နိကာယ် ငါးရပ်: တည်းဖြတ်မှု မူကွဲများ

၅၂ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (→‎စာညွှန်း)
အရေးမကြီးNo edit summary
{{ဗုဒ္ဓဘာသာ}}
==နိကာယ် ငါးရပ်==
နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။ ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစု (တနည်း နိကာယ် ငါးရပ်) ခွဲခြားခဲ့ကြပါသည်။
 
 
 
=== ဒီဃနိကာယ (Collection of Long Discourses) ===
{{main|ဒီဃနိကာယ်}}
ဗုဒ္ဓဒေသနာတော်များအား အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ်များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊ ရဟန်းပြုရခြင်း၏ သာမည အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားသော သာမညဖလသုတ်၊ ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊ မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ် တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။
ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားပဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရည် ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။
 
=== မဇ္ဈိမနိကာယ (Collection of Middle Length Discourses) ===
{{main|မဇ္ဈိမနိကာယ်}}
ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။
မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။
 
=== သံယုတ္တနိကာယ (Collection of Connected Discourses) ===
{{main|သံယုတ္တနိကာယ်}}
သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။
ထို့ကြောင့် ပထမ လေးကျမ်းသည် ခန္ဓာ၊ အာယတန၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို နားလည် သဘောပေါက်စေ၍ အယူမှားဒိဋ္ဌိတို့ ကင်းစင်စေရန် ရည်ရွယ်ပြီး၊ နောက်ဆုံး မဟာဝဂ္ဂသံယုတ်ကျမ်းသည် ဗောဓိဉာဏ်အတွက် ကျင့်ကြံအားထုတ်မှု ဘာဝနာရှုမှတ်ရန် လမ်းညွှန် တရားဒေသနာတော်များဖြစ်သည်ဟု ဆိုနိုင်သည်။
 
=== အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses) ===
{{main|အင်္ဂုတ္တရနိကာယ်}}
ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။
အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။
 
=== ခုဒ္ဒကနိကာယ (Collections of Minor Texts) ===
{{main|ခုဒ္ဒကနိကာယ်}}
ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြပေ။ ခုဒ္ဒကနိကာယ်တွင်ပါဝင်သော သုတ္တန်ကျမ်း အရေအတွက်သည် မြန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်းပါဝင်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။
၉၉၈၇

တည်းဖြတ်မှုများ