အကူအညီ:ဖိုင်စာမျက်နှာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၅ -
===upload လုပ်ချိန်မှာ ဘာဖြစ်သွားသလဲ===
upload ပြုလုပ်စဉ်တွင် ထည့်သွင်းလိုက်သော ဖော်ပြချက် စာသားများသည် ပုံဖော်ပြချက် စာမျက်နှာတွင် ကနဦးစာသားများအနေဖြင့် ဖြစ်လာမည် ဖြစ်သည်။
 
===မူရင်းပုံများကို upload တင်ခြင်း===
အကယ်၍ ပုံတစ်ပုံကို သင်ကိုယ်တိုင် ဖန်တီးထားသည် ဆိုပါက သင့်ထံတွင် XCF, .PSD, သို့မဟုတ် .AI ကဲ့သို့သော ဖောမက်ဖြင့် အရည်အသွေးမြင့် မူရင်းဖိုင်ရှိနေမည် ဖြစ်သည်။ အခြားအသုံးပြုသူများ အလွယ်တကူ ရယူပြင်ဆင်နိုင်ရန်အတွက် ယင်းမူရင်းဖိုင်ကို upload တင်ပေးရန် စဉ်းစားသင့်ပါသည်။ ပုံအကြောင်း ဖော်ပြချက် စာမျက်နှာတွင် မူရင်းဖိုင်ဆီလို့ လင့်ခ်ချိတ်ဆက်ပေးပါ။ အကယ်၍ မူရင်းဖိုင်သည် upload တင်ရန် ကြီးမားနေပါက WinZip သို့မဟုတ် gzip ကဲ့သို့သော ကိရိယာများကို သုံးကာ ချုံနိုင်ပါသည်။
 
ဝီကီပီးဒီးယားသည် SVG ပုံများကို ပြသနိုင်ရန် အထောက်အပံ့ပေးသည့်အတွက် ပုံများ၏ SVG ပုံပွားများကိုလည်း upload တင်ထားသင့်သည်။