စုစုလွင်၊ ဒေါ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{refimprove}}
'''ဒေါ်စုစုလွင်''' သည် ၂၀၁၆ ဧပြီလ တစ်ရက်နေ့တွင် [[ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်]]၏ သမ္မတတာဝန်ကို စတင်ထမ်းဆောင်မည့် [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]] [[ထင်ကျော်၊ ဦးထင်ကျော်၏ဦး|ဦးထင်ကျော်]]၏ ဇနီး ဖြစ်သည်။
 
== ငယ်ဘဝ ==
ဒေါ်စုစုလွင်ကို ဦးလွင်၊ ဒေါ်တင်မမလေးတို့က ၁၉၅၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။<ref name="opn">{{cite web|url=http://first.omimyanmar.org/omi/member/view/5318627aad17d722208b456b|title=လွှတ်တော်အမတ်များ - ဒေါ်စုစုလွင်|publisher=Open Myanmar Initiative|accessdate=၁၅ မတ် ၂၀၁၆}}</ref> သမီးနှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်စဉ်က အထက ၃ ၊ မော်လမြိုင်၊ အထက ၂ ကမာရွတ်၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Radnor Elementary School မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။
 
== ဝန်ထမ်းဘဝ ==
ပညာရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိခဲ့ကာ<ref>{{cite news|url=http://www.reuters.com/article/us-myanmar-politics-president-idUSKCN0WC0G2|title=Presidency beckons for Suu Kyi confidant after two months in party|author=Aung Hla Tun|date=10 March 2016|work=Reuters News|accessdate=10 March 2016}}</ref> မြန်မာနိုင်ငံ ပညာရေး သုတေသီအဖွဲ့တွင် ၁၃ နှစ် ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဦးထင်ကျော်နှင့် လက်ထပ်ခဲ့သည်။
 
 
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်တွင် သင်ခန်းစာ ရေးသားခြင်းဆိုင်ရာ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ကထိကရာထူးမှ နုတ်ထွက်ခဲ့သည်။
 
== နိုင်ငံရေး ==
၁၉၈၉ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်[[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] ဖွဲ့စည်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးခဲ့သည်။ ၁၉၉၀ ခုနှစ်မှစ၍ UNICEF တွင် ပညာရေး စီမံကိန်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ခြင်း၊ လူအခွင့်အရေး အခြေပြု စီမံကိန်းရေးဆွဲခြင်း တာဝန်များ ထမ်းဆောင်ကာ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မော်ရိုကို တို့တွင် တက်ရောက်ခဲ့သည်။
 
၁၉၉၉-၂၀၀၀ မှစ၍ သုံးခွမြို့နယ်တွင် ကျောင်းနေအရွယ် အားလုံး ကျောင်းနေရေး စီမံကိန်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင် စီမံရေးအရာရှိအဖြစ် UNICEF ဘက်မှ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ငန်းများတွင် ယခုတိုင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။
Line ၁၉ ⟶ ၁၈:
 
ဒေါ်စုစုလွင်သည် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမတ်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
 
== ကိုးကား ==
{{reflist}}
 
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/536931759815131/?type=3&theater
 
{{lifetime|၁၉၅၂| }}
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]