နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး Reverted edits by 111.84.195.251 (talk) to last revision by Ninjastrikers
စာကြောင်း ၁၁၈ -
 
== အခြားအကြောင်းအရာများ==
စတင်ဖွင့်လှစ်စဉ်က အဆင့်မြင့်နည်းပညာတက္ကသိုလ်တစ်ခုပီပီ ဝင်ခွင့်စာမေးပွဲများနှင့် လက်တွေ့လုပ်ဆောင်မှုများရှိသော်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ဝင်ခွင့်စာမေးပွဲကို ပယ်ဖျက်ခဲ့သည်။ လက်တွေ့လုပ်ဆောင်မှုများ၊ စမ်းသပ်မှုများလည်း နောက်ပိုင်းတွင် သိသိသာသာ လျော့နည်းလာခဲ့သည်။ စတင်ဖွင့်လှစ်သည့် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ကျရှုံးသည့် ဘာသာရပ်များအား ပြန်လည်ကုစားဖြေဆိုခွင့် မရှိသော်ငြား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ နောက်ဆုံးနှစ်(ပထမဆုံးအသုတ်) ကျောင်းသား/ကျောင်းသူများကို စာမေးပွဲကျရှုံးပါက ပြန်လည်ဖြေဆိုခွင့် ပြုခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် အရည်အချင်းကိုသာ လိုလားသည်ဟု နှစ်စဉ်နှစ်တိုင်း ကြွေးကြော်ထားသည့် UT-YCCအတွက် မျက်နှာပျက်ဖွယ် ဖြစ်ခဲ့သည်။ စာမေးပွဲတွင် မည်မျှအခြေအနေဆိုးစေကာမူ ပြန်လည်ကုစားဖြေဆိုခြင်းကြောင့် နောက်ဆုံးနှစ်ကျောင်းသားများက အောင်ဖို့ရာ သေချာသကဲ့သို့ဖြစ်နေ၍ လေ့လာမှုပိုင်းတွင် ပေါ့လျော့ခဲ့ကြသည်။
စတင်ဖွင့်လှစ်စဉ်က ဝင်ခွင့်စာမေးပွဲမျေးရှိသော်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ဝင်ခွင့်စာမေးပွဲကို ပယ်ဖျက်ခဲ့သည်ေ။{{citation needed}}
စာသင်ကြားမှုပိုင်းတွင်လည်း စာမေးပွဲအောင်ရေးကိုသာ အဓိကထား သင်ကြားလေ့ရှိသည့် မြန်မာ့တက္ကသိုလ်၊ကောလိပ်၊စာသင်ကျောင်းများ၏ လမ်းစဉ်ကို တဖြည်းဖြည်းလိုက်ခဲ့ကြသည်။ တိုက်စစ်သည်လည်း တဖြည်းဖြည်း အရှိန်မြင့်လာခဲ့သည်။ တိုက်စစ်ဆိုသည်မှာ ဖြေထားသည့် အဖြေလွှာနှင့်သင်ရန်ပြဌာန်းထားသည့် ဖတ်စာအုပ်ကို တိုက်ဆိုင်စစ်ဆေးကာ အမှတ်ပေးခြင်းကို ဆိုလိုလည်။ အကောင်အထည်မပြနိုင်သည့် မမြင်ရသည့် ""အမှတ်ပေး စည်းမျဉ်း""ဆိုသည့်အရာကို အကြောင်းပြကာ စာမေးပွဲအောင်စာရင်းရလဒ်များမှာ များစွာ အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည်။
 
===ဘွဲ့နာမည် ပြောင်းလဲခြင်း===
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)အား စတင်ဖွင့်လှစ်တည်ထောင်ခါစမှ စတင်၍
#သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာ B.E (Information Science)
#ကွန်ပျူတာနည်းပညာ အင်ဂျင်နီယာ B.E (Computer Engineering)
#လျှပ်စစ်နည်းပညာ အင်ဂျင်နီယာ B.E (Electronic Communication Engineering)
#တိကျစက်ပစ္စည်းနည်းပညာ အင်ဂျင်နီယာ B.E (Precision Engineering)
#အဆင့်မြင့်ဒြပ်ပစ္စည်းနည်းပညာအင်ဂျင်နီယာ B.E (Advenced Material Engineering) အစရှိသည်ဖြင့်
မေဂျာများရှိခဲ့သော်လည်း အလုပ်ရှာရန် ခက်ခဲသည်ဆိုသော အကြောင်းပြချက်ဖြင့် မေဂျာနာမည်များ(ဘွဲ့နာမည်)များကို လက်လွှတ်စပယ်ပြောင်းလဲပြင်ဆင်ခဲ့ကြသည်။ စတင်တည်ထောင်စဉ်ကတည်းက ဘွဲ့နာမည်နှင့် မသက်ဆိုင် မဆက်စပ်သော နည်းပညာများ၊ ဘာသာရပ်များကို သင်ကြားနေမှုကို တချို့သော ဆရာဆရာမများမှ ထောက်ပြခဲ့ကြသည်။ သို့သော်လည်း မအောင်မြင်ခဲ့ချေ။ ကမ္ဘာသိ တိုင်းသိပြည်သိ ကြေညာထားသည့် မေဂျာ(အထူးပြုဘာသာရပ်)နာမည်များကို ပြောင်းလဲခဲ့ကြသည်။ မေဂျာနှင့် မသက်ဆိုင် မဆက်စပ်သည့် နည်းပညာများကို သင်ကြားသည့်အပြင် အလုပ်ရရန်အလို့ငှာ ဘွဲ့နာမည်များကိုပါ ပြင်ဆင်ပြောင်းလဲခဲ့သည်။{{citation needed}}
 
သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာ B.E (Information Science)ကို BE (Information Science and Technology) ဟု ပြောင်းလဲခဲ့သည်။ ပြောင်းလဲရသည့် အကြောင်းရင်းအား ဌာနသို့မေးမြန်းရာ အလုပ်လျှောက်ရာတွင် တစ်ခြားသော နည်းပညာတက္ကသိုလ်များမှ ပေးအပ်သော BE (Information Technology)နှင့် တူညီသည်ဟု ပြောဆိုအလုပ်လျှောက်စေရန် ရည်ရွယ်သည်ဟု သိရှိရသည်။ ထို့နည်းတူ တိကျစက်ပစ္စည်းနည်းပညာ အင်ဂျင်နီယာ B.E (Precision Engineering)ကိုလည်း BE(Mechanical Precision and Automation)ဟု ပြောင်းလဲပြင်ဆင်ခဲ့သည်။ ပြောင်းလဲရသည့် အကြောင်းရင်းအား ဌာနသို့မေးမြန်းရာ အလုပ်လျှောက်ရာတွင် တစ်ခြားသော နည်းပညာတက္ကသိုလ်များမှ ပေးအပ်သော BE (Mechanical Engineering)နှင့် တူညီသည်ဟု ပြောဆိုအလုပ်လျှောက်စေရန် ရည်ရွယ်သည်ဟု သိရှိရသည်။ အဆိုပါ လုပ်ရပ်မှာ အဆင့်မြင့်နည်းပညာတက္ကသိုလ် (COE) အမည်ခံထားသည့် တက္ကသိုလ်တစ်ခုအနေနှင့် အကြီးအကျယ် ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့သည်။ စတင်ဖွင့်လှစ်ခါစက တစ်ခြားသော ရိုးရိုးနည်းပညာတက္ကသိုလ်များ၏ သင်ကြားပုံ၊ ဘာသာရပ်၊ ဘွဲ့ရဖောင်းပွမှု စသည်တို့ကို စီစစ်၍ ပိုမိုကောင်းမွန်အဆင့်မြင့်စေရန် အဓိကရည်ရွယ်သော်လည်း နောက်ပိုင်းတွင် ဘွဲ့နာမည်များနှင့် အပ်စပ်ခြင်းမရှိသော ဘာသာရပ်များ သင်ကြားကာ ဘွဲ့များကိုလည်း အမည်နာမ လိုသလို ပြုပြင်ပြောင်းလဲခဲ့ကြသည်။
အဆိုပါ ဘွဲ့နာမည်များနှင့် ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ဘွဲ့များ ပေးအပ်ခဲ့သည်။ စည်းကမ်းများထူထပ်စွာ ချမှတ်ထားသော်လည်း လက်တွေ့ပြုလုပ်သည့် စာအုပ် မထပ်သည့်သူများ၊ Mini-Thesisဟု ခေါ်သည့် နောက်ဆုံးနှစ်တွင် လုပ်ဆောင်ရသည့် လက်တွေ့လုပ်ဆောင်မှုများ မပြီးသေးသည့်သူများ၊ ကျောင်းလခ ကြွေးကျန်ရှိသူများကို ဘွဲ့နှင်းသဘင်အား နားလည်မှုဖြင့် တက်ရောက်ခွင့်ရရှိခဲ့ကြသည်။
 
===ကျောင်းခေါ်ချိန် ကိစ္စများ===
Roll-Callဟု လူသိများသော ကျောင်းချိန်ကြိမ်တွင် လိုအပ်ချက်များစွာဖြင့် အငြင်းပွားဖွယ်ရာ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်သည်။ ဆရာ/ဆရာမ တစ်ဦးချင်းဆီ၏ တွက်ချက်မှုများပင် မတူညီခဲ့ချေ။ ထို့ပြင် ကျောင်းသားတစ်ဦးခြင်းစီ၏ ဘဝကို အဆုံးအဖြတ်ပေးသည့် ဒီဘား(Debarred-ကျောင်းခေါ်ကြိမ်မပြည့်၍ ထုတ်ပယ်ခြင်း)ကိုပင်လျှင် သေချာစွာ ကြပ်မတ်စစ်ဆေးမှုမရှိ ထုတ်ပြန်ခဲ့သည်။ ၂၀၁၂-၂၀၁၃ပညာသင်နှစ်တွင် ကျောင်းခေါ်ကြိမ်မပြည့်ဟုဆိုကာ ကျောင်းသား/ကျောင်းသူပေါင်း (၁၇၈)ယောက်ကို ၁ နှစ်ကျအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကျောင်းတွင်း ဆန္ဒပြမှုများ၊ ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများကို သတင်းရယူသော ကျောင်းသားများကိုပင်လျှင် ခေါ်ယူဆုံးမခြင်း ခံခဲ့ရသည်။ သတင်း၊ ဂျာနယ်များတွင်လည်း မြန်မာနိုင်ငံပညာရေးစနစ်၏ အားနည်းချက်များအဖြစ် အဆိုပါ ၁ နှစ်ကျ သတ်မှတ်မှုကို ဖော်ပြခဲ့သည်။ ၇၅ ရာခိုင်နှုန်းပြည့်မီမှသာလျှင် စာမေးပွဲဖြေဆိုခွင့်ရှိသည်ဟုဆိုကာ ၇၅ ရာခိုင်နှုန်း မပြည့်မီသောကျောင်းသား/ကျောင်းသူများကို ထုတ်ပယ်ခဲ့သည်။ သို့သော် (၁၀၃)ရာခိုင်နှုန်းများ၊ (၁၇၇)ရာခိုင်နှုန်းများဖြင့် ပြည့်မီသူများလည်း ရှိခဲ့သည်။ တွက်ချက်မှုမှားယွင်းခြင်းကို ဝန်မခံလိုသောကြောင့် တရားမျှတမှုကို လစ်လျူရှု့ခဲ့ကြသည်။
ဆေးခွင့်တင်လျှင် ကျောင်းခေါ်ချိန်များကို ဖြည့်ပေးသောကြောင့် အတန်းမတက်သော်လည်း ကျောင်းခေါ်ချိန်ပြည့်မီစေရန် ကျောင်းသား/ကျောင်းသူများမှ ကျန်းမာနေသော်လည်း ဆေးခွင့်များစွာ တင်သွင်းခဲ့ကြသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဆေးခွင့်ပေါင်း ၃၇၀၀ ကျော်တင်သွင်းခဲ့ကြသည်။ လာဘ်ပေး/လာဘ်ယူမှုများလည်း သိသာထင်ရှားစွာ တိုးပွားလာခဲ့သည်။ ကျောင်းသား/ကျောင်းသူတို့၏ ပင်ကိုယ်စိတ်ရင်း သဘာဝအရ ကျောင်းနောက်ကျသောအခါ စာသင်ခန်းထဲသို့ ဝင်ရန် ဆရာ/ဆရာမကို အားနာသမှုရှိခဲ့ကြသည်။ အမှန်တစ်ကယ် ဖျားနာနေစေကာမူ ဆရာ/ဆရာမများအား အလုပ်ရှုပ်မည်စိုးသောကြောင့် ဆေးခွင့် မတင်သွင်းသူများ ရှိခဲ့ကြသည်။ ကျောင်းခေါ်ချိန်ဖြင့် ကျောင်းသား/ကျောင်းသူများအား ဖိနှိပ်ချုပ်ချယ်မှုနောက်ပိုင်းတွင် အတန်းမည်မျှပင်နောက်ကျစေကာမူ အတန်းသွားတက်ကြသည်။ ဆရာ/ဆရာမက Roll-Call ခေါ်မှ အတန်းထဲသို့ ကပျာကယာ ဝင်ထိုင်လာကြသည်။ အမှန်တစ်ကယ် ဖျားနာြခင်းမရှိသော်လည်း မတက်ခဲ့သော အတန်းချိန်များ ပြည့်စေရန် ဆေးခွင့်များ ပေါပေါလောလော တင်ခဲ့ကြသည်။ ကျောင်းခေါ်ချိန်ပြည့်မီရေးအတွက် အတန်းထဲသို့ ဝင်ထိုင်ကာ မှောက်အိပ်နေခြင်း၊ ထမင်းခိုးစားခြင်း၊ ဖုန်းဆော့ခြင်းများ ပြုလုပ်နေကြသည်။{{citation needed}}
 
== ပြင်ပလင့်ခ်များ ==