သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၆၉ -
၁၉၇၅ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်သို့ ရောက်လာပြီး စစ်ဆင်ရေး ဗျူဟာများကို တာဝန်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တပ်မ (၈၈) တပ်မမှူးအဖြစ် ခန့်အပ်ခံရပြီး ရှမ်းပြည်နယ်တွင် ဗကပများ နှိမ်နှင်းရေး စစ်ဆင်မှုများကို ကွပ်ကဲခဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။
 
ထို့နောက် ဗိုလ်မှူးချုပ် သန်းရွှေသည် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ် အဆင့် တိုးမြှင့်ချင်း ခံရသည်။ တဖန် တစ်နှစ်အကြာ ၁၉၈၇ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ခံရသည်။ ၁၉၈၈ ခု၊ ဇူလိုင် ၂၇ တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။ ထို့နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်အာဏာရှင် ဦးနေဝင်းက ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ကို မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်၊ မေခလမ်းရှိ သူ့အိမ်ကို ခေါ်ယူတွေ့ဆုံပြီး စစ်တပ်ဖြင့် အာဏာသိမ်းရန်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ခေါင်းစဉ်တပ်ထားသော စစ်အာဏာသိမ်း ကောင်စီ၌ ဗိုလ်ချုပ်ကြီး စောမောင်ကို ဥက္ကဌလုပ်ခိုင်းပြီး ဗိုလ်မှူးချုပ် ခင်ညွှန့်နှင့် ဗိုလ်မှူးကြီး တင်ဦးတို့ကို နဝတ အဖွဲ့ အတွင်းရေးမှူး (၁) နှင့် (၂) ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ အာဏာသိမ်းရမည့် စက်တင်ဘာလ ၁၈ ရက်ကို ဦးနေဝင်းကပင် ဂဏန်းဗေဒင်အရ တွက်ချက်ပေးခဲ့သည်။ ဦးနေဝင်းသည် ဂဏန်းဗေဒင်ပညာကို အလွန်ယုံကြည်သူဖြစ်ရာ သူ၏ မွေးနံဂဏန်း (၆) နှင့် အကျိုးပေးသော ၃ နှင့် ၉ ဂဏန်းကို အလွန်နှစ်သက်သောကြောင့် စစ်အာဏာသိမ်းကောင်စီ၏ အမည်ကိုပင် ၉ ဂဏန်းကျစေရန် နဝတ (န=()+ဝ=()+တ=()=၁၈=၁+၈=၉) ဟူ၍ အတိုကောက် မှည့်ခေါ်စေသလို ၉ ဂဏန်းကျသော စက်တင်ဘာလ ၁၈ ရက်နေ့ကိုပင် အာဏာသိမ်းခိုင်းခဲ့သည်။
 
ဗိုလ်ချုပ်ကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၌ သာမန်အဖွဲ့ဝင် တစ်ဦးအဖြစ်သာ ထည့်သွင်းခဲ့ပြီး အရေးပါလှသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါ်လစီများကို ကိုင်တွယ်ခိုင်းခြင်း မရှိဘဲ လမ်းဖောက်၊ တံတားဆောက် စသည့် လုပ်ငန်းအချို့တွင်သာ ကြီးကြပ်စေခဲ့သောကြောင့် ယင်းတို့အပေါ်တွင် အညိုးအတေး ထားခဲ့သည်။ သို့သော် မိမိ၏ မကျေနပ်မှုကို မျိုသိပ်ကာ လေသံမျှပင် မဟခဲ့ချေ။
 
အလွန် အကင်းပါးသော ဗိုလ်မှူးချုပ် ခင်ညွှန့်က နဝတ အတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရူပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးရန် အခွင့်သာတိုင်း အကြိမ်ကြိမ် နားချစည်းရုံးခဲ့သည်။ သို့သော်ဗိုလ်ချုပ်ကြီးသည် ဗိုလ်ချုပ်သန်းရွှေကို ၁၉၈၉ မေလ ၂၃ မှာတွင် စတင်ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့၌ ဥက္ကဌ အဖြစ်သာ ခန့်အပ်သည်။ခန့်အပ်ခဲ့သည်။
 
ထို့နောက် ၁၉၉ဝ ပြည့်နှစ် အစောပိုင်းတွင် နဝတဥက္ကဌ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသော ဗိုလ်ချုပ်ကြီး စောမောင်သည် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ကာ နဝတအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။