သိန်းစိန်၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
→‎နိုင်ငံရေးဘဝ: စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၇၄ -
 
==နိုင်ငံရေးဘဝ==
စစ်တက္ကသိုလ်မှ သင်တန်း ဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၈ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီး အဆင့်ဖြင့် လည်းကောင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ ရယူပြီးနောက် တပ်ရင်းမှူး၊ တပ်ရင်းမှူး(ဒုတိယဗိုလ်မှူးကြီး) အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။<ref name="mpo">{{cite web|url=http://www.president-office.gov.mm/?q=administration/president|title=ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း|publisher=နိုင်ငံတော် သမ္မတရုံး|date=၈ မေ ၂၀၁၄|accessdate=၁၇ မတ် ၂၀၁၆}}</ref>
 
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် [[တြိဂံဒေသတိုင်းစစ်ဌာနချုပ်|တသခ]]နှင့် ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။