မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by 39.173.172.219 (talk) to last revision by Ninjastrikers
အရေးမကြီး →‎မြန်မာအသတ်ဗျည်းများ: သုညနှင် ဝလုံးမှားနေသည်ကို ပြင်သည်
စာကြောင်း ၁၈၆ -
ဝဏ္ဏဗောဓနသတ်အင်းတွင် က်၊ င်၊ စ်၊ ည်၊ တ်၊ န်၊ ပ်၊ မ် ဟူ၍ အသတ်ဗျည်း (၈) ခု ပြသည်။ ဝေါဟာရတ္ထပကာသနီကျမ်းက အဆိုပါ (၈) ခုတွင် ယ် နှင့် ဝ် ဖြည့်၍ (၁၀) ခု ပြဆိုခဲ့သည်။ မြန်မာသင်ပုန်းကြီးတွင်လည်း က်၊ င်၊ စ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်၊ ဝ် ဟူ၍ အသတ်ဗျည်း (၁၀) ခု ပြသည်။
 
မြန်မာအသတ် ဗျည်းတို့၏ သမိုင်းတွင် ဝသတ်သည် အေဒီ ၁၉ ရာစုအတွင်း၌ ခေတ်တိမ်သွားသည်။ ဉ သတ်ကို အေဒီ ၁၅ ရာစု အလယ် (သက္ကရာဇ် ၈၀၀ ခန့်)တွင် အသုံးပြုလာကြသည်။ ထို့နောက် "ဉ ဦးခေါင်းမဲ့" ဟူသော အမည်ကြောင့် မင်္ဂလာမရှိဟု ပစ်ပယ်ခံခဲ့ရသည်။ ဉသတ်သည် အေဒီ ၁၉ ရာစု ကုန်ခါနီးတွင်မှ တည်တံ့လာသည်။ ဤသမိုင်းကြောင်းအရ အသုံးမတွင်တော့သော ဝ် ကို ချန်လှပ်၍ အသုံးတွင်သော ဉ် ကို ထည့်သွင်းကာ အသတ်ဗျည်း (၁၀) ခု ရေတွက်သည်။ မြန်မာစာအရေးအသား ခေတ်ဦးကာလကမူ က်၊ င်၊ စ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်၊ ၀်၊ဝ်၊ ဟ်၊ အ် ဟူ၍ အသတ်ဗျည်း (၁၂) ခုအထိ ရှိခဲ့ဖူးသည်။ ထိုစဉ်က ဟ် ကို ယခု ဝစ္စပေါက်သုံးသည့်နေရာတွင် သုံးကြသည်။ (သာဓက။ သာဟ် = သား၊ ဖျက်ဆီဟ် = ဖျက်ဆီး။) ဟ် သည် အေဒီ ၁၃ ရာစုအစတွင် ပျောက်ကွယ်သွားခဲ့သည်။ ဝစ္စပေါက်မှာ အေဒီ ၁၆ ရာစုရောက်မှ အသုံးတွင်ကျယ်လာသည်။
 
အ် ကို မြန်မာစာအရေးအသား စတင်တွေ့ရချိန်မှ အေဒီ ၁၆ ရာစုအထိ တွေ့ရသည်။ အသတ်မပါသော သံရှည်စာလုံးများ ဖြစ်သည့် ပေ၊ ဧ စသည်တို့ကို အသံတိုစေရန် ‘အ’ သတ်၍ ပေအ်၊ ဧအ် ဟု ရေးသည်။ ပေ့၊ အေ့ ဟု အောက်မြစ်သံထွက်သည်။ အသတ်ပါသော သံရှည် စာလုံးများဖြစ်သည့် နှင်၊ အမ်၊ နိယ် စသည်တို့ကို အသံတိုစေလိုသောအခါတွင်မူ နှင်အ်၊ အမ်အ်၊ နိယ်အ် ဟု အသတ်ဗျည်းနှစ်ခု ဆက်မရေးတော့ဘဲ ထက်အောက်ဆင့်လျက် နှင်အ ၊ အမ်အ ၊ နိယ်အ ဟု နေရာချုံ့၍ ရေးခဲ့ကြသည်။ နှင့်၊ အံ့၊ နေ့ဟု အောက်မြစ်သံထွက်သည်။ ဤသို့ဖြင့် အ် နှင့် အ် ချုံ့ရေးသည့် -အ် ဟူ၍ ရှိခဲ့သည်။ အ် သည် အေဒီ ၁၆ ရာစု (သက္ကရာဇ် ၉၀၀ ခန့်)တွင် တိမ်ကောပျောက်ကွယ်သွားသည်။ -အ် မှာ မျက်မြင်ပုံသဏ္ဌာန်အရ အဆွဲသဘောသို့ သက်ရောက်သွားပြီး အောက်မြစ်သို့ အဆင့်ဆင့် ပြောင်းလဲသွားသည်။