အကူအညီ:ဖိုင်စာမျက်နှာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၇၀ -
* ''<nowiki>[[Media:Goldfish-in-tank2.jpg|မတူညီသော ကင်မရာရှုထောင့်ဖြင့်]] ([[:Image:Goldfish-in-tank2.jpg|info]])</nowiki>''
* ''<nowiki>[[Media:Goldfish-in-tank-textfree.jpg|စာမပါသော ဗားရှင်း]] ([[:Image:Goldfish-in-tank-textfree.jpg|info]])</nowiki>''
 
==အခြား အချက်များ==
===Wikimedia Commons===
ဝီကီပီးဒီးယားပေါ်တွင် ရရှိနိုင်သော ဖိုင်များကို [[Wikimedia Commons]] တွင်လည်း သိမ်းဆည်းနိုင်သည်။ အကယ်၍ ဖိုင်သည် Commons ပေါ်မှ ဖိုင်ဖြစ်ပါက ဖိုင်အကြောင်း ဖော်ပြချက် စာမျက်နှာတွ၍် အောက်ပါ စာသားကို ပြသနေမည် ဖြစ်သည်။
{{MediaWiki:Sharedupload-desc-here}}
ဖိုင်အကြောင်း ဖော်ပြချက် စာမျက်နှာတွင် ပြုလုပ်မည့် တည်းဖြတ်ပြင်ဆင်မှုများကို အထူးအခြေအနေများမှ လွဲ၍ Commons တွင်သာ ပြုလုပ်သင့်သည်။ Commons ရှိ ဖော်ပြချက် စာမျက်နှာကို ပြင်ဆင်ရန်အတွက် " ဖိုင်အကြောင်းစာမျက်နှာ" လင့်ခ်ကို နှိပ်ပါ။ ဝီကီပီးဒီးယား ကဲ့သို့ပင် Commons တွင် မည်သူမဆို ဝင်ရောက် ပြင်ဆင်နိုင်ပြီး အကောင့်တစ်ခု မလိုအပ်ပေ။
 
===နမူနာကြည့်ရှုခြင်း===
တည်းဖြတ်မှု ပြုလုပ်ရာတွင် နမူနာပြရန် လုပ်ဆောင်ချက်သည် ဖိုင်စာမျက်နှာ၏ တည်းဖြတ်နိုင်သော အပိုင်းကိုသာ ပြသမည် ဖြစ်သည်။ ဖိုင်ပုံ၊ ဖိုင်ရာဇဝင်နှင့် ဖိုင်လင့်ခ်များကို ပြသမည် မဟုတ်ပေ။
 
===ဖိုင်ကို တည်းဖြတ်ခြင်း===
ဝီကီပီးဒီးယား သို့မဟုတ် Commons ပေါ်တွင် ဖိုင်ကို တည်းဖြတ်၍ မရနိုင်ပါ။ တည်းဖြတ်ရန်အတွက် ဖိုင်ကို ဒေါင်းလုပ်ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ သင့်လျော်သော ဆော့ဖ်ဝဲလ်ပရိုဂရမ် (ပုံများအတွက် GIMP သို့မဟုတ် Photoshop စသည်) တို့ကို အသုံးပြုပြီး ပြင်ဆင်တည်းဖြတ်နိုင်သည်။ ပြောင်းလဲမှုများ ပြုလုပ်ပြီးပါက ဖိုင်ကို ဝီကီပီးဒီးယား သို့မဟုတ် Commons ပေါ်သို့ upload ပြုလုပ်ရမည် ဖြစ်သည်။ တူညီသော ဖိုင်အမည်ကို အသုံးပြုရမည်ဖြစ်ပြီး ယင်းသည် ရှိနှင့်ပြီးသော ဖိုင်ကို အစားထိုးလိမ့်မည် ဖြစ်သည်။
 
===upload လုပ်ချိန်မှာ ဘာဖြစ်သွားသလဲ===
upload ပြုလုပ်စဉ်တွင် ထည့်သွင်းလိုက်သော ဖော်ပြချက် စာသားများသည် ပုံဖော်ပြချက် စာမျက်နှာတွင် ကနဦးစာသားများအနေဖြင့် ဖြစ်လာမည် ဖြစ်သည်။