သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉၂ -
 
တစ်ဖန် ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့တွင် နဝတအဖွဲ့၏ ကြေညာချက် ၁ဝ/၉၂ ဖြင့် နဝတ ဥက္ကဌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ တာဝန်အပြင် ဝန်ကြီးချုပ်၏ တာဝန်ကိုပါ ထမ်းဆောင်ကြောင်း ကြေညာခဲ့သည်။
 
ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် တပ်ချုပ်ကြီး ရာထူးနှင့် နဝတ ဥက္ကဌရာထူးမှ ဖယ်ရှားခံလိုက် ရတော့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကို ဓားနှင့် ထိုးခဲ့ကြသည့် ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ခင်ညွှန့်တို့ကို ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်အေးရီက ခံပြင်းဒေါသထွက်ကာ ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်၍ ရန်တွေ့ခဲ့သည်။
 
ထို့နောက် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ်နှင့် နဝတ ဥက္ကဌဖြစ်လာပြီးနောက် သူ့ရဲ့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်ရုံးချုပ်နှင့် ဗိုလ်ချုပ်ခင်ညွှန့်၏ ထောက်လှမ်းရေးဌာနများ၌ '''သူ့အတွင်းလူ''' များကို နေရာချထားလိုက်သည်။ သူ တပ်မ (၈၈) တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်စဉ်က စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒုဗိုလ်မှူးကြီး ကျော်ဝင်း (မန္တလေး အမှတ်(၁) စစ်ထောက်လှမ်းရေး တပ်မှူး) ကို ၁၉၉၂ မေလတွင် ရန်ကုန်စစ်ရုံးချုပ်ကို ချက်ချင်းခေါ်ယူခဲ့ပြီး တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ကာ ဗိုလ်ချုပ်ခင်ညွှန့်ကို အနီးကပ် ထိန်းချုပ်နိုင်ရန် စတင် ကြိုးပမ်းခဲ့သည်။
 
ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက်က စစ်ရုံးချုပ်မှ ယာယီနှင့် ထုတ်ထားသော သူ့တပည့်ရင်း ဗိုလ်မှူးချုပ် တင်ဦး (အတွင်းရေးမှူး – ၂) နှင့် စစ်ဦးစီး (ပထမတန်း) ဗိုလ်မှူးကြီး ခင်မောင်သန်းကို စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ၍ တာဝန်ပြန်ပေးအပ်ခဲ့သည်။ ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ (၁၁) တပ်မမှူး အနေဖြင့် ခန့်အပ်တာဝန်ပေးထားသော်လည်း အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် သူ့အနီးခေါ်ယူကာ တပ်မ (၁၁)ကို စစ်ရုံးချုပ်မှနေ၍ ကွပ်ကဲစေသည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်၏ အတွင်းလူများ အားလုံးကိုလည်း စစ်ရုံးချုပ်မှ ဖယ်ရှားပစ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး သန်းရွှေ နတခ တိုင်းမှူးဘ၀ဖြင့် ပုသိမ်၌ နေထိုင်စဉ်အတွင်း သူ့ဇနီး ဒေါ်ကြိုင်ကြိုင်၏ စကားကို မြေဝယ်မကျ နားထောင်ခဲ့သော ဗိုလ်မှူးနေဝင်းကို ရာထူးအဆင့်ဆင့် တိုးမြှင့်ကာ န၀တဥက္ကဌ၏ စစ်ဘက်လက်ထောက် ခန့်အပ်ခဲ့သလို သူ့အတွင်းလူ ဗိုလ်မှူးဆန်းဆင့် ကို ဗိုလ်ချုပ်ရာထူးအထိ အဆင့်ဆင့်တိုးပေး၍ စစ်ရာထူးခန့်ချုပ်အဖြစ် မြှောက်စားခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး သန်းရွှေ တိုင်းမှူးဘဝက အိမ်တော်စောင့် လုံခြုံရေး အရာရှိ လုပ်ခဲ့သော ဗိုလ်ကြီးလှအောင်သိန်း ကိုလည်း စစ်ရုံးချုပ် စခန်းမှူး ဗိုလ်ချုပ် လှအောင်သိန်းအဖြစ် ခန့်အပ်ထားလိုက်သည်။
 
နောက်မကြာခင်မှာပင် ဗိုလ်ချုပ်ကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူလိုက်သည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို အင်္ဂလိပ်ဘာသာဖြင့် Senior General လို့ သုံးနှုန်းထားရာ တိုက်ရိုက်ဘာသာပြန်လျှင် ဝါရင့် ဗိုလ်ချုပ်ကြီး အဆင့်ရာထူးပင် ဖြစ်သည်။ အဆိုပါ ရာထူးများအားလုံးသည် တရုတ်စစ်တပ်ဖွဲ့စည်းပုံအရ တိုက်ရိုက်ကူးယူထားခြင်း ဖြစ်ပါသည်။ ထူးခြားမှုက တရုတ်စစ်တပ်၌ Senior Major (ဝါရင့် ဗိုလ်မှူး) နှင့် Senior Sergeant (ဝါရင့်တပ်ကြပ်ကြီး) ရှိသော်လည်း မြန်မာ့တပ်မတော်၌ အဆိုပါ ရာထူး နှစ်ခုတော့ မရှိပါချေ။
 
မြန်မာ့တပ်မတော်၏ ပြန်တမ်းဝင် အရာရှိ ရာထူးအဆင့်ဆင့် ခန့်အပ်ထားပုံမှာ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကြီးတို့ပင် ဖြစ်သည်။
 
ဦးနေဝင်းနှင့် မဆလ ထိပ်တန်းခေါင်းဆောင်များက ၁၉၈၈ စက်တင်ဘာလ၌ တပ်မတော်ကို အာဏာသိမ်းရန် အမိန့်ပေးခဲ့စဉ်က အာဏာသိမ်းအဖွဲ့၌ ဗိုလ်ချုပ်မှူးကြီး စောမောင်ပြီးရင် ဗိုလ်ချုပ် ခင်ညွှန့်ကို ဒုတိယခေါင်းဆောင်အဖြစ် သတ်မှတ်ပေးထားခဲ့သည်။
 
သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် လစ်လပ်သွားသော သူ၏ ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို ၁၉၉၃ မတ်လ ၂၇ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
 
န၀တ ဒုတိယဥက္ကဌရာထူးကို ဗိုလ်ချုပ်ခင်ညွှန့်ကို ပေးလိုက်လျှင် စစ်တပ်၏ စည်းလုံးညီညွတ်မှု ပျက်စီးကာ နောက်ထပ်အာဏာသိမ်းမှု တစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆထားပုံရသည်။
 
ဗိုလ်ချုပ် မောင်အေးသည် ကန့်ဘလူမြို့၌ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖွားမြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်၌ ဒသမတန်း အောင်မြင်ပြီး ၁၉၅၅ ခု၊ ဇွန်လ ၂ဝ ရက်နေ့တွင် တပ်မတော်သို့ ဝင်ရောက်၍ မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တပ်မတော် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရပြီး ခလရ ၃ဝ မှာ တပ်စုမှူး၊ တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ၁၉၆၅ တွင် ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးရုံးသို့ ပြောင်းရွှေ့ပြီး စစ်ဦးစီးအရာရှိ (တတိယတန်း) အဖြစ်လည်းကောင်း၊ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်း၌ တောင်သူလယ်သမားရေးရာ အမှတ်စဉ် (၇) တပ်ခွဲ (၁) တပ်စု ၃ နှင့် ၄ တို့ကို ၁၉၆၇ ခုနှစ် မေလ ၂၀ မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ သင်တန်းမှူးအဖြစ် သင်ကြားပေးခဲ့သည်။ ၁၉၇၃ ဒီဇင်ဘာလတွင် စစ်တက္ကသိုလ်မှ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးသို့ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် ပြောင်းခဲ့သည်။ ၁၉၇၅ မတ်လ ၁၃ ရက်တွင် ခလရ ၆၈ တွင် ယာယီတပ်ရင်းမှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ပြီး၊ ၁၉၇၆ မတ် ၁၃ တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရရှိခဲ့သည်။ ၁၉၇၈ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပြီး ၁၉၇၈ ခု နိုဝင်ဘာလ ၁၅ မှ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၁) စစ်ဗျူဟာမှူး၊ ၁၉၈၂ ဇန်နဝါရီလ ၁ ရက်တွင် ဒုတိယတပ်မမှူးအဖြစ် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်သို့လည်းကောင်း၊ ၁၉၈၃ ဩဂုတ်လ ၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးနှင့် မဆလခေတ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသီးသီးထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ထို့နောက် ရပခ တိုင်းမှူး ဖြစ်လာခဲ့သည်။
 
အမှန်စင်စစ် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အသက် ၆ဝ ပြည့်လျှင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားသွားခဲ့လျှင် မြန်မာ့တပ်မတော်ကို ဆက်လက်ဦးဆောင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းအဖြစ် လျာထားခြင်းခံရသူများ၌ မူလက ရတခ တိုင်းမှူး ဗိုလ်ချုပ် ဉာဏ်လင်း (D.S.A) အသက် ၅၂ နှစ်ကို သတ်မှတ်ထားခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ် ဉာဏ်လင်းသည် ကျန်းမာရေး မကောင်းသည့်အတွက် ၁၉၉၁ မတ်လ ၁၈ ရက်နေ့တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူသွားခဲ့ပြီး ၁၉၉၆ မတ်လ ၂၅ ရက်တွင် ကွယ်လွန်သွားခဲ့သောကြောင့် သူနှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်း ဆင်းခဲ့သော ဗိုလ်ချုပ် မောင်အေးကို မလွှဲသာမရှောင်သာ ရွေးချယ်လိုက်ရသည်ဟု သိရှိရသည်။
 
ထိုစဉ်က အသက် ၅၄ နှစ်သာ ရှိသေးသော ကျောက်တန်းသား ဗိုလ်ချုပ် ခင်ညွှန့်သည် သူ့စစ်မှုထမ်း သက်တမ်းတစ်လျှောက်တိုက်ခိုက်ရေး တာဝန်များထက် ဦးစီးအရာရှိတာဝန်များကိုသာ ထမ်းရွက်ခဲ့သောကြောင့် စစ်ဘက်ရေးရာ ကိစ္စထက် အုပ်ချုပ်ရေးပိုင်း၌သာ ပိုပြီး စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်ခင်ညွှန့်သည် ဒုတိယကာကွယ်ရေးဦးစီးချုပ် ရာထူးကို ရရှိရန်မျှော်မှန်းမထားသော်လည်း နဝတ ဒုဥက္ကဌရာထူးကိုမူ သူသာလျှင် ဖြစ်ထိုက်သည်ဟု ယူဆထားခဲ့သည်။
 
သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဗိုလ်ချုပ်ခင်ညွှန့်ကိုယင်းရာထူးပေးရန်မူလကတည်း စိတ်မကူး ခဲ့ချေ။ ဗိုလ်ချုပ်ခင်ညွှန့်သည် ရည်ရွယ်ချက်ကြီးမားပြီး အင်မတန် အကွက်မြင်၍ ပါးနပ်မှုလည်း ရှိသည့်အပြင် ဦးနေဝင်းမိသားစုအပါအဝင် မဆလစစ်ခေါင်းဆောင်အချို့ကလည်း သူ့ကိုသဘောကျ အားပေးထောက်ခံနေ သည့်အတွက် တစ်နေ့လျှင် သူ့ကိုယ်ပါ တက်နင်သွားမည်ကို စိုးရိမ်ခဲ့သောကြောင့် နဝတ ဒုတိယဥက္ကဌရာထူးကို ဘယ်သူ့ကိုမှမပေးဘဲ(၂)နှစ်နီးပါးခန့်အချိန်ဆွဲထားခဲ့သည်။နဝတစစ်အာဏာသိမ်းကောင်စီနှင့် အစိုးရဝန်ကြီးအ ဖွဲ့၌ အဆိုပါ ရာထူးကို ဗိုလ်ချုပ် ခင်ညွှန့်သာ ရထိုက်သည်။ ဗိိုလ်ချုပ်ကြီး မောင်အေးသာ ထိုက်တန်သည်ဟူ၍ အတွင်းကြိတ် အုပ်စုတိုက်ပွဲလေးများ ပေါ်ပေါက်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဗေဒင်ကိန်းခန်းပါမကျန် အမျိုးမျိုး တွက်ချက်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နဝတ ဒုဥက္ကဌရာထူးကို ၁၉၉၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး မောင်အေးကိုသာ ပေးအပ်လိုက်လေသည်။
 
ဗိုလ်ချုပ်ခင်ညွှန့်သည် နောက်ဆုံး စိတ်ဓါတ်ကျသွားပြီး သူ့ကို နဝတ အဖွဲ့မှ နုတ်ထွက်ခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့သော် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နုတ်ထွက်ခွင့်လည်းမပေး၊ လုပ်ပိုင်ခွင့်လည်း တိုးမပေးဘဲ ကြိုးရှည်ရှည်ဖြင့် လှန်ထားခဲ့သည်။ <ref>http://moemaka.com/archives/37319</ref>
 
၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့် ခြင်းခံရသည်။ ဝန်ကြီးချုပ်[[ဦးနု]]အား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ သူသည် ၁၉၈ဝ ပြည့်နှစ်က တပ်မ (၈၈) တပ်မမှူး ဘဝဖြင့် ကျိုင်းတုံဒေသ၌ စစ်ဆင်ရေးတာဝန်များ၊ ထမ်းဆောင်နေစဉ်အတွင်း တပ်မ (၈၈) ကို ဗကပ (၈၁၅) စစ်ဒေသ လက်အောက်ခံတပ်များက ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့သည့်အတွက် တပ်မ(၈၈) လက်အောက်ခံ အမှတ် (၃) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်သည် ကျဆုံးခဲ့သလို စစ်သည်နှင့်မိသားစု မြောက်မြားစွာ သေဆုံးခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်သန်းရွှေသည် ထိုစဉ်က အာဏာရှင်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ အထူးယုံကြည် စိတ်ချရသည့် တပည့်ရင်း ဖြစ်နေသောကြောင့် အရေးယူခြင်း မခံရသည့်အပြင် ၁၉၈၁ ခုနှစ် ဩဂုတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ မင်္ဂလာဒုံဗဟိုနိုင်ငံရေး တက္ကသိုလ်ဝင်းအတွင်းရှိ ညီလာခံ ခန်းမ၌ ကျင်းပသော စတုတ္ထအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
 
ယင်းနောက် ၁၉၈၃ ဇူလိုင်လ ၂၂ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ထိုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၏ ဒေသပါတီ ကော်မတီဥက္ကဌ ဖြစ်လာခဲ့သည်။ တစ်ဖန် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၈၅ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။ ထိုစဉ်က သူ့အသက်က ၅၂ နှစ် အရွယ်သာရှိပြီး ရာထူးအဆင့် (၂) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အတွက် သူ့ထက်ဝါရင့်ပြီး မေမြို့စစ်တက္ကသိုလ်ဆင်း၊ မဆလ တပ်မတော် ထိပ်ပိုင်းတပ်မှူးများက အတော်ပင် မကျေမနပ် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်း၏ အကွက်ချ အစီအမံ ဖြစ်သောကြောင့် မိမိတို့၏ မကျေနပ်ချက်များကို မျိုသိပ်ထားခဲ့ရသည်။ သို့ကလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်မတိုက်သော်လည်း အကင်းပါး၍ လူကြီးအကြိုက် ပြုမူဆောင်ရွက်တတ်ပြီး ကွက်ကျော် မြင်တတ်သောကြောင့် ရာထူးအတက်မြန်သည်ဟု ဆိုရပေမည်။
 
၁၉၈၅-ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ်၊ ၁၉၈၇တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ လမ်းစဉ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။
== နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်း ==
၁၉၈၈ ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၈၉ တွင်နဝတအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး ဖြစ်လာသည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတ ဥက္ကဌ၊ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရာယူခဲ့သည်။
== မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ ==
* တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ ဗိုလ်လောင်း သင်တန်းအပတ်စဉ် (၉) ဖြစ်ပြီး ပြန်တမ်းဝင်အမှတ်မှာ B.C အမှတ် (ကြည်း - ၆၇၁၀) ဖြစ်သည်။
* [[အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်]] တပ်မမှူး ( ၁၉၇၈ မှ ၁၉၈၃ ထိ)
* [[ဧရာဝတီတိုင်း]] ဒေသပါတီကော်မတီ ဥက္ကဌ ( ၁၉၈၃ မှ ၁၉၈၅ ထိ)
* [[အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်]] တိုင်းမှူး ( ၁၉၈၃ မှ ၁၉၈၅ ထိ)
* [[ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်]] ( ၁၉၈၅ မှ ၁၉၉၂ ထိ)
== နိုင်ငံခေါင်းဆောင်ကာလ ==
[[ကာကွယ်ရေး ဝန်ကြီးဌာန]]ဝန်ကြီးနှင့် [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်]]မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်လာသည်။
[[ဗိုလ်ချုပ်မှူးကြီးစောမောင်]] ထံမှ နိုင်ငံတော်အာဏာကို ကျန်းမာရေး အခြေအနေအရ ထပ်မံသိမ်းယူခဲ့သူ ဖြစ်သည်။
 
= ဦးဆောင်မှု ပုံစံ =