စုစုလွင်၊ ဒေါ်: တည်းဖြတ်မှု မူကွဲများ

"သမ္မတကတော် ဒေါ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
'''ဒေါ်စုစုလွင်'''
သမ္မတကတော် ဒေါ်စုစုလွင်၏ ကိုယ်ရေးအကျဉ်း
 
၂၀၁၆ ဧပြီလတစ်ရက်နေ့တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်မည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်မှာ သမ္မတကတော် ( First Lady ) အဖြစ် ပြည်သူ့ရှေ့မှောက် ရောက်ရှိလာတော့မည် ဖြစ်သည်။
 
== ငယ်ဘဝ ==
ဒေါ်စုစုလွင်ကို ဦးလွင်၊ ဒေါ်တင်မမလေးတို့က မွေးဖွားခဲ့သည်။ သမီးနှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်စဉ်က အထက ၃ ၊ မော်လမြိုင်၊ အထက ၂ ကမာရွတ်၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Radnor Elementary School မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။
 
== ဝန်ထမ်းဘဝ ==
 
ပညာရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိခဲ့ကာ မြန်မာနိုင်ငံ ပညာရေး သုတေသီအဖွဲ့တွင် ၁၃ နှစ် ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဦးထင်ကျော်နှင့် လက်ထပ်ခဲ့သည်။
 
Line ၁၁ ⟶ ၁၂:
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်တွင် သင်ခန်းစာ ရေးသားခြင်းဆိုင်ရာ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ကထိကရာထူးမှ နုတ်ထွက်ခဲ့သည်။
 
== နိုင်ငံရေး ==
 
၁၉၈၉ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးခဲ့သည်။ ၁၉၉၀ ခုနှစ်မှစ၍ UNICEF တွင် ပညာရေး စီမံကိန်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ခြင်း၊ လူအခွင့်အရေး အခြေပြု စီမံကိန်းရေးဆွဲခြင်း တာဝန်များ ထမ်းဆောင်ကာ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မော်ရိုကို တို့တွင် တက်ရောက်ခဲ့သည်။