သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး''' ({{lang-en|HPV vaccine}})သည် လူကိုရောဂါဖြစ်စေသော ပက်ပါလိုမားဗိုင်းရပ်စ်ပိုး (HPV ခေါ် ''[[:en:Human papilloma virus| Human papilloma virus (English)]]'')၏ အချို့အမျိုးအစားများကို ကာကွယ်ပေးသော [[ကာကွယ်ဆေး]]ဖြစ်သည်။<ref name="WHO2014"><cite class="citation journal" contenteditable="false">[http://www.who.int/wer/2014/wer8943.pdf "Human papillomavirus vaccines: WHO position paper, October 2014."] </cite></ref> HPV ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါင်း ၂မျိုး၊ ၄မျိုးနှင့် ၉မျိုးကို ကာကွယ်ပေးသော ကာကွယ်ဆေးများရှိသည်။<ref name="WHO2014"><cite class="citation journal" contenteditable="false">[http://www.who.int/wer/2014/wer8943.pdf "Human papillomavirus vaccines: WHO position paper, October 2014."] </cite></ref><ref><cite class="citation journal" contenteditable="false">Kash, N; Lee, MA; Kollipara, R; Downing, C; Guidry, J; Tyring, SK (3 April 2015). </cite></ref> HPV ၁၆နှင့် ၁၈ ဗိုင်းရပ်စ်ပိုးများသည် ဖြစ်နိုင်ခြေအများဆုံးရှိသောကြောင့် ကာကွယ်ဆေးအားလုံးသည် ဤနှစ်မျိုးကို ကာကွယ်ပေးနိုင်လေ့ရှိသည်။ ဤကာကွယ်ဆေးများသည် [[သားအိမ်ခေါင်းကင်ဆာရောဂါ]]ကို (၇၀)ရာခိုင်နှုန်းခန့်၊ [[စအိုကင်ဆာ]]ကို (၈၀)ရာခိုင်နှုန်းခန့်၊ [[သားအိမ်လမ်းကြောင်းကင်ဆာ]]ကို (၆၀)ရာခိုင်နှုန်းခန့်၊ [[မိန်းမကိုယ်ကင်ဆာ]]ကို (၄၀)ရာခိုင်နှုန်းခန့်နှင့် အချို့[[ပါးစပ်ကင်ဆာ]]များကိုပါ ကာကွယ်နိုင်သည်။<ref><cite class="citation journal" contenteditable="false">De Vuyst, H; Clifford, GM; Nascimento, MC; Madeleine, MM; Franceschi, S (1 April 2009). </cite></ref><ref><cite class="citation journal" contenteditable="false">Takes, RP; Wierzbicka, M; D'Souza, G; Jackowska, J; Silver, CE; Rodrigo, JP; Dikkers, FG; Olsen, KD; Rinaldo, A; Brakenhoff, RH; Ferlito, A (December 2015). </cite></ref><ref><cite class="citation journal" contenteditable="false">Thaxton, L; Waxman, AG (May 2015). </cite></ref> ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါင်း ၄မျိုးနှင့် ၉မျိုးကို ကာကွယ်ပေးသော ကာကွယ်ဆေးများသည် [[လိင်အင်္ဂါတွင်ဖြစ်သော ကြွက်နို့]](genital warts)ဖြစ်ပွားမှုကိုပါ ကာကွယ်ပေးနိုင်သည်။<ref name="WHO2014"><cite class="citation journal" contenteditable="false">[http://www.who.int/wer/2014/wer8943.pdf "Human papillomavirus vaccines: WHO position paper, October 2014."] </cite></ref>
 
အကုန်အကျခံနိုင်သောနိုင်ငံများတွင် ဤကာကွယ်ဆေးကို [[ပုံမှန်ထိုးသင့်သော ကာကွယ်ဆေး]]အဖြစ် သတ်မှတ်ထားပြီး အခြားကာကွယ်ရေးနည်းလမ်းများနှင့်ပါတွဲ၍ ဆောင်ရွက်ရန် [[ကမ္ဘာ့ကျန်းမာရေးအဖွဲ့]]မှ အကြံပြုထားသည်။ ကာကွယ်ဆေးထိုးခံရသောလူ၏ အသက်ပေါ်မူတည်၍ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးရန်လိုအပ်သည်။ ပုံမှန်အားဖြင့် မိန်းကလေးများအသက် (၉)နှစ်မှ (၁၃)နှစ်အတွင်း ထိုးသင့်သည်။ ဤကာကွယ်ဆေးထိုးပြီးလျှင် အနည်းဆုံးနောက်(၈)နှစ်အထိ ကာကွယ်မှုပေးနိုင်သည်။ ကာကွယ်ဆေးထိုးပြီးသော်လည်း သားအိမ်ခေါင်းကင်ဆာရောဂါအတွက် စမ်းသပ်စစ်ဆေးမှုများ ပုံမှန်ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။<ref name="WHO2014"><cite class="citation journal" contenteditable="false">[http://www.who.int/wer/2014/wer8943.pdf "Human papillomavirus vaccines: WHO position paper, October 2014."] </cite></ref> လူထုတစ်ရပ်အတွင်းရှိ လူအများစုကို ဤကာကွယ်ဆေးပေးပါက ဆေးမထိုးရသေးသူများပါ အကျိုးရှိနိုင်သည်။<ref><cite class="citation journal" contenteditable="false">Saville, AM (30 November 2015). </cite></ref> သို့သော်လည်း ရောဂါကူးစက်ခံရပြီးသောလူများတွင် ဤကာကွယ်ဆေးမှာ အကျိုးသက်ရောက်မှုမရှိတော့ပါ။<div><ref name="WHO2014"><cite class="citation journal" contenteditable="false">[http://www.who.int/wer/2014/wer8943.pdf "Human papillomavirus vaccines: WHO position paper, October 2014."] </cite></ref></div>