အယ်လ်ဖာအမှုန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂ -
အယ်လ်ဖာအမှုန်တွင် [[ပရိုတွန်]] နှစ်ခုနှင့် [[နျူထရွန်]] နှစ်ခုတို့သည် အမှုန်တစ်ခုအဖြစ် စည်းနှောင်ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် [[ဟီလီယမ်]]ဒြပ်စင်၏ [[နျူကလိယ]]နှင့် ထပ်တူညီသည်။ အယ်လ်ဖာအမှုန်များကို [[အယ်လ်ဖာပြိုကွဲမှု]] ဖြစ်စဉ်တွင် ထုတ်လွှတ်လေ့ရှိသည်။ သို့သော်အခြား နည်းလမ်းများဖြင့်လည်း ထုတ်လွှတ်နိုင်သည်။ အယ်လ်ဖာအမှုန်ကို [[ဂရိအက္ခရာ]] [[အယ်လ်ဖာ]] α ကိုအစွဲပြုပြီး အမည်ပေးထားခြင်း ဖြစ်သည်။ အယ်လ်ဖာအမှုန်အတွက် သင်္ကေတအဖြစ် α သို့မဟုတ် α<sup>2+</sup> ဖြင့်ဖော်ပြသည်။ ၎င်းတို့သည် ဟီလီယမ် အက်တမ်၏ နျူကလိယနှင့် ထပ်တူညီ၍ [[အီလက်ထရွန်]] နှစ်လုံးပျောက်ဆုံးနေသော +2 လျှပ်စစ်ဓာတ်ဆောင်သည့် ဟီလီယမ် [[အိုင်ယွန်]] သင်္ကေတအဖြစ် {{chem|He|2+}} သို့မဟုတ် {{chem|4|2|He|2+}} ဟု တစ်ခါတစ်ရံတွင် ရေးသားဖော်ပြသည်။ အကယ်၍ ၎င်းအိုင်ယွန်သည် ပတ်ဝန်းကျင်မှ အီလက်ထရွန်များ ရရှိပါက ၎င်းအယ်လ်ဖာအမှုန်ကို သာမန် ဟီလီယမ်ဒြပ်စင် သင်္ကေတအဖြစ် {{chem|4|2|He}} ဟု ရေးသားနိုင်သည်။ အမည်ပေးစနစ် သေချာသတ်မှတ်ထားခြင်း မရှိ၍ ယေဘုယျအားဖြင့် အလျင်နှုန်း အမြင့်ဖြင့် ရွေ့လျားနေသော ဟီလီယမ် နျူကလိယများ အားလုံးကို အယ်လ်ဖာအမှုန်ဟု ရည်ညွှန်း ရေးသားလေ့ရှိသည်။ ဟီလီယမ် နျူကလိယကဲ့သို့ပင် အယ်လ်ဖာအမှုန်၏ အသားတင် [[စပင်]]မှာ သုညဖြစ်သည်။ စံပြုထားသည့် အယ်လ်ဖာ [[ရေဒီယိုသတ္တိကြွပြိုကွဲမှု]]တွင် ထုတ်လွှတ်သော အယ်လ်ဖာအမှုန်များတွင် ယေဘုယျအားဖြင့် [[အရွေ့စွမ်းအင်]] ၅ MeV ခန့်ရှိပြီး [[အလျှင်]]နှုန်းမှာ [[အလင်းအလျင်]]၏ ၅% ခန့် ရှိသည်။
 
[[Category:ဓာတုဗေဒရူပဗေဒ]]
[[Category:နျူကလီးယားရူပဗေဒ]]