အိုင်ယွန်ပြုရောင်ခြည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂ -
'''အိုင်ယွန်ပြုရောင်ခြည်''' ({{lang-en|Ionizing radiation}}) ဆိုသည်မှာ [[အက်တမ်]] သို့မဟုတ် [[မော်လီကျူး]]များ၏ [[အီလက်ထရွန်]]များကို လွတ်မြောက်သွားအောင် အထိစွမ်းဆောင်နိုင်သည့် [[စွမ်းအင်]]ကို သယ်ဆောင်သော [[ရောင်ခြည်]]ကို ခေါ်သည်။ အိုင်ယွန်ပြုရောင်ခြည် သည် စွမ်းအင်မြင့်မားသည့် အလွန်လျှင်မြန်စွာ ရွေ့လျားနေသည့် [[အက်တမ်အောက်အမှုန်]]များ၊ [[အိုင်ယွန်]]များနှင့် အက်တမ်အမှုန်များ သို့မဟုတ် [[လျှပ်စစ်သံလိုက် ရောင်စဉ်]]၏ စွမ်းအင်အမြင့်အပိုင်းတွင်ရှိသော [[လျှပ်စစ်သံလိုက်လှိုင်း]]များ ဖြစ်နိုင်သည်။
 
[[ဂမ္မာရောင်ခြည်]]၊ [[အိတ်စ်ရေး]]ရောင်ခြည်နှင့် အမြင့်ပိုင်း [[ခရမ်းလွန်ရောင်ခြည်]] များသည် အိုင်ယွန်ပြုရောင်ခြည် ဖြစ်သော ျှပ်စစ်သံလိုက်လှိုင်းလျှပ်စစ်သံလိုက်လှိုင်း ရောင်စဉ်များ ဖြစ်ကြသည်။ အနိမ့်ပိုင်း ခရမ်းလွန်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်အောက် နိမ့်သော ကြိမ်နှုန်းရှိသည့် [[အလင်းရောင်]]၊ [[အနီအောက်ရောင်ခြည်]]၊ [[မိုက်ကရိုဝေ့ဗ်]]နှင့် [[ရေဒီယိုလှိုင်း]]များသည် အိုင်ယွန်ပြုရောင်ခြည်များ မဟုတ်ကြပါ။ ခရမ်းလွန်ရောင်ခြည်များမှာ အိုင်ယွန်ပြုရောင်ခြည် ဟုတ်ခြင်းမဟုတ်ခြင်း ခွဲ့ခြားရာမှာ တိကျတဲ့သတ်မှတ်မှုမရှိပါ။ အဘယ်ကြောင့်ဆိုသည် အဆိုပါကွာခြားမှုသည် ၎င်းသက်ရောက်သည့် အက်တမ်နှင့် မော်လီကျူးများ၏ အခြေအနေပေါ် မူတည်၍ အိုင်ယွန်ပြုနိုင်စွမ်း ကွာခြားသောကြောင့်ဖြစ်သည်။ [[ရေဒီယိုသတ္တိကြွခြင်း]]တွင် ပေါ်ထွက်သည့် [[အယ်လ်ဖာအမှုန်]]၊ [[ဘီတာအမှုန်]]နှင့် [[နျူထရွန်]]များသည် အိုင်ယွန်ပြုနိုင်စွမ်းရှိသော အက်တမ်အောက် အမှုန်များ ဖြစ်ကြသည်။ ရေဒီယိုသတ္တိကြွ ရောင်ခြည်အားလုံးသည် အိုင်ယွန်ပြုရောင်ခြည်များ ဖြစ်ကြသည်။ အဘယ်ကြောင်ဆိုသော် ရေဒီယိုသတ္တိကြွခြင်းတွင် ထုတ်လွှတ်သည့် စွမ်းအင်သည် အိုင်ယွန်ပြုရန်အတွက် လိုအပ်သော စွမ်းအင်ထွက် လွန်စွာ ပိုမိုများပြား၍ ဖြစ်သည်။
 
[[Category:ရူပဗေဒ]]