ပထမ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

+ ရခိုင်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၅ -
|date=1823–1826
|place=မြန်မာ–အိန္ဒိယ
|result=ဗြိတိသျှစစ်နိုင်၊ [[ရန္တပိုစာချုပ်]]၊အာသံ၊ မဏိပူရ၊ ရခိုင် နှင့် တနင်္သာရီဒေသတို့အားဗြတိသျှအား​ပေးအပ်ရ။
|casus=Burmese expansion drift
|combatant1={{အလံ|ဂရိတ်ဗြိတိန်နိုင်ငံ}}
စာကြောင်း ၂၀ -
ပထမအင်္ဂလိပ်မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ [[ကုန်းဘောင်ခေတ်]]၊ [[ဘကြီးတော်(စစ်ကိုင်းမင်း)]] လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ [[ရှင်မဖြူကျွန်း]] ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် [[ရန္တပိုစာချုပ်]]ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ၊ ရခိုင် နှင့် [[တနင်္သာရီတိုင်း|တနင်္သာရီ]]ဒေသ တို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရသည်။ စစ်ပွဲတွင် စစ်သူကြီး[[မဟာဗန္ဓုလ]] [[ဓနုဖြူ တိုက်ပွဲ]]တွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း ခရစ်နှစ်-၁၈၂၅ခု၊ ဧပြီ (၁) ရက်နေ့တွင် ကျဆုံးခဲ့သည်။ ထိုစစ်ပွဲသည် မြန်မာဘုရင်ပိုင်နက်နှင့် အချုပ်အချာအာဏာ ကျရုံးရန် အဓိက အကြောင်းအရင်း ဖြစ်သည်။
 
== စစ်ပွဲ ဖြစ်ရသည့် အကြောင်းများ ==
ဘကြီးတော်မင်း နန်းတက်သော အခါ မိဖုရားကြီး [[နန်းမတော်မယ်နု|မယ်နု]]နှင့် ၎င်း ဆွေမျိုးသားချင်းများ၊ ၎င်းတို့၏ အလိုတော်ရိများသည် နန်းတွင်း၌ ဩဇာ ကြီးမား ခဲ့ကြသည်။ ခြုံ၍ ကြည့်လျှင် ၎င်းတို့သည် အရည်အသွေး ရှိသူများ၊ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် အများအားဖြင့် ၎င်းတို့သည် ပြင်ပ ကမ္ဘာ အကြောင်းကို သတိမမူသူများ ဖြစ်၍ မြန်မာ့ အင်အားကို လွန်စွာ အထင်ကြီးနေသူများ ဖြစ်ကြသည်။ မည်သည့်နိုင်ငံနှင့် မဆို မြန်မာတို့ အလိုကျ ဆက်ဆံနိုင်သည် ဟူ၍လည်း ယူဆကြလေသည်။