အာကာသအချိန်: တည်းဖြတ်မှု မူကွဲများ

 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[ရူပဗေဒ]]တွင် အာကာသအချိန် ဆိုသည်မှာ [[အာကာသ]]နှင့် [[အချိန်]]တို့သည် အပြန်အလှန်ယှက်နွယ်နေသည့် ဆက်စပ်မှုရှိသောအရာများ အဖြစ်ဖေါ်ပြသော [[သင်္ချာပုံစံ]]များကို ရည်ညွှန်းသည်။ ရှေးယခင်က [[စကြဝဠာ]]၏ အာကာသအချိန်ကို [[ယူကလစ်ဆိုင်ရာ အာကာသ]] ရှုထောင့်မှနေ၍ အရှေ့အနောက်၊ ဘယ်ညာနှင့် အထက်အောက် [[အတိုင်းအတာ]] သုံးမျိုးနှင့် [[အချိန်]]အတိုင်းအတာ စုစုပေါင်း အတိုင်းအတာ လေးခုရှိသော အရာအဖြစ် အဓိပ္ပါယ်ဖေါ်ဆောင်ခဲ့သည်။ အာကာသနှင့် အချိန်ကို တစ်ခုတည်းသောအရာ၏ အခက်အလက်နှစ်ခုအဖြစ်ယူဆသော [[မင်ကောစကီး အာကာသ]] ရှုထောင့်ဖြင့် [[ရူပဗေဒပညာရှင်]]များသည် [[ရူပဗေဒသီအိုရီ]] အတော်များများကို သိသာစွာ ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုအပြင် စင်္ကြာဝဠာ၏စကြဝဠာ၏ [[ဂလက်ဆီ]]များ၏ အတိုင်းအတာ ပမာဏတွင်လည်းကောင်း၊ [[အက်တမ်]]အောက်သေးငယ်သော အတိုင်းအတာ ပမာဏတွင် လည်းကောင်း ရူပဗေဒသီအိုရီများကို ပိုမိုညီညွတ်မျှတစွာ ရှင်းပြနိုင်ခဲ့သည်။