အာနန္ဒာဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၁ -
== ဗိသုကာ လက်ရာများ ==
=== စေတီပုံစံ ===
{{double image|right|Ananda1900.JPG|215|Ananda-Temple-2.JPG|200|၁၈၉၀ခုနှစ် ဝန်းကျင်နှင့် ၂၀၀၇ခုနှစ်တွင် တွေ့ရသော အာနန္ဒာဘုရား}}
အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံတည်ဆောက်ထားသည့် စေတီဖြစ်သည်။ ပုဂံခေတ် ဂူဘုရားများအနက် ဉာဏ်တော် မမြင့်မားလှသော်လည်း ထုထည်မသေးပဲ အချိုးအစား ပြေပြစ်လှပသော ဘုရားတစ်ဆူ ဖြစ်သည်။အောက်ခြေ ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ၁၆၈ ပေမြင့်ပြီး၊ အနံတစ်ဖက်လျှင် ၂၈၉ ပေ ရှိသည်။အောက်ခြေတွင် လေးထောင့် ကုလားကျောင်း ခံထားသည်။ ကုလားကျောင်း၏ အလယ်၌ အုတ်ဖြစ်ပြီးသော ကန့်ကူဆံတုံးခေါ် မဏ္ဍိုင်ကြီးရှိရာ ဗဟို၌ ထုကြီး ထည်ကြီးဖြင့် တည်ဆောက် သော [[အိန္ဒိယ]] ဂူဘုရားများနှင့် ရှေး[[အီဂျစ်]]တို့၏ [[ပိရမစ်]]ကြီးများ တည်ဆောက်ပုံသဘောမျိုး ဖြစ်သည်။
[[File:ananda21.jpg|fram|thumb| left| အာနန္ဒာဘုရားအတွင်း ကန့်လန့်ဖြတ်ပုံ]]