ပါဝါညွှန်းကိန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 langlinks, now provided by Wikidata on d:q750454
No edit summary
စာကြောင်း ၁ -
==ပါဝါညွှန်းကိန်း==
အေစီboasအေစီ လျှပ်စီးအသုံးပြု လျှပ်စစ်ဓါတ်အားစနစ် တွင် ပါဝါညွှန်းကိန်းသည် အမှန်တကယ်အသုံးပြုလျှပ်စစ်စွမ်းအား(စွမ်းအားစစ် - realpower)ကို အသုံးပြုသည်ထင်ရသောလျှပ်စစ်စွမ်းအား(အသုံးပြုရန်ပေးရသောစွမ်းအား-apparent power)ဖြင့် စားခြင်းဖြစ်သည်။ တိုင်းတာယူနစ် သတ်မှတ်ထားခြင်းမရှိဘဲ ၁ နှင့် -၁ ကြားတွင်ရှိသည်။ စွမ်းအားစစ် သည် အမှန်တကယ်လုပ်ဆောင်နေချိန်တွင် အမှန်တကယ် အသုံးပြုနေသော စွမ်းအားဖြစ်သည်။ အသုံးပြုရန်ပေးရသောစွမ်းအား သည် [[ဗို့]]အားနှင့် [[လျှပ်စီး]]ကိုသာ မြှောက်၍ရသော စွမ်းအားတစ်ခုသာဖြစ်သည်။ ဝန်များ၏ စွမ်းအင်များကို သိုလှောင်နိုင်သောသတ္တိများ နှင့် တသက်မတ်တည်းမရှိဘဲ ပြောင်းလဲနိုင်သော သတ္တိများကြောင့် အသုံးပြုရန် ပေးရသောစွမ်းအားသည် အမှန်တကယ် အသုံးပြုလျှပ်စစ်စွမ်းအားထက် များလာရလေသည်။ စွမ်းအားများကို ထုတ်ပေးနိုင်သော ဝန်များတွင် အနှုတ်ပါဝါညွှန်းကိန်း များသည် လျှပ်စစ်စွမ်းအား ထုတ်ပေးရာ ရင်းမြစ်ဆီသို့[[ဂျင်နရေတာ]](generator)များဆီသို့ ပြန်လည်၍ စီးလာတတ်သည်။
လျှပ်စစ်စွမ်းအားများတွင် တူညီသော ဝန်တစ်ခုအတွက် ပါဝါညွှန်းကိန်း ကျဆင်းပါက လျှပ်စီးသည် သတ်မှတ်ထားသောဝန်၏ လျှပ်စီးထက်ပို၍ စီးမည်။ လျှပ်စီးများများစီးပါက လျှပ်စစ်စွမ်းအားအတွက် စွမ်းအင်ဆုံးရှုံးမှု ဖြစ်စေပြီး ထိုလျှပ်စီး များများစီးဆင်းစေရန် ကြိုးဆိုက်ကြီးကြီး သုံးရလေသည်။ ထို့ကြောင့် ပါဝါညွှန်းကိန်း လျော့နည်းနေသော စက်ရုံ၊ အလုပ်ရုံများအတွက် စွမ်းအင်များဆုံးရှုံးနေခြင်းကြောင့် ကုန်ကျစရိတ်မြင့်မားစေသည်။ ထိုသို့ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ပါဝါညွှန်းကိန်းသည် ကောင်းမွန်မှုရှိရန်လိုအပ်ပေသည်။ ထိုသို့ ကောင်းမွန်ရန်အတွက် [[လျှပ်သို]]များ၊[[လျှပ်ညှို့]] ပစ္စည်းများကို ချိတ်ဆက်အသုံးပြုကြရသည်။