အဇင်မ် ပရမ်ဂျီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၁ -
| သားသမီး = ၂ ဦး
| မိဘ =
| လက်မှတ် = Signature of Azim Premji.svg
| ဝက်ဘ်ဆိုက် = {{URL|wipro.com/about-Wipro/Wipro-leadership-team/Azim-H-Premji.aspx|Azim Premji}}
}}
ပရမ်ဂျီသည် အိန္ဒိယနိုင်ငံရှိ တတိယအကြီးဆုံး ဆောဖ့်ဝဲလ် ကုမ္ပဏီ Wipro (ဝိုင်ပရို) တက္ကနိုလိုဂျီအပါအဝင် ဝိုင်ပရို ကုမ္ပဏီအုပ်စုကြီး၏ ဥက္ကဌ၊ အိန္ဒိယထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူ၏ သဒ္ဓါတရားအလွန်ထက်သန်ပြီး ပရဟိတလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သူအဖြစ်လည်း လူသိများသည်။ Forbes ဖော့်ဘ်စ် စီးပွားရေးမဂ္ဂဇင်းမှ ဖော်ပြချက်များအရ ၂၀၁၀ ခုနှစ်တွင် သူ၏ပိုင်ဆိုင်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၇)သန်းခန့်ရှိပြီး တတိယမြောက်အချမ်းသာဆုံး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသည်။ ၂၀၀၀ ခုနှစ်တွင် Asiaweek (အေးရှားဝီးခ်) မဂ္ဂဇင်းမှ ရွေးချယ်သော ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ် ၂၀ စာရင်းတွင်ဖော်ပြခြင်းခံရသည်။ Forbes ဖော့်ဘ်စ်စီးပွားရေးမဂ္ဂဇင်းမှပင် ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ကိုဖော်ပြခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။