ကပိလဝတ်ပြည်: တည်းဖြတ်မှု မူကွဲများ

ရှေးဟောင်းသက္ကတိုင်း၏ မြို့
စာမျက်နှာအသစ်: ==ကပိလဝတ်ပြည်== ကပိလဝတ်ပြည်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထ ...
(ကွဲပြားမှု မရှိ)

၀၁:၄၃၊ ၂၉ ဩဂုတ် ၂၀၀၉ ရက်နေ့က မူ

ကပိလဝတ်ပြည်

ကပိလဝတ်ပြည်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံတော်မူသော ပြည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး (၁၆) တိုင်း ၊ ပြည်ကြီး (၂၀) ဟု ကျော်စောခဲ့သည့်အနက် သက္ကတတိုင်း ကပိလဝတ်ပြည်တွင် သာကီဝင်တို့ ကြီးစိုးခဲ့သည်။ ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော်များကို ဟိမဝန္တာသို့ သွားရောက်နေထိုင်ရန် အမိန့်ရှိခဲ့ရာမှ သားတော် သမီးတော်တို့သည် ကပိရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီးတွင် ရသေ့ကြီး၏ အဆုံးအမကို ခံယူကာ တိုင်းပြည် တည်ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ်ပြည်ဟု ခေါ်တွင်သည်။ ကပိလဝတ်ပြည်ကို မြန်မာစာများ၌ ကပ္ပီလဝတ် ဟူ၍လည်း သုံးစွဲကြသည်။