ဝီကီပီးဒီးယား:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး "Wikipedia:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ" ကို ကာကွယ်ထားသည် ([ပြင်​ဆင်​ရန်​=အလိုအလျောက...
စာကြောင်း ၂၉ -
* <span id="discussion" />'''တည်းဖြတ်မှုများကို ဆွေးနွေးပါ''': ဆွေးနွေးချက် စာမျက်နှာများသည် တည်းဖြတ်မှုများအား ဆွေးနွေးရာတွင် အထူးအသုံးတည့်သည်။ အကယ်၍ သင့်တည်းဖြတ်မှုကို တစ်စုံတစ်ဦးက နောက်ပြန်ပြင်သွားပြီး သင်က ပြန်လည်ပြင်ဆင်သည်ဆိုပါက ပြန်လည်ပြင်ဆင်ရခြင်း အကြောင်းကို ဆွေးနွေးချက်စာမျက်နှာတွင် ရှင်းလင်းပြခြင်းနှင့် တည်းဖြတ်ခြင်း အတိုချုပ်တွင် မှတ်ချက်ရေးသားခြင်းသည် ကောင်းမွန်သော အပြုအမူတစ်ရပ် ဖြစ်သည်။ ဆွေးနွေးချက် စာမျက်နှာသည် အခြားတည်းဖြတ်သူ၏ ပြင်ဆင်မှုကို မေးမြန်းရန် နေရာလည်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင့်တည်းဖြတ်မှုကို မေးမြန်းပါက ပြည့်စုံပြီး အကူအညီဖြစ်စေမည့် အကြောင်းပြချက်ဖြင့် ပြန်လည်ရေးသားပါ။
* <span id="propose" />'''အဆိုပြုချက်များ ပြုလုပ်ပါ''': ဆောင်းပါးအတွက် အဆိုပြုချက်အသစ်များသည် အခြားတည်းဖြတ်သူများအတွက် ဝင်ရောက်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပြုချက်များတွင် ပြင်ဆင်ခြင်းအတွက် အသေးစိတ် အချက်အလက်များ၊ စာမျက်နှာ ရွေ့ပြောင်းခြင်းများ၊ ပေါင်းစပ်ခြင်းများ သို့မဟုတ် ရှည်လျားသော ဆောင်းပါးအပိုင်းကို သီးခြားဆောင်းပါးအဖြစ် ခွဲထုတ်ခြင်းများ စသည်တို့ ပါဝင်နိုင်သည်။
 
==={{anchor|YES}}{{anchor|Good practices}}ပူးပေါင်းဆောင်ရွက်ကြသော ဆွေးနွေးချက်စာမျက်နှာ အားလုံးအတွက် အပြုအမူကောင်းများ===
{{shortcut|WP:TPG#YES|WP:TPYES}}
*ဆွေးနွေးချက် အသစ် မစတင်မီ '''ခေါင်းစဉ်တူအကြောင်းအရာတူ ရှိမရှိ စစ်ဆေးပါ'''။ ဆွေးနွေးချက် စာမျက်နှာ၏ အပိုင်းများရှိ တူညီသော ဆွေးနွေးချက်များသည် ရှုပ်ထွေးစေနိုင်ပြီး အကြောင်းအရာအပေါ် ပြောဆိုထားမှုများကို အနှောက်အယှက်ဖြစ်စေနိုင်သည်။
*<span id="contentnotcontrib" />'''တည်းဖြတ်သူအပေါ်မဟုတ်ပဲ အကြောင်းအရာအပေါ်သာ သုံးသပ်ပါ''': ဆွေးနွေးချက် စာမျက်နှာတွင် ဝင်ရောက်ပြောဆိုထားသည့် တည်းဖြတ်သူတို့၏ ပုဂ္ဂိုလ်စရိုက်များထက် ဆွေးနွေးချက်စာမျက်နှာရှိ အကြောင်းအရာ ခေါင်းစဉ်ကိုသာ အာရုံစိုက်ဆွေးနွေးပါ။
*<span id="signature" />'''သင့်စာစုများကို လက်မှတ်ထိုးပါ''': စာစုတွင် လက်မှတ်ထိုးရန်အတွက် tilde လေးခု (<nowiki>~~~~</nowiki>) ကို ရိုက်ထည့်ပါက သင့်အသုံးပြုသူအမည်နှင့် အချိန်ရက်စွဲကို အလိုအလျောက် ထည့်သွင်းပေးသွားပါလိမ့်မည်။ သင်၏ အသုံးပြုသူအမည်နှင့် အိုင်ပီလိပ်စာများကို စာမျက်နှာ ရာဇဝင်တွင် မှတ်သားထားသဖြင့် အမည်မသိအသုံးပြုသူအနေဖြင့် သုံးသပ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း မှတ်သားထားပါ။
*<span id="concise" />'''လိုတိုရှင်း ပြောပါ''': ရှည်လျားပြီး တောင်စဉ်ရေမရ ရေးသားထားသော စာများသည် နားလည်ရန် ခက်ခဲသဖြင့် မကြာခဏ ဥပက္ခာပြုခံရသလို နားလည်မှုလွဲမှားနိုင်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ အသေးစိတ်ပြောပြရန် လိုအပ်ပါက အချက်တစ်ချက်ခြင်း ဆွေးနွေးပါ။
*<span id="layout" />'''အသွင်အပြင် ရှင်းလင်းနေပါစေ''': ဆွေးနွေးချက် စာမျက်နှာအား ဆွဲဆောင်မှုရှိရှိနှင့် ရှင်းလင်းစွာ ရေးသားပါ။ ထပ်ခါတလဲလဲရေးသားခြင်း၊ ကမောက်ကမရေးသားခြင်းနှင့် မလိုအပ်သော ဘေးချော်ရေးသားခြင်းများကို ရှောင်ကြဉ်ပါ။
{{anchor|EXHAUST}}{{shortcut|WP:EXHAUST}}
*<span id="focused" />'''ဆွေးနွေးချက်ကို အာရုံစိုက်ပါ''': ဆွေးနွေးချက်များကို အလျင်စလိုမဟုတ်ပဲ သဘောတူညီမှုဖြင့်သဘာဝကျကျ အဆုံးသတ်ပါ။
*<span id="archives" />'''မော်ကွန်းများကို ဖတ်ရှုပါ''': အကယ်၍ သင်သည် ဆောင်းပါးတစ်ခုတွင် တည်းဖြတ်သူအသစ် ဖြစ်ပါက ဆွေးနွေးချက်မော်ကွန်းများကို ရှာဖွေဖတ်ရှုပါ။ သင့်အနေဖြင့် သင်သိလိုသော မေးခွန်း သို့မဟုတ် ကန့်ကွက်ချက်များသည် ဖြေဆိုပြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။
*<span id="welcoming" />'''လူသစ်များကို ကြိုဆိုပါ''': ဝီကီပီးဒီးယားသို့ ရောက်လာသူအသစ်များသည် မူဝါဒများနှင့် အစဉ်အလာများကို ရင်းနှင်းမှု ရှိဦးမည် မဟုတ်ပေ။ [[Wikipedia:လူသစ်များကို ကိုက်မစားပါနှင့်|လူသစ်များကို မခြောက်လှန့်ပါနှင့်]]။ အကယ်၍ တစ်စုံတစ်ဦးသည် ထုံးတမ်းအစဉ်အလာကို ချိုးဖောက်ပြီး ပြုမူနေပါက [[Wikipedia:Assume good faith|အမှတ်တမဲ့ လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူပါ]]။ အမှားများကို ညင်သာစွာ ထောက်ပြပြီး သက်ဆိုင်ရာ မူဝါဒ/လမ်းညွှန်ချက်/အကူအညီ စာမျက်နှာများကို ညွှန်းပြခြင်းသည် ကောင်းမွန်သော ချဉ်းကပ်မှုပင် ဖြစ်သည်။
*<span id="minor" />'''အရေးမကြီးသော ပြောင်းလဲမှုကိုသာလျှင် အရေးမကြီးသော ပြင်ဆင်မှုအမှတ်အသားပြပါ''': စာလုံးပေါင်း ပြင်ဆင်ခြင်း၊ ပုံစံပြင်ခြင်း၊ စာသားများ ပြန်လည်စီစဉ်ခြင်း စသော အကြောင်းအရာကို ပြောင်းလဲမှု မရှိစေသော တည်းဖြတ်မှုများကို အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားပြနိုင်ပါသည်။ ဆွေးနွေးချက်စာမျက်နှာများကို စာသားများ ပေါင်းထည့်ခြင်းအား အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားမပြုသင့်ပါ။
{{shortcut|WP:MULTI}}
*<span id="multi" />'''ဆွေးနွေးချက် စာမျက်နှာများတွင် အကြောင်းအရာတူများကို လိုက်လံရေးသားခြင်း ရှောင်ကြဉ်ပါ''': ဆွေးနွေးချက်ကို နေရာတစ်နေရာတွင်သာ စတင်ပါ။ လိုအပ်လျှင် အခြားနေရာတွင် ဆွေးနွေးချက်၏ လင့်ခ်ကိုသာ ရေးသားရန် အကြံပြုပါသည်။ ကွဲပြားလျက်ရှိသော ဆွေးနွေးချက်များကို တွေ့ရှိပါက တစ်နေရာတည်းသို့ စုစည်းပေးနိုင်ပြီး လင့်ခ်ညွှန်နိုင်ပါသည်။ တည်းဖြတ်ခြင်း အကျဉ်းချုပ်နှင့် ဆွေးနွေးချက်စာမျက်နှာများတွင် သင့်တည်းဖြတ်မှုကို ရှင်းလင်းစွာ ဖော်ပြပေးပါ။
 
{{ဝီကီပီးဒီးယား မူဝါဒများနှင့် လမ်းညွှန်ချက်များ}}