အက်ဒွပ် ဂစ်ဗန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
No edit summary
စာကြောင်း ၁ -
[[File:Edward Emily Gibbon.jpg|thumb|အက်ဒဝပ် ဂစ်ဗန်၏ ပုံတူ ပန်းချီကား]]
== ဂစ်ဗန် အက်ဒွပ်(ခရစ် ၁၇၃၇-၁၇၉၄) ==
[[ရောမ]]နိုင်ငံကြီး ပျက်စီးယိုယွင်းပုံသမိုင်းကို ရေးသားပြုစုခဲ့သော နာမည်ကျော် စာရေးဆရာကြီး အက်ဒွပ်ဂစ်ဗန်သည် ခရစ် ၁၇၃၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် [[လန်ဒန်မြို့]]အနီးရှိ ပတ္တနီမြို့၌ ဖွားမြင်သည်။ မိဘတို့မှာ ငွေကြေးတတ်နိုင်သူများ ဖြစ်၏။ ဂစ်ဗန်သည် ငယ်စဉ်က ချူချာလှသဖြင့် ကျောင်းကို ပင် မှန်မှန်မတက်နိုင်ခဲ့ချေ။ သို့ရာတွင် စာများစွာဖတ်ခဲ့သူ ဖြစ်၍ ပညာဗဟုသုတပြည့်စုံပြီးလျှင် အသက် ၁၅ နှစ်တွင် အောက်စဖို့တက္ကသိုလ်၊ မောဒလင်ကောလိပ်ကျောင်းသို့ တက်ရောက်ခဲ့သည်။ သို့ရာတွင် မကြာမီ ဗရင်ဂျီဂိုဏ်းသို့ ကူးပြောင်းသွားသဖြင့် သူ၏ဖခင်က သူ့ကို အောက်စဖို့တက္ကသိုလ်မှ ထုတ်လိုက်သည်။ ထို့နောက် ဂစ်ဗန်ကို [[ဆွစ်ဇာလန်နိုင်ငံ]]
လိုဇန်းမြို့ရှိ ပရိုတက်စတန့် ဘုန်းကြီးတစ်ပါးထံတွင် အပ်နှံ၍ ပညာသင်ကြားစေ၏။ ထိုမြို့တွင် ဂစ်ဗန်သည် ၅ နှစ်ကြာခဲ့၏။