စိန်လွင် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၂ -

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သည်။ [[အေးကို၊ ဦး (နိုင်ငံတော်သမ္မတ)‎|ဦးအေးကို]] နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၇-ရက်မှ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။
[[File:Dscn4146100033.jpg|thumb|ဦးစိန်လွင် ရေးထိုး၍ အမိန် ဥပဒေ ထုတ်ပြန်ခဲ့သော [[ငွေစက္ကူ]]များကို တရားမဝင် [[ငွေကြေး]]များအဖြစ် ကြေငြာချက်]]

== ငယ်ဘဝ ==
စာကြောင်း ၃၁ -

== အမှုထမ်းဘဝ ==

အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂- ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ သထုံခရိုင် ( ယခင်ဗိုလ်မှူးဉာဏ ) တပ်သို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၄၃-ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)၊ တပ်ခွဲ (၃)၌ တပ်သားအဖြစ် မှ ဝင်ရောက်စစ်မှုထမ်းရင်း ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း ဗိုလ်သင်တန်း တတိယပတ်သို့ တက်ရောက်ခဲ့ပြီး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၅-ခုနှစ်၌ မျိုးချစ်တပ်မတော်တွင် တိုင်း(၂)၊ တပ်ရင်း (၈၃)၊ တပ်ခွဲ(၃) ၌ တပ်ခွဲမှူး တာဝန်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ လှုပ်ရှားဆောင်ရွက်ခဲ့သည်။

Line ၃၉ ⟶ ၃၈:
၁၉၄၈-ခုနှစ်တွင် ပြန်တမ်းဝန်အရာရှိဖြစ်ခဲ့သည်။ တနင်္သာရီတိုင်းမင်းကြီး၏ အပါးတော်မြဲ တာဝန်ထမ်းဆောင်ရန် ပြည်ထဲရေးဌာနသို့ တွဲဖက်ထားခြင်းခံခဲ့ရသည်။ ထို့နောက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ဆောင်ရွက်၍ ဒီမိုကရေစီ ဒေသန္တာရ အုပ်ချုပ်ရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဌာန၊ တရားဌာန တို့ကို တွဲဖက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

:၁၉၄၉-ခုနှစ်တွင် ပြည်ထဲရေးသို့တွဲဖက်ရာမှ ထားဝယ်စစ်ဝန်ထမ်း တပ်ရင်းမှူး၊

:၁၉၅ဝ-ပြည့်နှစ်တွင် အမှတ်(၃)ခြေလျင်တပ်ရင်း၌ တပ်ခွဲမှူး၊

:၁၉၅၁-၅၂ ခုနှစ်တွင် အမှတ် (၁) လေ့ကျင့်ရေးတပ်၌ တပ်ခွဲမှူး၊

:၁၉၅၂-၅၃ ခုနှစ်တွင် တပ်ထိန်းတပ်ခွဲ(၂)၌ တပ်ခွဲတပ်မှူး၊

:၁၉၅၃-၅၄ ခုနှစ်တွင် ချင်းသေနတ်ကိုင်တပ်ရင်း၌ ဒုတပ်ရင်းမှူးနှင့် အမှတ် (၁) လေ့ကျင်ရေးတပ် ဒုတိယတပ်ရင်းမှူး၊

:၁၉၅၇-ခုနှစ်တွင် အမှတ် (၄) သေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူး စသည်ဖြင့် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပါသည်။

:၁၉၅၆-၆၉ ခုနှစ်အထိ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး

:၁၉၆၉-၇ဝ ပြည့်နှစ်အထိ အရှေ့ပိုင်းတိုင်း ဗျူဟာမှူးအဖြစ် လည်းကောင်း၊

:၁၉၇ဝ-၇၂ ခုနှစ်အထိ တိုင်းကြီးကြပ်ရေး ဥက္ကဌအဖြစ်လည်းကောင်း၊

:၁၉၇၂-၇၄ ခုနှစ်အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုမှတစ်ဆင့် သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း နိုင်ငံတော်၏ ကြီးလေးသော တာဝန်များကို အဆင့်ဆင် ထမ်းရွက်ခဲ့သည်။
တစ်ဆက်တည်းမှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၌ ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဦးစိန်လွင်အား နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ အခြေခံဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ သည် နိုင်ငံတော်သမ္မတအဖြစ် စတင်ထမ်းရွက်ခဲ့ရသည်။

==သမ္မတ၊ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်==
ထို့နောက် နိုင်ငံတော်တွင် [[ရှစ်လေးလုံး]] ဆူပူမ၍ အရေးအခင်းများ ဖြစ်ပွားလာခဲ့ပြီးနောက် ၁၉၈၈ ခု၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန်လွင်သည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ အဖြစ်မှ လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း နုတ်ထွက်ခဲ့ရာ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် ကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၈/၈၈ ကို ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တည်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့်ကို ၉၂ ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးက ခွင့်ပြုပေးခဲ့သည်။