အကူအညီ:ဖိုင်စာမျက်နှာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး "Help:ဖိုင်စာမျက်နှာ" ကို ကာကွယ်ထားသည် ([ပြင်​ဆင်​ရန်​=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူမ...
translating
စာကြောင်း ၁၈ -
*[[:File:Edison cylinder Lost Chord.ogg|အသံနမူနာ]]
*[[:File:Abroad - 1882.djvu|အရောအနှော နမူနာ]]
 
==တည်းဖြတ်နိုင်သော အပိုင်းရှိ အသုံးဝင်အရာများ==
တည်းဖြတ်နိုင်သော အပိုင်းသည် ဖိုင်ကို ဖော်ပြထားရန်နှင့် ထပ်ဆောင်းအချက်အလက်များ ဖော်ပြရန် ဖြစ်သည်. အစောပိုင်းတွင် ဤအပိုင်း၌ ကနဦးဖိုင်တင်စဉ်က ထည့်သွင်းလိုက်သော ပုံတင်ခြင်း အကျဉ်းချုပ် အချက်အလက်များကို ဖော်ပြပေးသည်။ အောက်ပါတို့သည် ဖိုင်စာမျက်နှာတွင် ထည့်သွင်းရမည့် အသုံးဝင်အရာများ ဖြစ်သည်။
 
===ဖိုင် ဖော်ပြချက်===
ဥပမာ။ ။"ရေကန်ငယ်အတွင်းမှ ရွှေငါးတစ်ကောင်"။
 
သင်သည် ဖိုင်ကို အခြားတစ်နေရာမှ ဒေါင်းလုပ်ရယူခဲ့သည် ဆိုပါက ရယူခဲ့သည့် ရင်းမြစ်နေရာ၊ ဖန်တီသူ အစရှိသော အသေးစိတ် အချက်အလက်များကို ထည့်သွင်းသင့်ပါသည်။ [[WP:CS|ရင်းမြစ်များကို ကိုးကားခြင်း]] ကို ကြည့်ရှုပါ။
 
===ဖိုင် အကျဉ်းချုပ်===
ဤနေရာသည် ဖိုင်အကြောင်း ထပ်ဆောင်းအချက်အလက်များနှင့် မည်သို့ ဖန်တီးခဲ့သည်၊ ဖန်တီးခဲ့သည့် နေရာ၊ အချိန်၊ ဖန်တီးသူ အစရှိသည်တို့နှင့်၊ မည်သည့်ပုံဖြစ်သည်ဆိုသည့် အကြောင်း စသည်တို့ကို ရေးသားဖော်ပြရန် နေရာ ဖြစ်သည်။
 
နမူနာ။ "___ ကင်မရာဖြင့် ရေအောက်တွင် ကျွန်တော် ရိုက်ကူးခဲ့သော ____ ငါး။"
 
==== ပုံ အကျဉ်းချုပ်====
ပုံကို အသုံးပြုထားသော ဆောင်းပါးများတွင် [[WP:CAP|ပုံစာညွှန်း]] ပါလေ့ရှိသော်လည်း ယင်းတို့သည် ပုံအကြောင်း ဖော်ပြချက် အပြည့်အစုံထက် တိုတောင်းလေ့ရှိပြီး ဆောင်းပါးပါ အကြောင်းအရာနှင့် နီးစပ်စွာ ဖော်ပြလေ့ရှိသည်။
 
ဖတ်ရှုသူများသည် ဆောင်းပါးအတွင်းရှိ ပုံကို ကြည့်ရှုပြီး နောက်ထပ် အချက်အလက်များ သိရှိနိုင်ရန် ပုံကိုနှိပ်ကာ ဖိုင်အကြောင်း ဖော်ပြချက် စာမျက်နှာသို့ ရောက်ရှိလာတတ်သည်ကို မှတ်သားထားပါ။
 
အကယ်၍ သင်သည် ပုံကို သင်ကိုယ်တိုင် ဖန်တီးခဲ့ပါက အချို့သော မေးခွန်းများကို သင်ကိုယ်တိုင်သာ ဖြေဆိုနိုင်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နောက်ပိုင်းတွင် ထိုမေးခွန်းများကို ဖြေဆိုရန် စာမျက်နှာသို့ သင်မလာရောက်နိုင်ခြင်း ဖြစ်နိုင်သဖြင့် ဖိုင်ကို တင်သည့်အချိန်ကတည်းက အချက်အလက်များအား ဖော်ပြချက်စာမျက်နှာတွင် တပါတည်း ထည့်သွင်းသင့်သည်။ ဤသို့ဖြင့် တည်းဖြတ်သူများအတွက် ပုံကို ကောင်းမွန်သေချာစွာ အသုံးပြုနိုင်မည် ဖြစ်သလို လာရောက်ဖတ်ရှုသူများအတွက်လည်း အချက်အလက်များ ပေးနိုင်မည် ဖြစ်သည်။
 
ဓာတ်ပုံများအတွက်:
* ဓာတ်ပုံကို မည်သည့်နေရာတွင် ရိုက်ကူးခဲ့ပါသလဲ?
* မည်သည့်အချိန်တွင် ရိုက်ကူးခဲ့ပါသလဲ?
* ဓာတ်ပုံထဲရှိ လူများအားလုံးနှင့် ထင်ရှားသည့် အရာဝတ္ထုများ၏ အမည်တို့ကို ပြောပါ?
* ဓာတ်ပုံထဲတွင် ဘာဖြစ်နေပါသလဲ?
* ဓာတ်ပုံရိုက်ကူးသူသည် မည်သူနည်း?
 
ဖန်တီးထားသော ပုံများအတွက်:
* ပုံစံကားများနှင့် အမှတ်အသားများအကြောင်းကို ဖြစ်နိုင်ပါက အပြည့်အစုံ ရှင်းပြပေးပါ။
* လိုအပ်ပါက အဓိအချက်အလက် (key) သို့မဟုတ် legend တို့ကို ဖော်ပြပေးပါ။
 
ဓာတ်ပုံများအတွက် နည်းပညာဆိုင်ရာ အချက်အလက်များ:
* ဖလင်ကင်မရာကို အသုံးပြုပါက မော်ဒယ်နံပါတ်၊ မှန်ဘီလူးအချက်အလက်နှင့် exposure အပြင်အဆင်များကို ဖော်ပြပါ။
* ရိုက်ကူးပြီးနောက် နောက်ထပ် မည်သည့် ပြင်ဆင်တည်းဖြတ်မှုများ (အရောင်ချိန်ညှိခြင်း၊ အလင်းအမှောင်ချိန်ညှိခြင်း စသည်) ပြုလုပ်ထားပါသလဲ?
 
ဖန်တီးထားသော ပုံများအတွက် နည်းပညာဆိုင်ရာ အချက်အလက်များ:
* ပုံကို ဖန်တီးရန် သို့မဟုတ် တည်းဖြတ်ပြင်ဆင်ရန် မည်သည့် ဆော့ဖ်ဝဲလ်ကို အသုံးပြုထားသလဲ?
* ရှိနှင့်ပြီးသော မည်သည့်အရာများ (မူပိုင်ခွင့်ကင်းလွတ်ပုံများ၊ ဓာတ်ပုံများ စသည်) ကို ထည့်သွင်း အသုံးပြုထားပါသလဲ?
 
 
 
[[Category:ဝီကီပီးဒီးယား ပုံအကူအညီ|ဖိုင်အကြောင်း ဖော်ပြချက်]]