံ့တုန်လှုပ်လျက်နှင့်ပင် အဘိဓာန်ရုံး ပစ္စည်းများကို သယ်ယူကာ ရွှေကျင်ကျောင်းတိုက်တွင် လုံခြုံစွာ သိမ်းဆည်းထားခဲ့ ပြီးလျှင် အပတ်တကုတ် ကြိုးစားပြုစုထားသော မြန်မာအဘိဓာန်နှင့်၄င်း၊ ညီအစ်ကို မောင်နှမအရင်း အချာများပမာ စိတ်သဘော ညီညီညာညာ လုပ်ကိုင်ဆောင်ရွက်ခဲ့သောအဘိဓာန်အဖွဲ့သားများနှင့်၄င်း၊ ခေတ္တနေထိုင်စဉ်အတွင်း ဧည့်ဝတ်ကျေပွန်စွာ နေရာ ထိုင်ခင်းစသည်တို့ဖြင့် စောင့်ရှောက်ကူညီခဲ့ကြသော ကွမ်းခြံကုန်းမြို့သူမြို့သားတို့နှင့်၄င်း ဝမ်းနည်းစွာ ခွဲခွာကာ မိဘရပ်ထံသို့ ပြန်ခဲ့ကြရပါတော့သတည်း။
ဦးတင်လှ<br>
<ref>၁၉၇၀ ပြည့်နှစ်ထုတ်၊ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည် ့အထိမ်းအမှတ်စာစောင်မှ</ref>
(ထိုခေတ်အခါမှ စကားလုံးအသုံးအနှုန်းများအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။)
== ကိုးကား ==
{{reflist}}
<references/>
 
[[Category:စာပေ]]
 
[[Category:ပညာရပ်]]
[[Category:အဘိဓာန်များ| ]]