နိုဘယ်ဆု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Edit merged articles
စာကြောင်း ၁ -
{{merge|နိုဗယ်ဆု}}
{{Infobox ဆုတံဆိပ်
|name = နိုဘဲလ်ဆု
The Nobel Prize
|image = Nobel Prize.png
|alt = A golden medallion with an embossed image of Alfred Nobel facing left in profile. To the left of the man is the text "ALFR•" then "NOBEL", and on the right, the text (smaller) "NAT•" then "MDCCCXXXIII" above, followed by (smaller) "OB•" then "MDCCCXCVI" below.
|description = [[ရူပဗေဒ]]၊ [[ဓာတုဗေဒ]]၊ ရသစာပေ၊ ငြိမ်းချမ်းရေးနှင့် ဇီဝကမ္မဗေဒ (သို့) ဆေးပညာ တို့ဖြင့် လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသောသူများ အတွက် နိုဘဲလ်ဆုနှင့် စီးပွားရေးသိပ္ပံ အတွက် နိုဘဲလ်ဆု
|description= Outstanding contributions in [[Nobel Prize in Physics|Physics]], [[Nobel Prize in Chemistry|Chemistry]], [[Nobel Prize in Literature|Literature]], [[Nobel Peace Prize|Peace]], [[Nobel Prize in Physiology or Medicine|Physiology or Medicine]], and [[Nobel Memorial Prize in Economic Sciences|Economic Sciences]]
|presenter = ဆွီဒစ်ပညာ့တံခွန်အသင်း
နိုဗယ်ဆုကော်မတီ (ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ)
နိုဗယ်ကော်မတီ (ကာရိုလင်စကာ သိပ္ပံ)
နော်ဝေနိုဗယ်ကော်မတီ
|presenter= [[Swedish Academy]]
Nobel committee of Royal Swedish Academy of Sciences
Nobel committee of Karolinska Institutet
Norwegian Nobel Committee
|country = {{flag|ဆွီဒင်နိုင်ငံ}},
{{flag|နော်ဝေနိုင်ငံ}} (ငြိမ်းချမ်းရေး ဆုတစ်မျိုးသာ)
|country= [[Sweden]]
[[Norway]] (Peace Prize only)
|year = ၁၉၀၁
၁၉၆၉ (စီးပွားရေးသိပ္ပံ)
|year= 1901
|No. of Laureates= 862 in 2012
|website = [{{url|http://nobelprize.org nobelprize.org]}}

{{အတွက်|နှစ်စဉ် နိုဘဲလ်ဆု မည်သူမည်ဝါရရှိသည်ကို |နိုဘဲလ်ဆုရှင်များ ဇယား}}
{{အတွက်|နှစ်စဉ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု မည်သူမည်ဝါရရှိသည်ကို |နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်များ}}

'''နိုဘဲလ်ဆု''' ({{IPA-sv|noˈbɛl}}, [[Swedish language|Swedish]] definite form, singular: ''Nobelpriset''; [[Norwegian language|Norwegian]]: ''Nobelprisen'') သည် အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်တစ်ခုဖြစ်ပြီး၊ ဆုအမျိုးအစားပေါင်း များစွာရှိသောလည်း အဓိကဆုများမှာ ယဉ်ကျေးမှုဆိုင်ရာ (သို့) သိပ္ပံပညာရပ် တိုးတက်ကျယ်ပြန့်မှုများအတွက် အပ်နှင်းလေ့ရှိသည်။ လူမျိုး ကရုဏာသက်ရောက်စေရန် တီထွင်ခဲ့သူ ဆွီဒင်လူမျိုးဖြစ်သည့် [[အဲလ်ဖရက် နိုဘဲလ်]]၏ သေတမ်းအမှာစာတွင်ရေးသားထားသည့်အတိုင်း ၁၈၉၅ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ [[နိုဘဲလ် ရူပဗေဒဆု|ရူပဗေဒ]], [[နိုဘဲလ် ဓာတုဗေဒဆု|ဓာတုဗေဒ]], [[နိုဘဲလ် ကိုယ်ခန္တာတန်ဆာလုပ်ဆောင်မှု ပညာ (သို့) ဆေးပညာဆု|ကိုယ်ခန္တာတန်ဆာလုပ်ဆောင်မှု ပညာ (သို့) ဆေးပညာ]], [[နိုဘဲလ် စာပေဆု|စာပေ]] နှင့် [[နိုဘဲလ် ငြိမ်းချမ်းရေးဆု|ငြိမ်းချမ်းရေး]] ဆုများကို ၁၉၀၁ခုနှစ်မှ စတင်ပေးအပ်ခဲ့သည်။<ref>{{cite news|title=Which country has the best brains? |url=http://www.bbc.co.uk/news/magazine-11500373 |accessdate=6 December 2011|publisher=[[BBC News]]|date=8 October 2010}}</ref>

== အဲလ်ဖရက်နိုဘဲယ် ==
နိုဘဲယ်ဆုသည် [[ဆွီဒင်]] နိုင်ငံသား [[အဲလ်ဖရက် နိုဘဲယ်]](Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဘဲယ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဘဲယ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် [[ဓာတုဗေဒ]]၊ [[ရူပဗေဒ]]၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ [[အမေရိကန်ပြည်ထောင်စု]]သို့ သွား၍ နာမည်ကျော် [[အင်ဂျင်နီယာ]] ဆရာကြီးတဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဗယ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တဦးအပါအဝင် ဖြစ်လာသည်။

နောင်အခါ ယမ်းဘီလူးကို စစ်ခင်းနိုင်ငံများသည် စစ်ပွဲများ၌ အသုံးပြုလာကြသောကြောင့် သူ့ယမ်းဘီလူးသည် လူ့လောက ပျက်စီးရာ ပျက်စီးကြောင်းလည်း ဖြစ်ရသည်ကို တွေ့လာသောအခါ နိုဗယ်သည် ပြင်းစွာ တုန်လှုပ်၍ စိတ်မချမ်းမသာ ဖြစ်ရှာသည်။ ထို့ကြောင့် လူ့လောက ငြိမ်းချမ်း တိုးတက်မှု ရှိလာစေသော ဆန္ဒဖြင့်လည်းကောင်း၊ မေတ္တာစိတ်၊ ကရုဏာစိတ် ပျံ့နှံ့မှု ရှိလာစေသော ဆန္ဒဖြင့် လည်းကောင်း သူ့စည်းစိမ်တခုလုံးကို လှူဒါန်းခဲ့သည်။

နိုဘဲယ်သည် သူမကွယ်လွန်မီ တနှစ်အလိုဖြစ်သော ၁၈၉၅ ခုတွင် တစ်ကမ္ဘာလုံးက အံ့အားသင့်ရသော သေတမ်းစာကို ရေးခဲ့သည်။ ထိုသေတမ်းစာအရ သိရသည်မှာ ရင်းနှီးမတည်ငွေ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေ၍ ထိုအဖွဲ့အစည်းသို့ သူ့စည်းစိမ်တခုလုံးကို အပ်နှင်းကြောင်း၊ သူ့စည်းစိမ်ကို အရင်းအနှီးပြုလျက် ထိုအရင်းအနှီးမှ နှစ်စဉ်ရသော အကျိုးအမြတ်ငွေများကို ငါးစု အညီအမျှခွဲလျက် (၁) [[ရူပဗေဒ]]ဖြင့်လည်းကောင်း၊ (၂) [[ဓာတုဗေဒ]]ဖြင့်လည်းကောင်း၊ (၃) [[ဆေးပညာ]]ဖြင့်လည်းကောင်း၊ (၄) [[ရသစာပေ]]ဖြင့်လည်းကောင်း၊ (၅) [[ငြိမ်းချမ်းရေး]] ဆောင်ရွက်ချက်ဖြင့်လည်းကောင်း လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသော ပုဂ္ဂိုလ်ငါးဦးကို အဆိုပါ အဖွဲ့အစည်းက နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဆုချီးမြှင့်စေလိုကြောင်း သိရပါသည်။ နှစ်စဉ်ရရှိသော အကျိုးအမြတ်ငွေ အင်အားအလိုက် ဆုတဆုလျှင် ယခုအခါ၌ ဒေါ်လာတသိန်းကျော် တန်နေပြီဟု သိရသည်။

==ကိုးကား==
<references/>