"ဂမ်မာရောင်ခြည်" ၏ တည်းဖြတ်မှု မူကွဲများ

၁၆၈၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
'''ဂမ်မာရောင်ခြည်အား''' ဂရိစာလုံးအသေး ဂမ်မာ (γ or \gamma ) ဖြင့် အမှတ်အသားပြုသည်။ ၎င်းသည် [[ကြိမ်းနှုန်း]]အလွန်မြင့်မားသော [[လျှပ်စစ်သံလိုက်ရောင်ခြည်]]ဖြစ်၍ [[စွမ်းအင်]]မြင့်မားသော [[ဖိုတွန်]]များပါရှိသည်။ ၁၉၀၀ ခုနှစ်တွင် ပြင်သစ် [[ဓါတုဗေဒ]]နှင့် [[ရူပဗေဒ]] ပညာရှင် [[ပေါလ် ဗီလာဒ်]] ဆိုသူက [[ရေဒီယမ်]]သတ္တုကို လေ့လာရင်း ဂမ်မာရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဂမ်မာရောင်ခြည်အား [[အားနက်စ် ရူသာဖို့ဒ်]]က အမည်ပေးခဲ့ခြင်းဖြစ်သည်။ ရူသာဖို့ဒ်သည် ယခင်တည်းက အခြား [[ရေဒီယိုသတ္တိကြွပြိုကွဲခြင်း]] အမျိုးအစား နှစ်မျိုးဖြစ်သည့် [[အယ်လ်ဖာပြိုကွဲခြင်း]]နှင့် [[ဘီတာပြိုကွဲခြင်း]] များကို ရှာဖွေတွေ့ရှိခဲ့သည်။
ဂမ်မာရောင်ခြည်သည် လျှပ်စစ်သံလိုက်စွမ်းရည်များ ဖြစ်၍ ရေဒီယိုဓာတ်ကြွသော အနုမြူသည် အင်အားလျော့ယိမ်းသွားရာ၌ ထုတ်လွှင့်ပေးနိုင်လေသည်။ [[အိတ်ဇ်ရေး|အိပ်စရေး]]ကဲ့သို့ ဂမ်မာရောင်ခြည်သည်လည်း ထိုးဖောက်နိုင်စွမ်းရှိသည်။ <ref>လှသမိန် ၏ ဗဟုသုတစွယ်စုံ </ref>
 
ဂမ်မာရောင်ခြည်သည် [[အိုင်ယွန်ပြုရောင်ခြည်]] အမျိုးအစားတစ်ခုဖြစ်၍ သက်ရှိများကို အန္တရာယ်ဖြစ်သော ရောင်ခြည်ဖြစ်သည်။ [[အက်တမ်နျူကလိယ]]သည် စွမ်းအင်မြင့် အခြေအနမှ စွမ်းအင်နိမ့် အခြေအနသို့ ပျက်ယွင်းသည့်အခါ ဂမ်မာရောင်ခြည်ကို ထုတ်လွှတ်ပြီး ၎င်းဖြစ်စဉ်ကို [[ဂမ်မာပြိုကွဲခြင်း]]ဟု ခေါ်သည်။
==ကိုးကား==
{{reflist}}