အဗာတာ (၂၀၀၉ ရုပ်ရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ပြင်ပလင့်ခ်
အရေးမကြီးNo edit summary
စာကြောင်း ၂၃ -
| ဝဘ်ဆိုတ် =
}}
'''အဗာတာ''' (Avatar) ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၉ ခုနှစ်တွင် ရုံတင်ပြသသည့် ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်၏ လက်ရာ သိပ္ပံခေတ်လွန် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။ ၎င်း၏ဇာတ်အိမ်မှာ ၂၁၅၄ ခုနှစ် အယ်ဖာ[[အယ်လဖာ စင်တိုရီစင်တောရိ]] (Alpha Centauri) ကြယ်အဖွဲ့အစည်းအတွင်းရှိ ပန်ဒိုရာ အရံဂြိုလ်ကို နောက်ခံပြု၍ ရိုက်ကူးထားသည်။ <ref name='Horwitz2009'>{{cite news | first=Jane | last=Horwitz | coauthors= |authorlink= | title=Family Filmgoer | date=2009-12-24 | publisher=NY Times Co. | url =http://www.boston.com/lifestyle/family/articles/2009/10/29/family_filmgoer/?page=3 | work =The Boston Globe | pages = | accessdate = 2010-01-09 | language = }}</ref> လူသား (ကမ္ဘာဂြိုလ်သား) များသည် ပန်ဒိုရာဂြိုလ်မှ ယူနော့ဘ်တေနီယမ် (Unobtanium) ခေါ် အဖိုးတန် (ရုပ်ရှင်ထဲတွင် ဖော်ပြချက်အရ ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ တန်သည်။) တွင်းထွက်ပစ္စည်းတစ်မျိုးကို သွားရောက် တူးဖော်ကြသည်။ ဤကဲ့သို့ တူးဖော်ခြင်းသည် ပန်ဒိုရာဂြိုလ်၏ သဘာဝဝန်းကျင်နှင့် လူပုံပေါက်သော ပန်ဒိုရာဂြိုလ်သား နာဗီ (Na'vi) တို့ ဆက်လက် ရှင်သန်ရေးကို ထိခိုက်စေနိုင်သောကြောင့် နာဗီလူမျိုးများက ကျူးကျော် နယ်ချဲ့လာသူ ကမ္ဘာဂြိုလ်သားများကို ခုခံကာကွယ်ကြသည့် ဇာတ်လမ်းဖြစ်သည်။ အဗာတာ ဆိုသည့် ရုပ်ရှင်အမည်မှာ ကမ္ဘာဂြိုလ်သားများက နာဗီတို့နှင့် ထိတွေ့ဆက်ဆံရာတွင် အသုံးပြုရန် မျိုးဗီဇအင်ဂျင်နီယာ နည်းပညာဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများကို ညွှန်းဆိုသည်။
 
အဗာတာဇာတ်ကားအတွက် စိတ်ကူးများကို ဂျိမ်းစ် ကင်မရွန်သည် ၁၉၉၄ ခုနှစ်တွင် စတင် ပုံးကြမ်းရေးဆွဲခဲ့သည်။ ထိုစဉ်က ဇာတ်ညွှန်းနှင့် ဒိုင်ယာလော့များမှာ စာမျက်နှာ ၈၀ ခန့်ရှိခဲ့သည်။ <ref name="QA">{{cite news | author=Jeff Jensen | url=http://www.ew.com/ew/article/0,,20007998,00.html | title=Great Expectations | work=[[Entertainment Weekly]] | date=January 10, 2007 | accessdate=January 28, 2007 }}</ref> အဗာတာအား ရိုက်ကူးမှု လုပ်ငန်းများကို မူလက တိုင်တဲနစ်ဇာတ်ကား (၁၉၉၇) အပြီးတွင် စတင်ကာ ၁၉၉၉ ခုနှစ်တွင် ရုံတင်ရန် ရည်မှန်းခဲ့သည်။ သို့သော်လည်း ဂျိမ်းစ် ကင်မရွန်၏ အဆိုအရ ထိုစဉ်အခါက ၎င်း၏ စိတ်ကူးစိတ်သန်းများကို ရုပ်ရှင်ပိတ်ကားပေါ်တွင် ပုံဖော်ပေးနိုင်လောက်အောင် ရုပ်ရှင် နည်းပညာများက လိုက်မမှီသေးဟု သိရသည်။ <ref name="autogenerated1996">{{cite news | author=Judy Hevrdejs | coauthors=Mike Conklin | url= | title=Channel 2 has Monday morning team in place | work=[[Chicago Tribune]] | date=August 9, 1996 | accessdate=December 22, 2006 }}</ref><ref name="autogenerated2">{{cite news | author= | url= | title=Synthetic actors to star in ''Avatar'' | work=[[St. Petersburg Times]] | date=August 12, 1996 | accessdate=December 22, 2006 }}
</ref>
 
၂၀၀၅ ခုနှစ် နွေတွင် နာဗီလူမျိုးများ အသုံးပြုသည့် ဘာသာစကား ဖန်တီးရေး လုပ်ငန်းများကို စတင်ခဲ့ပြီး ဂျိမ်းစ် ကင်မရွန်က ဇာတ်ညွှန်းနှင့် စက်တင်များအတွက် ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစပြုခဲ့သည်။ <ref name='USCMarshall'> {{cite web|url=http://www.marshall.usc.edu/news/all-articles/crafting-an-alien.htm |title=Crafting an Alien Language, Hollywood-Style: Professor's Work to Hit the Big Screen in Upcoming Blockbuster Avatar |accessdate=2010-01-17 |work=USC Marshall |publisher=University of Southern California Marshall School of Business }}</ref><ref name="radionz1">{{Cite episode| title = Avatar Language| series = Nine to Noon| airdate = December 15, 2009|url=http://www.radionz.co.nz/audio/national/ntn/2009/12/15/avatar_language}}</ref> အဗာတာ ရုပ်ရှင်ကို သမားရိုးကျ 2D ဗာရှင်နှင့်ရော 3D ဗာရှင်နှင့်ပါ ထုတ်ဝေ ဖြန့်ချီသည်။ 3D ဗာရှင်ဖြင့် ရိုက်ကူးခဲ့သည့်အတွက်လဲ ရုပ်ရှင်နည်းပညာတွင် တိုးတက်မှုတရပ်ဟု အများက အမွမ်းတင်ကြသည်။ <ref>{{cite web|url=http://newsblaze.com/story/2009102916560100002.pnw/topstory.html |title=James Cameron's 'Avatar' Film to Feature Vocals From Singer Lisbeth Scott |publisher=Newsblaze.com |date= |accessdate=December 6, 2009}}</ref>
 
အဗာတာ ဗွေဆော်ဦးပြပွဲကို ၂၀၀၉ ဒီဇင်ဘာ ၁၀ ရက်နေ့ [[လန်ဒန်မြို့]]တွင် ကျင်းပခဲ့ပြီး ၁၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင် ရုံတင်ခဲ့သည်။ အဗာတာ ဇာတ်ကားသည် လူကြိုက်များလွန်းသောကြောင့် နံပတ် ၁ နေရာတွင် ၁၀ နှစ်ကျော်ကြာ လွှမ်းမိုးထားသော ဂျိမ်းစ် ကင်မရွန်၏ လက်ရာပဲဖြစ်သည့် တိုင်တဲနစ်ဇာတ်ကားကို ကျော်တက်ကာ ရုပ်ရှင်သမိုင်းတွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်တင်လိုက်ပြီ ဖြစ်သည်။ <ref name="Boxofficemojoalltime">{{cite web|first=|last=|title=All time worldwide box office grosses|publisher=''[[Box Office Mojo]]''|url=http://www.boxofficemojo.com/alltime/world/|accessdate=January 8, 2010}}
</ref> အဗာတာ ဇာတ်ကား ဤသို့ အောင်မြင်မှု ရရှိပြီးနောက် နောက်ဆက်တွဲ ၂ ကား ဆက်လက် ရိုက်ကူးနိုင်ခြေရှိသည်ဟု ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်က အတည်ပြု ပြောကြားထားသည်။ <ref name="sequel">{{cite news | first=Adam | last=Rosenberg | title='Avatar' Sequel Confirmed By James Cameron... And Here's What We'd Like To See | url=http://moviesblog.mtv.com/2010/01/08/avatar-sequel-confirmed-by-james-cameron-and-heres-what-wed-like-to-see/| work=[[MTV]] | date=January 8, 2010 | accessdate=January 11, 2010 }}</ref><ref name="carroll2006">{{cite news | first=Larry | last=Carroll | title='Titanic' Mastermind James Cameron's King-Size Comeback: Two Sci-Fi Trilogies | url=http://www.mtv.com/movies/news/articles/1535402/06292006/story.jhtml | work=[[MTV]] | date=June 29, 2006 | accessdate=October 18, 2006 }}</ref>
 
== ဇာတ်လမ်းအကျဉ်း ==
၂၁၅၄ ခုနှစ်တွင် အာဒီအေ (Resources Development Administration) ကော်ပိုရေးရှင်းက ပန်ဒိုရာဂြိုလ်တွင် တွင်းထွက်ပစ္စည်းများကို တူးဖော်လျက်ရှိသည်။ ပန်ဒိုရာသည် ကမ္ဘာဂြိုလ်နှင့် ခပ်ဆင်ဆင်ရှိပြီး အယ်ဖာ စင်တိုရီ ကြယ်အဖွဲ့အစည်းအတွင်းရှိ ပိုလီဖီမတ်စ် (Polyphemus) ၏ အရံဂြိုလ်ဖြစ်သည်။<ref>Although not mentioned in the film, Polyphemus was discussed in the book ''James Cameron's Avatar: An Activist Survival Guide'' by Maria Wilhelm & Dirk Mathison. ISBN 978-0-06-189675-0. See [http://james-camerons-avatar.wikia.com/wiki/Polyphemus Polyphemus] in [[Wikia]].</ref><ref name='Horwitz2009'/> ပါကာ ဆဲ့လ်ဖရစ်ဂျ် (Giovanni Ribisi) က တူးဖော်ရေး လုပ်ငန်းများကို ဦးဆောင်ကာ ၎င်းတို့၏ လုံခြုံရေးအတွက် မရိန်းတပ်သားများကို ငှားရမ်းထားသည်။ အာဒီအေက ပန်ဒိုရာဂြိုလ်ရှိ ယူနော့ဘ်တေနီယမ် အဖိုးတန် တွင်းထွက်ပစ္စည်းကို တူးယူကာ အမြတ်ထုတ်ရန် ကြိုးစားလျက်ရှိသည်။ ပန်ဒိုရာဂြိုလ်တွင် အရပ် ၁၀ ပေခန့်မြင့်ပြီး လူပုံပေါက်သည့် နာဗီတို့ ကျက်စားနေထိုင်လျက်ရှိသည်။ လူသားများနှင့် မတူသည့်အချက်မှာ နာဗီတို့၏ အရေပြားမှာ အပြာရောင်ဖြစ်ပြီး အမြှီးပါရှိသည်။<ref>Rottenberg, Josh. "James Cameron Talks ''Avatar'': Brave Blue World," ''[[Entertainment Weekly]]'' #1081 (December 18, 2009): 48.</ref> နာဗီတို့သည် သဘာဝဝန်းကျင်နှင့် သဟဇာတရှိရှိ နေထိုင်ကြပြီး အီဝါ (Eywa) ခေါ် နတ်သမီးကို ကိုးကွယ်ကြသည်။
 
ပန်ဒိုရာ၏ လေထုသည် လူသားများအား အဆိပ်သင့်စေသောကြောင့် လူသားများ ပန်ဒိုရာဂြိုလ်ပေါ်တွင် အောက်စီဂျင် မျက်နှာဖုံးများ တပ်ဆင်မှသာ သွားလာနိုင်သည်။ ပန်ဒိုရာဂြိုလ်သားများနှင့် ဆက်ဆံရေး ပြေပြစ်စေရန်နှင့် ပန်ဒိုရာဂြိုလ်၏ သက်ရှိများကို လေ့လာရန် သိပ္ပံပညာရှင်များသည် လူ [[ဒီအန်အေ]]ဖြင့် ပေါင်းစပ်မွမ်းမံထားသည့် နာဗီ ခန္ဓာကိုယ်များကို ဖန်တီးကြသည်။ အဗာတာဟုခေါ်သည့် ယင်းကိုယ်ပွားများကို ဒီအန်အေပိုင်ရှင် လူသားများက ထိန်းချုပ်ကြပြီး စိတ်အားဖြင့်လည်း ဆက်စပ်မှုရှိသည်။<ref>The motives for the creation of the Avatar Program are partly implied in the film, but they are discussed in the relevant [http://www.pandorapedia.com/doku.php/the_avatar_program Pandorapedia article]</ref> အောက်ပိုင်းသေနေသည့် မရိန်း (ကမ်းတက်) တပ်သားဟောင်း ဂျိတ်ခ် ဆာလီ (Sam Worthington) သည် အသတ်ခံရသည့်၊ အဗာတာအား ထိန်းချုပ်ရန် လေ့ကျင့်ထားသည့် သိပ္ပံပညာရှင် အမွှာညီအစ်ကို၏ ကိုယ်စား လိုက်သွားခြင်း ဖြစ်သည်။ အဗာတာ အစီအစဉ်ကို ဦးဆောင်သည့် ဒေါက်တာ ဂရေ့စ် ဩဂတ်စတင် (Sigourney Weaver) က ဆာလီသည် ၎င်း၏ ညီအစ်ကိုနေရာတွင် အစားထိုးနိုင်လောက်အောင် အရည်အချင်း မမှီသေးဟုယူဆကာ သူ့အား အရေးတယူ မလုပ်ပဲ ကိုယ်ရံတော် အဖြစ်သာ ချောင်ထိုးထားလေသည်။