မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဗျည်းအက္ခရာများ: စာလုံးပေါင်းကျန် ပြုပြင်
အရေးမကြီး ဖတ်ရှု့၍ စာအကျအပေါက်များနှင့် ဝ၊ သုည တို့အား ပြင်ဆင်ခြင်း
စာကြောင်း ၁၄၂ -
ပါဠိဘာသာရေးရိုးရေးစဉ်အတိုင်း "က…ဠ" နောက်တွင် အ အက္ခရာထက်၌ နိဂ္ဂဟိတ်တင်သော (အံ) ကို ဖြည့်၍ က…ဠ၊ အံ ဟု ဗျည်း (၃၃) လုံး ရေတွက်သတ်မှတ်ကြသည်လည်း ရှိသည်။ ဤ၌ သေးသေးတင် (ံ) ကိုသာ ဗျည်းဟု ဆိုလိုသည်။ ယှဉ်သော (အ) မှာ အသံရွတ်ဆိုရရုံမျှ ပြထားခြင်းဖြစ်သည်။<ref group=note>အချို့ပညာရှိများကလည်း (ံ) အပြင် ဝိသဇ္ဇနီ (း) ပါထည့်ပြီး ဗျည်း (၃၄) လုံးဟု သတ်မှတ်လိုသည်။ အချို့ကမူ က…ဠ၊ အံ၊ အံ့၊ အံး ဟူ၍လည်းကောင်း၊ အချို့က က…ဠ၊ အံ့၊ အံ၊ အံး ဟူ၍လည်းကောင်း ဗျည်း ၃၅-လုံး သတ်မှတ်လိုသည်။ (ံ) အပြင် အောင်မြစ် (့) နှင့် ဝိသဇ္ဇနီ (း) တို့ကို ဗျည်းအဖြစ် ဖြည့်စွက်ရေတွက် ဖော်ပြခြင်းဖြစ်သည်။</ref>
 
အ အဆုံး ဗျည်း (၃၃) လုံးမူသည် မြန်မာမှုအရ အရေးအသားစနစ်ကို အလေးပေးထား၍ အံ အဆုံး ဗျည်း (၃၃) လုံးမူမှာ စကားသံစနစ်ကို အလေးပေးထားကြောင်း တွေ့ရသည်။ အံ (ံ) ဗျည်းအဆုံးထားလိုသူတို့က (အ) သည် သရမျှသာဖြစ်၍ ဗျည်းစာရင်းတွင် ပါစရာမလို၊ (ံ) သာ ဗျည်းအဖြစ် ပါသင့်သည်ဟု ယူဆကြသည်။ သို့သော် (အ) သည် ရှေးပုဂံခေတ်ကပင် သရ၏ တာ၀န်အပြင်တာဝန်အပြင် ဗျည်းတစ်ခုသဖွယ် ဆောင်ရွက်လာခဲ့ကြောင်းကို ဤသို့ တွေ့ရပေသည်။
 
က အစ ဠ အဆုံး ဗျည်း (၃၂) လုံးကို သရသင်္ကေတများနှင့် ယှဉ်၍ အက္ခရာပွားနိုင်သကဲ့သို့ (အ) ကိုလည်း ယင်းသင်္ကေတအားလုံးနှင့် ယှဉ်၍ အက္ခရာပွားနိုင်သည်။ အခြား ဗျည်းများကို ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သကဲ့သို့ (အ) ကိုလည်း ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သည်။ ဗျည်းတို့တွင် အသတ်တင်၍ ရေးနိုင်သကဲ့သို့ ပုဂံခေတ်က (အ) တွင် အသတ်တင်၍ ရေးခဲ့ကြသည်။
စာကြောင်း ၁၄၈ -
ဤသည်တို့ကို ထောက်၍ ရှေးမြန်မာတို့သည် မြန်မာစကားသံများကို အက္ခရာဖြင့် ဖော်ပြရာ၌ အ အက္ခရာကို ဗျည်းတစ်ခုသဖွယ် တီထွင် သုံးစွဲခဲ့ကြသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် ဗျည်းအက္ခရာတို့ အရေးပွားပုံစနစ်ကိုပြသည့် သင်ပုန်းကြီး၌ ဗျည်းအက္ခရာ၏ လုပ်ငန်းများ အားလုံးကို ဆောင်ရွက်ပေးသော (အ) ကို ဗျည်းအက္ခရာများအဆုံး၌ တစ်ပေါင်းတည်း ထည့်သွင်းပြသထားခြင်းဖြစ်သည်။ ဤသို့ ပြခြင်းဖြင့် လက်တွေ့၌ အသုံးတည့်လှပေသည်။ ထို့ကြောင့် ပါဠိကျမ်းဂန်အရ က အစ အံ အဆုံး ဗျည်း (၃၃) လုံးကို သူ့နည်း သူ့ဟန် မှန်ကန်သည့် အလျောက် ရှိစေ၍ လက်တွေ့ သင်ကြားမှုနယ်ပယ်၌ အသုံးတည့်သော မြန်မာ့နည်း မြန်မာ့ဟန် က အစ အ အဆုံး ဗျည်း (၃၃) လုံးကို သင်ပုန်းကြီးမူအတိုင်း အစဉ်တစိုက် လက်ခံခဲ့ကြပေသည်။
 
မြန်မာစာရေးသားရာတွင် အပိုဒ် (၂၇) ပါ ဗျည်း (၃၃) လုံးအပြင် ပါဠိစာပေတွင် သုံးသည့် ဉကလေးကိုလည်း အသုံးပြုလျက်ရှိသည်။ ပါဠိစာပေတွင် စဝဂ်၌ စ၊ ဆ၊ ဇ၊ ဈ၊ ဉ ဟု ဉကလေးနှင့်သာ ရှိသည်။ ညကြီးမှာ ပါဠိတွင် ဉကလေးနှစ်လုံးဆင့်သည့် ပါဌ်ဆင့်စာလုံး ဖြစ်သည်။ သို့သော် မြန်မာစာတွင် ပုဂံခေတ်ကစ၍ စ၀ဂ်ကိုစဝဂ်ကို စ၊ ဆ၊ ဇ၊ ဈ၊ ည ဟု ညကြီးဖြင့် သတ်မှတ်ခဲ့ကြသည်။ ပုဂံ၊ ပင်းယနှင့် အင်း၀အင်းဝ ခေတ်ဦး ကျောက်စာများတွင် ပါဠိဂါထာရေးရာ၌ပင် ဉကလေးကို သုံးခဲလှသည်။ ညကြီးကိုသာ သုံးသည်။ မြန်မာစာခေတ်ဦးတွင် ညကြီးသာ အသုံးတွင်သည်။ (သာဓက။ ။ ပည္စဝဂ္ဂီ၊ ဗျည္ဇန၊ ညာဏ်။) သက္ကရာဇ် ၈၀၀ ခန့်ရောက်မှ ဉကလေးကို သုံးလာသည်။ သို့တိုင်အောင် ကုန်းဘောင်ခေတ် နန်းသုံးစာပေရေးရာ၌ ဉ ကလေးကို ‘ဉ ဦးခေါင်းမဲ့’ ဟူ၍ အသုံးမပြုရ။ ညကြီးကိုသာ သုံးရသည်။ (ဉ် ) ရေးလိုသော် (ည်)နှင့် ကွဲပြားအောင် (ညံ်) ဟု အစက်သင်္ကေတဖြင့် ရေးသည်။ ထို့ကြောင့် ဗျည်း (၃၃) လုံး ရေတွက်ရာတွင် ပုဂံခေတ်ကတည်းက မြန်မာတို့ တစ်သမတ်တည်း သုံးခဲ့သည့် ညကြီးကိုသာ ထည့်သွင်း ရေတွက်သည်။ ဉကလေးကို စဝဂ်အက္ခရာတစ်လုံးအဖြစ် ထည့်မည်ဆိုလျှင် စဝဂ်၌၊ စ၊ ဆ၊ ဇ၊ ဈ၊ ဉ၊ ည ဟု အက္ခရာ ၆ လုံး ရှိမည်ဖြစ်ရာ တစ်၀ဂ်လျှင်တစ်ဝဂ်လျှင် ၅ လုံးစီရှိသော အစဉ်အလာပျက်မည်ဖြစ်သည်။ စဝဂ်တွင် ညကြီးက နေရာယူပြီးဖြစ်၍ နောက်မှ အသုံးပြုလာသော ဉကလေးကို ဗျည်းအရေအတွက်တွင် မထည့်ကြတော့ပေ။ ပုဂံခေတ် မြန်မာကျောက်စာအချို့၌ သက္ကတဗျည်း ၂ လုံးကိုလည်း တွေ့ရသည်။ ၎င်းဗျည်းတို့မှာ ‘ဂသျှ’ ခေါ် (ူ) နှင့် ‘ပသျှ’ ခေါ် (ြ) တို့ ဖြစ်သည်။
 
=== မြန်မာဗျည်းတွဲ သင်္ကေတများ ===
စာကြောင်း ၁၆၆ -
ဤသို့အားဖြင့် ဗျည်းတွဲသင်္ကေတ စုစုပေါင်း (၁၁) တွဲ ရှိသည်။
 
အထက်ဖော်ပြပါ ဗျည်းတွဲသင်္ကေတများသည် ပုဂံခေတ် မြန်မာစာအရေးအသား ထွန်းကားစကတည်းက မြန်မာတို့ အသုံးပြုခဲ့ကြသော ဗျည်းတွဲသင်္ကေတများဖြစ်သည်။ ၎င်းတို့အပြင် ပုဂံခေတ်မှ အင်းဝခေတ်တိုင် – ္လ (လဆွဲ) ဗျည်းတွဲသင်္ကေတရှိခဲ့သည်။ လဆွဲသည် ကဝဂ်ဗျည်း၊ ပဝဂ်ဗျည်းများနှင့် ယှဉ်သည်။ (သာဓက။ ။ က္လ၊ ခ္လပ်၊ ပ္လု၊ ဖ္လစ်။) သက္ကရာဇ် ၈၀၀ ကျော်သောအခါ ကဝဂ်ဗျည်းနှင့်ယှဉ်သော လဆွဲနေရာတွင် ယပင့်သည်လည်းကောင်း၊ ပ၀ဂ်ဗျည်းနှင့်ယှဉ်သောပဝဂ်ဗျည်းနှင့်ယှဉ်သော လဆွဲနေရာတွင် ရရစ်သည်လည်းကောင်း ဝင်ရောက်လာသည်။ ထိုသို့ ပြောင်းသွားခြင်းမှာ ယင်းစကားလုံးတို့၏ အသံထွက် ရွေ့လျောမှုကြောင့် ဖြစ်ရာသည်။
 
လဆွဲ ဗျည်းတွဲသင်္ကေတနှင့်သော် ထိုရှေးခေတ်က အခြေခံ ဗျည်းတွဲသင်္ကေတ (၅) ခု ရှိခဲ့သည်။ နှစ်ခုပေါင်းသော ဗျည်းတွဲသင်္ကေတများလည်း ယခုထက် အရေအတွက်ပိုသည်။ ပုဂံခေတ်မှ အင်းဝခေတ်တိုင် အောက်ပါနှစ်ခုပေါင်း ဗျည်းတွဲသင်္ကေတများကို သုံးခဲ့ကြသည်။
စာကြောင်း ၂၂၀ -
ပုဂံခေတ် ရှေးဦးမြန်မာအရေးအသားများတွင် အထက်ပါ သရ (၁၂) လုံးအနက်မှ အဲ၊ အော်၊ အို တို့ကို မတွေ့ရသေးပေ။ ထိုခေတ်က -ဲ အစား -ါယ် ကိုလည်းကောင်း၊ ေ-ာ် အစား -ဝ် ကို လည်းကောင်း၊ [သာဓက။ ။ တဝ်၊ ပုဇဝ် (တော်၊ ပူဇော်)] -ို အစား -ိဝ်၊ -ုဝ်၊ ေ-ိဝ်၊ -ိုဝ် တို့ကိုလည်းကောင်း သုံးခဲ့ကြသည်။ အဆိုပါ ပါယ်၊ ထိုဝ် စသည့် စာလုံးများတွင် ယ်၊ ဝ် များ ပါရှိနေခြင်းကြောင့် ၎င်းတို့ကို သရအဖြစ် မသတ်မှတ်ခဲ့ပေ။
 
သက္ကရာဇ် ၄၉၃-ခုနှစ်ထိုး အလောင်းစည်သူမင်း၏ ရွှေဂူကြီး ပါဠိဘာသာ ကျောက်စာတွင် ဗေဲသာခမာသ ဟု ဧဲ သရဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ သက္ကရာဇ် ၅ဝ၉-ခုနှစ်ထိုး ငနွယ်သင်ကျောက်စာ (ပုံ-၅၉) တွင် "လဲကိုဝ်ဖျက်ဆီသသူ" ဟူ၍ အဲသရကို တွေ့ရသည်။ ဧဲ သဏ္ဌာန်သည် သက္ကတသဏ္ဌာန်ဖြစ်၍ အဲ သဏ္ဌာန်သည် မြန်မာမှုပြုထားသော သဏ္ဌာန်ဖြစ်ပေသည်။ ပါဠိတွင် အဲသရမရှိချေ။ ထိုသက္ကတ ဧဲသဏ္ဌာန်ကို စွဲ၍ ယောအတွင်းဝန်၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ် စသည်တွင် သရအက္ခရာများကို ပြဆိုရာ၌ ဧဲဟု ပြဆိုခဲ့ကြသည်။ သို့သော် ဝေါဟာရတ္ထပကာသနီ ကျမ်းပြုဆရာတော်ကမူ မြန်မာမှု အဲ ကိုပင် နှစ်သက်သည်။ ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာတွင်လည်း အဲဟုပင် ပြသည်။ မြန်မာမှု၌ ေ-ဲ ရေးထုံးမရှိကြောင်းကို ဝေါဟာရတ္ထပကာသနီကျမ်းက ''သဝေတွင် နောက်ပစ်၍လည်း မြန်မာမှု၌ မထင်ရှိခဲ့'' ဟု ပြဆိုခဲ့သည်။ အဲသည် သက္ကရာဇ် ၅ဝဝ၅၀၀ ခန့်မှစ၍ မြန်မာသရတစ်ခု ဖြစ်လာခဲ့ပေသည်။
 
အော် သရသည် ပါဠိ၊ သက္ကတဘာသာများတွင် မလာရှိချေ။ မြန်မာမှုသရတစ်လုံးဖြစ်သည်။ ပုဂံခေတ် အေဒီ ၁၂ ရာစုအစပိုင်း၌ -ဝ် ဖြင့် ရေးခဲ့ကြသည်။ အေဒီ ၁၂ ရာစုနောက်ပိုင်းတွင် ဝ သတ် မပါဘဲ ရှေ့ထိုးသင်္ကေတဖြင့် အော်သရကို စတင် ရေးလာကြသည်။ ထိုအခါတွင် အခြေခံသရတစ်ခုဖြစ်လာသည်။ အော်ကို ဝ်ဖြင့်ရော၊ ရှေ့ထိုးဖြင့်ပါ နှစ်သက်သလို ရေးလာရာမှ အေဒီ ၁၃ ရာစု အတွင်းတွင် သဝေရေးချတွင် ရှေ့ထိုးဖြင့်လည်း ရေးလာကြသည်။ ဤသို့ -ဝ်၊ ၊ ေ- ဟူ၍ အဓိကအားဖြင့် သဏ္ဌာန် ၃ မျိုး ကွဲပြားရာမှ အေဒီ ၁၄ ရာစုတွင် -ဝ် ဖြင့် အရေး နည်းပါးသွားသည်။ အေဒီ ၁၈ ရာစုတွင် ချည်းသက်သက် သဏ္ဌာန်မှာလည်း အသတ် -် နှင့် မှားယွင်းဖွယ်ရှိလာသည်။ ထို့ကြောင့် ထိုအရေးမျိုး နည်းပါးလာသည်။ ထိုမှစ၍ ေ-ာ် အရေးသည် တွင်ကျယ်လာသည်။
 
အို သည် ရှေးအခါက ဝ် ပါနေသဖြင့် ၎င်းကို သရစာရင်း၌ မထည့်ကြောင်း အထက်အပိုဒ် (၅၄) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပုဂံခေတ်ဦး ကျောက်စာတစ်ချပ်တလေ၌ ဝ် မပါသော အို အရေးကို တွေ့ရသော်လည်း စံကျရေးထုံးဟု မဆိုနိုင်ချေ။ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် သက္ကရာဇ် ၁၁၅ဝ၁၁၅၀ ခန့်အထိ အိုဝ် ရေးထုံးကို သုံးခဲ့သည်။ ဝသတ်မပါသော အို ရေးထုံးကို သက္ကရာဇ် ၁ဝဝဝ၁၀၀၀ ခန့်မှစ၍ တွေ့ရသည်။ သက္ကရာဇ် ၁ဝဝဝ၁၀၀၀ ခန့်မှ ၁၁၅ဝ၁၁၅၀ ခန့်အထိ အိုဝ် ရော အို ပါ သုံးခဲ့ကြသည်။ သက္ကရာဇ် ၁၁၅ဝ၁၁၅၀ နောက်ပိုင်းတွင် အများသူငါ ရေးသားရာ၌ ဝ် ကို မသုံးတော့ပေ။ နန်းတွင်း၌မူ ဆက်လက်သုံးစွဲခဲ့သေးသည်။ မန္တလေးရတနာပုံခေတ်တွင်မူ အိုဝ် ကို မတွေ့ရတော့သလောက် ဖြစ်လာသည်။
 
ဤသို့အားဖြင့် မြန်မာအခြေခံသရ အက္ခရာလုံးရေသည် မူလ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အော၊ အံ (၉) လုံးတွင် ရှေးဦးစွာ အဲ၊ ထိုနောက် အော်၊ နောက်ဆုံးတွင် အို တိုးပြီး (၁၂) လုံး ဖြစ်လာခဲ့သည်။