အရှေ့တောင်အာရှနိုင်ငံများအသင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၇ -
| တည်ထောင်ခုနှစ် = ဩဂုတ်၈ ၁၉၆၇
| အဖွဲ့ဝင်နိုင်ငံပေါင်း= ၁ဝနိုင်ငံ
| အမျိုးအစား = ဒေသတွင်း
| ဌာနချုပ် =
| ခေါင်းဆောင်_ရာထူး(၁) = အတွင်းရေးမှူးချုပ်
စာကြောင်း ၁၁၆ -
* အာဆီယံထိပ်သီးအစည်းအဝေး
* အာဆီယံထိပ်သီးအဆင့် အလွတ်သဘောအစည်းအဝေး
* အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများအစည်းအဝေး (အာဆီယံ+၃၊ အာဆီယံ+တရုတ်၊
* အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေး (နိုင်ငံခြားရေးဝန်ကြီးများ)
* အာဆီယံ အမြဲတမ်းကော်မတီ
* အာဆီယံ စီးပွားရေးဝန်ကြီးအဆင့် အစည်းအဝေး (အာဆီယံဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်ရေးဆိုင်ရာ ကိစ္စရပ်များ လွတ်လပ် သော ကုန်သွယ်မှု ဒေသဖြစ်ပေါ်ရေးနှင့် စပ်လျဉ်းသောကိစ္စများ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကိစ္စများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးကို ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်း)
* အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး
* အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး (အဖွဲ့ဝင် (၁၀)နိုင်ငံ၊ ဆွေးနွေးဘက် (၁၀)နိုင်ငံနှင့်
== အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီချက်များ ==
အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်သဘောတူညီချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
* အာဆီယံဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်
* အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကျိုးတူ ခံစားခွင့်ရှိသော အကောက်အခွန် အခွင့်အရေးပေးသည့် အစီအစဉ်ဆိုင်ရာ သဘောတူညီချက်
Line ၁၄၁ ⟶ ၁၄၀:
ASEAN CCI ကို ၁၉၇၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအား ကိုယ်စားလှယ်ပြုသည့် CCI များ ပါဝင်ကြကာ UMFCCI သည် ၁၄-၁၀-၁၉၉၇ တွင် ASEAN CCI အဖွဲ့ဝင်ဖြစ်လာပါသည်။
ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်စစ်စခန်းများ တဖြည်းဖြည်းချင်း ပိတ်ပစ်ရတော့မည့်အခြေအနေများကြောင့် ဒေသဆိုင်ရာလုံခြုံရေးသဘောတူညီမှု တညီတညွတ်တည်းရှိရန် လိုအပ်လာတော့သည်။ ဖိလစ်ပိုင်ရှိ အမေရိကန်စစ်စခန်းများအနေဖြင့် ပစိဖိတ်ဒေသကာကွယ်ရေးအတွက် အဓိကကျသည့်နေရာမှ ပါဝင်နေရာ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ လုံခြုံရေးအတွက် အထောက် အကူပြုနေပေသည်။
ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိရေးစာချုပ်သစ်အတွက် စေ့စပ်ညှိနှိုင်းလျက်ရှိရာ လျော်ကြေးပေးရမည့်ငွေပမာဏနှင့် စစ်စခန်းများ သက်တမ်းသတ်မှတ်ရေးနှင့်
စပ်လျဉ်း၍ တစ်စုံတစ်ရာ သဘောတူညီမှုမရရှိဘဲ သောင်မတင်ရေမကျဖြစ်နေခဲ့သည်။ အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိရေး၊ မထားရှိရေး ပြဿနာမှာ အာဆီယံ နိုင်ငံများနှင့်မသက်ဆိုင်ဘဲ ဖိလစ်ပိုင်နှင့်အမေရိကန်နှစ်နိုင်ငံ အကြား ဖြေရှင်းရမည့် ပြဿနာဖြစ်သည်ဟု အာဆီယံ နိုင်ငံများက ခံယူထားသည်။
၁၉၉၁ ခုနှစ်ဧပြီလအတွင်းက စင်ကာပူဝန်ကြီးချုပ် ဂိုချုပ်တောင်သည် ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ လာရာ ဒေသအတွင်းအမေရိကန် စစ်အင်အား လျှော့ချမှုနှင့် စပ်လျဉ်း၍ ၎င်း၏ သဘောထားအမြင်ကို တင်ပြခဲ့သည်။ ဖိလစ်ပိုင် သမ္မတအကီနိုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်စစ်အခြေစိုက် စခန်းများ ဆက်လက်တည်ရှိနေမှုကို ထောက်ခံကြောင်းပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် မတ်လ ၁ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ရာတွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတိုနှင့်တွေ့ဆုံပြီး အနောက်ဥရောပတွင်ရှိ စီးပွားရေးအုပ်စုများနှင့် ယှဉ်၍ တန်ပြန်
လုပ်ဆောင်နိုင်စေရန်အတွက် အရှေ့အာရှစီးပွားရေးအုပ်စု ဖွဲ့စည်းရန်ကို ဆွေးနွေးခဲ့ပြီး မဟာသီယာက ယင်းစီးပွားရေး အုပ်စုကို ဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာဈေးကွက်တွင် နောက်ထပ် လမ်းဖွင့်ပေးမှုများ ဖြစ်ပေါ်စေရန် အခြေခံအားဖြင့် ရည်ရွယ်သည်ဟု ပြောကြားသည်။ သမ္မတဆူဟာတိုက ယင်းအဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်ခြောက်နိုင်ငံက အပြန်အလှန်စိစစ်သုံးသပ်ရန်လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားသည်။
မလေးရှားဝန်ကြီးချုပ် မဟာသီယာ တင်ပြခဲ့သည့် အရှေ့အာရှ စီးပွားရေးအုပ်စု ဖွဲ့စည်းရေးအဆိုနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အထက်တန်းအရာရှိကြီးများသည် မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၉ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းက ဘရပ်ဆယ်မြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုအသစ်ဆိုင်ရာ ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် မလေးရှားဝန်ကြီးချုပ် မဟာသီယာက အာဆီယံအဖွဲ့ဝင် နိုင်ငံများအပါအဝင် ဂျပန်၊ တရုတ် တောင်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြားအာရှနိုင်ငံများသည် အရှေ့အာရှစီးပွားရေးအုပ်စု ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။
ဤသို့ စီးပွားရေးအုပ်စုဖွဲ့စည်းခြင်းမှာ ကုန်သွယ်ရေးပိတ်ဆို့မှု သဘောမျိုး ပြုလုပ်ခြင်းမဟုတ်ဘဲ လွတ်လပ်သော ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာဖွေကာ နိုင်ငံတကာကုန်သွယ်မှု စေ့စပ်ညှိနှိုင်းမှုများတွင် စီးပွားရေးအုပ်စု တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံငယ်ကလေးများအား တန်ပြန် ထိုးနျက်ချက် ပိုမိုရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။ မလေးရှားနိုင်ငံ၏ စီးပွားရေးအုပ်စုဖွဲ့ရန် တင်ပြချက်မှာ ထောက်ခံမှုအပြည့်အဝမရရှိခဲ့ပေ။ ဤအာဆီယံနိုင်ငံများ အနေဖြင့် စီးပွားရေးအုပ်စု ဖွဲ့စည်းမည်ဆိုပါက ယင်းအဖွဲ့ကလက်ရှိအာဆီယံကို လွှမ်းမိုးသွားစေနိုင်ခြင်းနှင့် အာဆီယံက ပါဝင်ဆောင်ရွက်မည့် အာရှ·ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ပဋိပက္ခ ဖြစ်စေနိုင်ခြင်းတို့ကို မလိုလားချေ။ သို့ဖြစ်ရာ အရှေ့အာရှ စီးပွားရေးအုပ်စုဖွဲ့စည်းရန် ကိစ္စကို ဇူလိုင်လတွင်ကျင်းပမည့်
အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြ၍ စဉ်းစားဆုံးဖြတ်ရန် သဘော တူခဲ့သည်။
အထက်ပါအာဆီယံနိုင်ငံများမှ အထက်တန်းအရာရှိကြီးများ၏ အစည်းအဝေးတွင် သက်တမ်း ၁၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် ကမ္ဘောဒီးယား ပဋိပက္ခပြဿနာနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပရန်ရှိသည့် ကမ္ဘာဒီးယားပြိုင်ဘက် အုပ်စုများ၏ ဆွေးနွေးပွဲကိစ္စကိုလည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်အတွက် အဆိုပြုထားပြီး
ဖြစ်သည့် အာဆီယံ စီးပွားရေးစာချုပ်နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အား အာဆီယံနှစ်ပတ်လည် အစည်းအဝေးသို့ဆွေးနွေးဖက်နိုင်ငံများအဖြစ် လက်ခံတက်ရောက်ခွင့်ပြုရန်ကိုလည်း ထောက်ခံခဲ့သည်။ ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများ (အီးစီ) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၃ဝ နှင့် ၃၁ ရက်နေ့များက လူဇင်ဘတ်
မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ခေတ်မမီတော့သည့် ၁၉၈ဝ ပြည့်နှစ် အီးစီ·အာဆီယံ သဘောတူစာချုပ်ကို အစားထိုးရန် အတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်ကို ရေးဆွဲရန် အီးစီအဖွဲ့က အဆိုပြုခဲ့သည်။
၁၉၈ဝ ပြည့်နှစ် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟောင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးတွင် လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့ရုံမျှမက အီးစီနှင့်အာဆီယံအကြား
စီးပွားရေးဆက်ဆံမှုများကိုလည်း ကိုယ်စားပြုခြင်းမရှိတော့ဟု ဆိုသည်။
အီးစီနှင့် အာဆီယံအကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း တစ်နှစ်လျှင် ၃၅ ဘီလီယံကျော် ရှိခဲ့သည်။ အီးစီသည် အာဆီယံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ၁၉၈၃ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်အတွင်း အီးစီက အာဆီယံမှ ကုန်တင်သွင်းမှုမှာ ၉၂ ရာခိုင်နှုန်း မြင့်တက်သွားပြီး အီးစီမှ အာဆီယံသို့ ကုန်တင်ပို့မှုမှာ ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့ရာတွင် ကြာသေးမီကာလအတွင်း အရှေ့တောင်အာရှ ဖွံ့ဖြိုးစနိုင်ငံများတွင်အီးစီ၏ ရင်းနှီးမြုပ်နှံမှုမှာ ဂျပန်နှင့်အမေရိကန်တို့ နောက်သို့ ရောက်သွားပြီး တတိယနေရာမှ လိုက်နေသဖြင့် ဤသို့ ရင်းနှီးမြုပ်နှံမှုကို အီးစီက အားမပေးခြင်းအတွက် အာဆီယံက ပြစ်တင်ဝေဖန်ခဲ့သည်။
ယခုရေးဆွဲမည့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် စာချုပ်သစ်တွင် ရင်းနှီးမြုပ်နှံမှု၊သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအလေးပေးထားပြီး အီးစီ၏ဖွံ့ဖြိုးမှုအကူအညီအပေါ် အလေးပေးမှု
ကို လျှော့ချထားသည်။ ၁၉၉၃ ခုနှစ် အရောက်တွင်တစ်ခုတည်းသော ဈေးကွက်ဖြစ်လာသည့်အခါ အီးစီအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးသွားလိမ့်မည်ဟု အာဆီယံ၏စိုးရိမ်ပူပန်မှုများကိုလည်း အီးစီ
ကိုယ်စားလှယ်များက ချေဖျက်ခဲ့သည်။ ဤအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင်လ ၁၉ ရက်မှ ၂ဝ ရက်နေ့အထိ ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးပွဲအပြီး ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၄ရက်နေ့အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ ဥရောပဘုံဈေးအဖွဲ့၊ သြစတေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ယခုနှစ်အာဆီယံနှစ်ပတ်လည် အစည်းအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်ကျိချင်နှင့် ဆိုဗီယက် ဒုတိယဝန်ကြီးချုပ် ယူရီမာဆလီယူကော့ဗ် တို့သည် မလေးရှားအစိုးရ၏ ဧည့်သည်များအဖြစ် တက်ရောက်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အာဆီယံဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံပြီး အနာဂတ်တွင်အာဆီယံနှင့် ဆက်ဆံမည့် နှစ်နိုင်ငံ ဆက်ဆံရေးပုံစံနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အာဆီယံမှ
အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရေနံ ပေါကြွယ်ဝသော ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၊ ဆိုဗီယက်နိုင်ငံတို့နှင့် လည်းကောင်း၊ အခြားမည်သည့် ကွန်မြူနစ်အစိုးရနှင့် လည်းကောင်း၊ သံတမန် ဆက်သွယ်မှုမရှိပေ။ သို့ရာတွင်
တရုတ်၊ ဆိုဗီယက်နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်မည် ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အာဆီယံနှစ်ပတ်လည်အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် ထုတ်ပြန်ကြေငြာချက်တစ်ရပ်၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကမ္ဘောဒီးယားစင်ပြိုင်အုပ်စုများ၏ ပီကင်းတွင်ကျင်းပခဲ့သော အစည်းအဝေး ရလာဒ်ကောင်းများကြောင့် အားရဝမ်းသာဖြစ်မိကြောင်းနှင့် မင်းသားကြီး သီဟာနုအား အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ကမ္ဘောဒီးယားအမျိုးသား ဦးစီးကောင်စီ (အက်စ်အင်စီ)၏ ဥက္ကဋ္ဌအဖြစ် တညီတညွှတ်တည်း ရွေးချယ်တင်မြှောက်လိုက်ခြင်းအတွက် အထူးနှစ်ထောင်းအားရ ဝမ်းသာမိကြောင်း ဖော်ပြသည်။ ထို့ပြင် အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည့် ကြေငြာချက်တစ်ရပ်၌ ယခုရာစုနှစ် ကုန်ဆုံးချိန်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသထူထောင်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလေ့လာချက် စာတမ်းတစ်ရပ်ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် စင်ကာပူ၌ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့တင်သွင်းမည် ဖြစ်ကြောင်း၊ အရှေ့အာရှစီးပွားရေးအုပ်စု ထူထောင်ရေးကို ဒုတိယအကြိမ်ဆွေးနွေးပြီး အစီရင်ခံစာကို အောက်တိုဘာလတွင် ကွာလာလမ်ပူမြို့၌ ကျင်းပမည့် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း၊ ၁၂ နှစ်ကြာ ကမ္ဘောဒီးယားပြဿနာနှင့် ပတ်သက်သည့် သဘောတူညီချက်နှင့် ဖနွမ်းပင်နှင့်ပြောက်ကျားသုံးအုပ်စုတို့ ပါဝင်သော
အမျိုးသားဦးစီးကောင်စီ ထူထောင်ခြင်းကို အာဆီယံဝန်ကြီးများက ကြိုဆိုကြောင်း အစရှိသဖြင့် ဖော်ပြထားသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
== ကိုးကား ==
|