ထင်ကျော် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

No edit summary
→‎နိုင်ငံရေး: စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၉ -
 
== နိုင်ငံရေး ==
ဒေါ်အောင်ဆန်းစုကြည်နှင့် ငယ်သူငယ်ချင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။<ref>{{cite web|title=“ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်"|url=http://www.7daydaily.com/story/59953|publisher=[[၇ ရကျ နေ့စဉ်သတင်းစာ|7daydaily]]|accessdate=10 March 2016}}</ref> သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစုတွင် ဦးထင်ကျော်လည်း ပါဝင်သည်။<ref>{{Cite news|url=http://www.theguardian.com/world/2016/mar/15/myanmar-parliament-elects-htin-kyaw-as-first-civilian-president-in-53-years|title=Myanmar parliament elects Htin Kyaw as first civilian president in 53 years|last=Holmes|first=Oliver|date=2016-03-15|newspaper=The Guardian|language=en-GB|issn=0261-3077|accessdate=2016-03-16}}</ref> သူ့ကို သိုသိပ်လျှို့ဝှက်စွာ နေတတ်သူအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များက သိထားကြသည်။ ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်း ဖြစ်သည်။ ဦးထင်ကျော်သည် ဖခင်ဖြစ်သူထားရစ်ခဲ့သည့် ဒိုင်ယာရီထဲ၌ သူ၏ ​မွေး​နေ့​မွေးရက်တွင်​ ရေးသားခဲ့သည့် သူကိုယ်တိုင်မသိခဲ့​သော သူ၏ငယ်အမည် "ဒလဘန်း" ကိုသုံးကာ သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ''အဘဘဝ အဘအကြောင်း တစေ့တစောင်း'' စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့် လက်ရာဖြစ်သည်။ လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ် လည်းကောင်း၊ မိသားစုမျိုးရိုး သမိုင်းကြောင့် လည်းကောင်း၊ ရိုးသားဖြောင့်မတ်သော စိတ်ထားရှိ၍ လည်းကောင်း စသည့် အရည်အချင်းများကြောင့် NLD ၏ သမ္မတလောင်းစာရင်းတွင် တစ်ပေးခြင်းခံထားရသူ တစ်ဦးဖြစ်လာခဲ့သည်။<ref>{{Cite web|url=http://burmese.voanews.com/content/myanmar-new-president-u-htin-kyaw/3237031.html|title=မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက် နိုင်ငံတော်သမ္မတ|website=ဗွီအိုအေ|accessdate=2016-03-15}}</ref>
<ref>{{cite web|title=NLD names U Htin Kyaw for president|url=http://www.mmtimes.com/index.php/national-news/19403-nld-names-u-htin-kyaw-for-presiden.html|publisher=''Myanmar Times''|accessdate=10 March 2016}}</ref><ref>{{cite web|url=http://time.com/4258655/htin-kyaw-burma-myanmar-president-aung-san-suu-kyi/|title=Myanmar: Who Is Htin Kyaw, Burma's New President?|author=Simon Lewis|work=TIME.com}}</ref> NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ [[စုစုလွင်၊ ဒေါ်|ဒေါ်စုစုလွင်]]၏ ခင်ပွန်းလည်း ဖြစ်သည်။