ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၉ -
*ဒုတိယအဆိုကမူ အစဉ်အဆက် ဆင်းသက်လာခြင်းသဘောကြောင့် ဟု ဆိုသည်။ ရှေးခေတ် အိန္ဒိယနိုင်ငံ တွင် အလုပ်သမားများ မြေတူး သယ်ပို့ရာတွင် စနစ်တစ်ခုရှိပါသည်။ လူအများ တန်းစီ၍ သည်မည့်ပစ္စည်းကို ခြင်း (ပိဋက) တို့တွင်ထည့်၍ လက်ဆင့်ကမ်း သယ်ယူကြသည်။ တို့အတူ ပိဋက စာပေတို့ကိုလည်း ဗုဒ္ဓလက်ထက်မှစ၍ ခေတ်အဆက်ဆက် ဆရာမှ တပည့်သို့ တဆင့်စီ သင်ကြားပို့ချပေးသော စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြပါသည်။ ထို့ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူသည်ကို အစွဲပြု၍ ပိဋက အမည်ပေးသည်ဟု ဆိုကြပါသည်။ မဟာယာနဂိုဏ်းသားတို့က ပိဋကတ်တော်ကို အာဂမ ( အဆင့်ဆင့် ဆင်းသက်ခြင်း) ဟူသော အမည်ဖြင့် ခေါ်ဆိုကြသောကြောင့် ဤအယူအဆသည်လည် ယုတ္တိတန်သည်ဟု ယူဆရပါသည်။
 
၄၅ ဝါအတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသည့် တရားစကားတော်များကိုလည်းကောင်း ထို ၄၅ ဝါအတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို လည်းကောင်း ပါဠိတော်(စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြလေသည်။ ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မှုပြုတော်မှုကြသည့် အရှင်မြတ်တို့က-
* ဝိမုတ္တိရသအားဖြင့် ၁
*ဓမ္မဝိနယအားဖြင့် ၂
*ဝစနာအားဖြင့် ၃
*ပိဋကအားဖြင့် ၃
*နိကာယ်အားဖြင့် ၅
*ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀
ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူကြသည်။<ref name=''ကျမ်းဦးမှတ်ဖွယ်များ''> ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ ([[သာသနာရေး ဝန်ကြီးဌာန]])</ref>
== ပိဋကတ်သုံးပုံ ==
တနည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။
Line ၁၈ ⟶ ၂၆:
ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် ၂၁၀၀၀၊ ဝိနည်းပိဋကတ်တွင် ၂၁၀၀၀၊ အဘိဓမ္မာ ပိဋကတ်တွင် ၄၂၀၀၀ စုစုပေါင်း ဓမ္မ ခန္ဓာပေါင်း ၈၄ဝဝဝ ရှိသည်။
 
=== ဝိနယပိဋက ===
{{main|ဝိနည်းပိဋကတ်}}
ဝိနယပိဋက၌ အပိုင်းသုံးပိုင်းရှိသည်။ ကျမ်းအရေအတွက်အားဖြင့် ငါးကျမ်းဖြစ်သည်။ မူလအရင်းအမြစ်သည် [[ပါတိမောက္ခ]]ဖြစ်၏။ ပါတိမောက္ခဟူသည် ရဟန်းတော်များ၏ သိက္ခာပုဒ်များနှင့် ၎င်းတို့ကို ကျူးလွန်လျှင် သင့်ရောက်မည့် အာပတ်များကို ကုစားနည်းနှင့်တကွ ဖော်ပြထားသော ကျမ်းဖြစ်သည်။ <ref name=''ဒေါက်တာတင်ဆွေ''/>