နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၀ -
{{မြန်မာ့နိုင်ငံရေးသမိုင်းဆိုင်ရာ}}
 
မြန်မာနိုင်ငံ၏ '''နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်''' သည် [[ပြည်ထောင်စုအစိုးရအဖွဲ့|မြန်မာအစိုးရအဖွဲ့]]ရှိ ရာထူးနေရာတစ်ခု ဖြစ်သည်။ ဤရာထူးကို ၂၀၁၆ ဧပြီ ၁၆ ရက်နေ့တွင် [[ဒေါ်အောင်ဆန်းစုကြည်]]အား [[ပြည်ထောင်စုလွှတ်တော်]]က စတင်ခန့်ထားခဲ့သည်။ [[အထွေထွေ ရွေးကောက်ပွဲ ၂၀၁၅|၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ]]တွင် ဒေါ်အောင်ဆန်းစုကြည်၏ [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]]ပါတီက အများစုအနိုင်ရရှိခဲ့သော်လည်း သူမအား [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော် သမ္မတ]]အဖြစ် တင်မြှောက်ရန် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များက အတားအဆီးဖြစ်နေခဲ့သည်။<ref name="abc.net.au">{{cite web|url=http://www.abc.net.au/news/2016-04-05/aung-san-suu-kyi-to-become-state-counsellor/7301994|title=Aung San Suu Kyi to become 'State Counsellor' of Myanmar|work=ABC News}}</ref>
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို [[အမျိုးသားလွှတ်တော်]]က ၂၀၁၆ ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ [[ပြည်သူ့လွှတ်တော်]]က ၂၀၁၆ ဧပြီ ၅ ရက်နေ့တွင် လည်းကောင်း အသီးသီး အတည်ပြုခဲ့ပြီး သမ္မတ [[ဦးထင်ကျော်]]က ဧပြီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။<ref name="abc.net.au"/><ref name="ASC">{{cite news | url=http://news.xinhuanet.com/english/2016-04/06/c_135256048.htm | title=Aung San Suu Kyi becomes Myanmar state counselor: spokesman | date=6 April 2016 | agency=Xinhua News | accessdate=6 April 2016}}</ref>