"အာနန္ဒာဘုရား" ၏ တည်းဖြတ်မှု မူကွဲများ

၂၆၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
{{double image|right|Ananda1900.JPG|215|Ananda-Temple-2.JPG|200|၁၈၉၀ခုနှစ် ဝန်းကျင်နှင့် ၂၀၀၇ခုနှစ်တွင် တွေ့ရသော အာနန္ဒာဘုရား}}
အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံတည်ဆောက်ထားသည့် စေတီဖြစ်သည်။ ပုဂံခေတ် ဂူဘုရားများအနက် ဉာဏ်တော် မမြင့်မားလှသော်လည်း ထုထည်မသေးပဲ အချိုးအစား ပြေပြစ်လှပသော ဘုရားတစ်ဆူ ဖြစ်သည်။အောက်ခြေ ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ၁၆၈ ပေမြင့်ပြီး၊ အနံတစ်ဖက်လျှင် ၂၈၉ ပေ ရှိသည်။အောက်ခြေတွင် လေးထောင့် ကုလားကျောင်း ခံထားသည်။ ကုလားကျောင်း၏ အလယ်၌ အုတ်ဖြစ်ပြီးသော ကန့်ကူဆံတုံးခေါ် မဏ္ဍိုင်ကြီးရှိရာ ဗဟို၌ ထုကြီး ထည်ကြီးဖြင့် တည်ဆောက် သော [[အိန္ဒိယ]] ဂူဘုရားများနှင့် ရှေး[[အီဂျစ်]]တို့၏ [[ပိရမစ်]]ကြီးများ တည်ဆောက်ပုံသဘောမျိုး ဖြစ်သည်။
 
[[File:ananda21.jpg|fram|thumb| left| အာနန္ဒာဘုရားအတွင်း ကန့်လန့်ဖြတ်ပုံ]]
=== ပန္နက်ပုံစံ ===
{{multiple image
| align = right
| direction = vertical
| header_align = centre
| header =
| image1 = Plan of Ananda Temple Myanmar2.jpg
| width1 = 220
| alt1 =
| caption1 =
| image2 = Plan of Ananda Temple Myanmar.jpg
| width2 = 220
| alt2 =
[[File:ananda21.jpg|fram|thumb | left|caption2 = အာနန္ဒာဘုရားအတွင်း ကန့်လန့်ဖြတ်ပုံ]]
}}
ကုလားကျောင်းမှ လေးဘက်မျက်နှာသို့ အာရုံခံမုခ်တစ်ခု အသီးသီးထုတ်ထားပြီးလျှင် အလယ်မဏ္ဍိုင် ကြီး၏ ပတ်လည်၌ အတွင်းထပ် အပြင်ထပ် စင်္ကြံနှစ်ထပ် ရှိသည်။အောက်ခြေပန္နက် (Foundation) သည်ရှေးခေတ် [[ဂရိလူမျိုး]]တို့၏ သောတ္တိက၊ သို့မဟုတ် ထောင့်ရှစ်ထောင့်ပါသည့်ကြက်ခြေ ပုံစံ (Greek Cross) ဖြစ်သည်။ အောက်ခြေအတောင် ၆ဝ အနက်ထိအောင် တူးထားကာ အနက် အတောင် ၃ဝ ကို နဂါးရစ် ကျောက်အမျိုး အစားဖြင့် အုတ်မြစ်ချထားသည်။ <ref name="အလင်းစေတမန်">အလင်းစေတမန်မှကူးယူဖော်ပြသည်</ref> ကျန်အတောင် ၃ဝ ကို ကျောက်သေတ္တာပုံစံ ပြုလုပ်ကာ ဘုရား ဆင်းတုတော်၊ ဓါတ်တော်၊ ရွှေ၊ ကျောက်သံပတ္တမြားများကိုထည့်သွင်းကာ ဌာပနာထားသည်။
ထိုပြင် ခရစ်ခုနစ်ရာစုနှစ်၊ သို့မဟုတ် ရှစ်ရာစုနှစ်က ယခု ဗင်္ဂလားပြည်နယ်၊ ပဟာပူရ၌ရှိခဲ့သော ဘုရား တန်ဆောင်းတစ်ခု၏ ပန္နက်ပုံနှင့် အာနန္ဒာ၏ ပန္နက်ပုံသည် ဆင်ဆင်တူကြောင်း တွေ့ရလေသည်။ <br />
၃၀၂၈

တည်းဖြတ်မှုများ