မင်းကွန်းခေါင်းလောင်းတော်ကြီး: တည်းဖြတ်မှု မူကွဲများ

add photos
No edit summary
စာကြောင်း ၃ -
[[ဘိုးတော်ဘုရား]]လက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) [[ကရင်မလင်]] နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်း တော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိပါသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ [[စဉ့်ကူးမင်း|စဉ့်ကူးဘုရင်]]၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။
 
{{double image|left|Mingun Bell 1873.jpg|200|Mingun Bell 1896.jpg |240|၁၈၇၃ခုနှစ်နှင့် ၁၈၉၆ခုနှစ်တွင်တွေ့ရသောမင်းကွန်းခေါင်းလောင်းတော်ကြီး၁၈၉၆ခုနှစ်တွင် တွေ့ရသော မင်းကွန်းခေါင်းလောင်းတော်ကြီး}}
နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို [[ရန်ကုန်မြို့]] [[ရွှေတိဂုံစေတီ]] ကုန်းတော်၌ ရှိနေကြပါသည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်း အပ်ပညာရပ်၌ လက်ခပ် မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့်၊ အနုပညာ လက်ရာပညာရှင် ကိုသူ့ကြီးထက်သည့် ခေါင်းလောင်းတလုံး ထပ်၍ သွန်းပြုလုပ်မည်ကိုစိုး၍ အဆုံးစီရင်ခဲ့သည်ဆိုသတတ်။