ဗီယက်နမ်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ဗီယက်နမ် ဘာသာစကားသည်ဘာသာစကား'''သည် [[ဩစထြိုအေးရှားတစ်]] ဘာသာစကား တစ်ခုဖြစ်သည်။ [[ဗီယက်နမ်]] နိုင်ငံ၏ နိုင်ငံတော်ဘာသာနှင့် [[တရားဝင်ရုံးသုံး ဘာသာစကား]] ဖြစ်သည်။ [[ဗီယက်နမ် လူမျိုး]]များ၏ မိခင် ဘာသာစကား ဖြစ်သလို အခြားသော လူနည်းစု မျိုးနွယ်စုများ၏ ပထမ သို့မဟုတ် ဒုတိယ ဘာသာစကား ဖြစ်သည်။ ဗီယက်နမ် လူမျိုးများ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ခြင်းနှင့် ယဉ်ကျေးမှု လွှမ်းမိုးခြင်းကြောင့် ဗီယက်နမ် ဘာသာစကား ပြောဆိုသူများကို ကမ္ဘာတစ်ဝှမ်းတွင်၊ အထူးသဖြင့် [[အရှေ့အာရှ]]နှင့် [[အရှေ့တောင်အာရှ]]၊ [[မြောက်အမေရိက]]၊ [[ဩစတြေးလျနိုင်ငံ|ဩစတြေးလျ]] နှင့် [[အနောက်ဥရောပ]] စသည်တို့တွင် တွေ့နိုင်သည်။ [[ချက်နိုင်ငံ]]တွင် ဗီယက်နမ် ဘာသာစကားကို လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုထားသည်။
 
[[ဩစထြိုအေးရှားတစ်]] [[ဘာသာစကား မိသားစု]]တွင် ဘာသာစကားပြောသူ ဦးရေ အများဆုံးရှိသော ဘာသာစကား ဖြစ်သည်။ ဗီယက်နမ် ဘာသာစကားပြောသူ ဦးရေသည် အခြားသော ဩစထြိုအေးရှားတစ် ဘာသာစကားပြောသူ စုစုပေါင်းထက်ပင် အဆများစွာ ပိုများသည်။ ဗီယက်နမ် ဘာသာစကားတွင် [[တရုတ်ဘာသာ|တရုပ်ဘာသာစကား]]မှ ငှားရမ်းထားသောစကားလုံးများ ရှိပြီး ယခင်က တရုပ်စာလုံးများကို ပြုပြင်ထားသည့် စာရေးစနစ်ကို အသုံးပြုခဲ့ကြသည်။ ယနေ့တွင်မူ [[လက်တင် အက္ခရာ]]များကို ပြုပြင်ထားသည့် စာရေးစနစ်ကို အသုံးပြုကြသည်။