စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရည်ညွန်း
အရေးမကြီးNo edit summary
စာကြောင်း ၁၀ -
 
==နိုင်ငံရေးဘဝ==
၁၉၄၁ ခုနှစ်တွင် [[ကျိုက္ခမီ]] မှ [[မုဒုံ]]မြို့ သို့ ချီတက်လာသော [[ဗမာ့လွတ်လပ်ရေးတပ်မတော်]] (ဘီ-အိုင်-အေ)သို့ ဝင်ရောက်ထမ်းဆောင်ခဲ့သည်။ [[ဗိုလ်လက်ျာ]] ၏ တာဝန်ပေးချက်အရ [[ကော့ကရိတ်]]မြို့တွင် ဗမာ့ လွတ်လပ်ရေး တပ်များ ဖွဲ့စည်းစုရုံးပြီး မုဒုံသို့ ပြောင်းရွှေ့ စခန်းချကာ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်။ မုဒုံတွင် [[ဂျပန်]]တို့၏လက်နက် သိမ်းယူခြင်း ခံရသည်။ ဗိုလ်လက်ျာ ၏ အမိန့်ပေးချက်အရ တပ်များစုရုံးပြီး သင်္ဘောဖြင့် [[ရန်ကုန်]]မြို့ သို့ ချီတက်ခဲ့ရာ သင်္ဘောပေါ်ရောက် မှ ဂျပန်တို့က လက်နက်များ ပြန်လည် ပေးအပ်သည်။ ရန်ကုန်မြို့သို့ရောက်သောအခါ [[စိန့်အန်ထော်နီကျောင်း]]တွင် စခန်းချပြီး ရန်ကုန်မြို့ လုံခြုံရေးကို တာဝန် ယူရသည်။ စိန်ထော်နီ ကျောင်းမှ [[ဂေါ်ရာကုန်း]]သို့ တပ်များ ပြောင်းရွှေ့ ပြီးနောက် [[ဖျာပုံ]]မှ တပ်များကို တာဝန်ယူ သင်တန်းပေးကာ အုပ်ချုပ်ရသည်။ ထို့နောက် [[အင်းစိန်]]ခရိုင်တပ်များကို အုပ်ချုပ်ရန် ထပ်မံ တာဝန် ပေးအပ်ခြင်း ခံရပြီး အင်းစိန်တပ်များကို စုရုံးကာ [[ပဲခူး]]မြို့သို့ ပြောင်းရွေ့ခဲ့သည်။ ဦးစိန်ဝင်းသည် ၁၉၄၂ခုနှစ်တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို [[ဗမာ့ကာကွယ်ရေးတပ်မတော်]] (ဘီ-ဒီ-အေ)အဖြစ် ပြောင်းလဲ ဖွဲ့စည်းသောအခါ ဘီ-ဒီ-အေတပ်ရင်း(၃) စက်သေနတ်ကြီး တပ်စု [[တပ်စုမှူး]] တာဝန် ထမ်းဆောင်သည်။ တပ်ရင်းများရှိ အရာရှိ(၁၀)ဦးစီ လူပေါင်း(၃၀)၊ မင်္ဂလာဒုံ- [[ဗိုလ်သင်တန်းကျောင်း]]၊ ပထမပတ် သင်တန်း တက်နေသူများ နှင့်အတူ ရွေးချယ်ခံယူ၍ သွားရောက်စစ်ပညာ သင်ယူရန်ဖြစ်သည်။ ရွေးချယ်ထားသည့် အရာရှိများကို တပ်ရင်းများတွင် စစ်ပညာများ သင်ကြားပေးလျက် ရှိသည်။ ဂျပန် အကြံပေး အရာရှိ '''ဒိုးအိ''' မှာ သူ တာဝန်ယူ ရသည့် တပ်ရင်း (၂)မှ အရာရှိ(၁၀)ဦးကို ပညာသင် အဖြစ် အားလုံး အရွေးချယ် ခံရစေချင်သည်။ စစ်ပညာများကို တပ်ရင်းတွင် ပြင်းပြင်းထန်ထန် သင်ကြားပေးခဲ့သည်။ အရာရှိများမှာ ဘီ-အိုင်-အေတွင် တပ်မှူး။ ဘီ-ဒီ-အေ၌ သုံးလိုင်းတစ်ပွင့် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသူများကို ဂျပန် အကြံပေး အရာရှိများမှ ဂျပန်ပြည်သို့ စစ်ပညာ သင်ယူရန် စေလွှတ် လိုကြသည်။ နိုင်ငံတော် လွတ်လပ်ရေး မရရှိသေးပေ။ နံနက်ပိုင်း စစ်ပညာ သင်တန်း ပြီးသည့်အခါ နေ့လယ်တွင် သင်တန်းသား အရာရှိ ၃၀ မှ [[ပျဉ်းမနား]] ဗမာ့ကာကွယ်ရေး တပ်မတော် စစ်ဌာနချုပ်၌ ဂျပန်စာ သင်ယူခဲ့ရသည်။ ဗိုလ်ကြီး စိန်ဝင်းသည် သင်တန်းသား ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျပန်စာ သင်ကြား ပို့ချပေးသူမှာ ဗိုလ်မှူးအဆင့်ရှိ ဂျပန်ကြံပေးအရာရှိဖြစ်သည်။ ပျဉ်းမနားမြို့တွင် စစ်သင်တန်းများ ပြီးသည့်အခါ တပ်ရင်း (၂) ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း [[ဝန်ကြီးများရုံး (ရန်ကုန်)|ဝန်ကြီးများရုံး]] နှင့် မျက်နှာချင်းဆိုင် အထက်တန်းကျောင်း အဆောက်အအုံရှိ ''ဦးဉတ္တမ - ဂတ်ကော'' ဂျပန်ဘာသာ စာသင် ကျောင်းကြီးတွင် အရာရှိ ၃၀ အား အထူး အစီအစဉ် အရ ထိုကျောင်းကြီးတွင် ဂျပန်စာ အချိန်ပြည့်သင်ခဲ့ရသည်။ <ref>မကွေးမြင့်မောင် တပ်မတော် စစ်သည်တစ်ဦး၏ မှတ်တမ်းများ။ (ရန်ကုန်၊ ဝင်းစာပေ၊ ၁၉၉၉) စာ ၂၄၂။</ref> တပ်ရင်း(၂)မှ တပ်ခွဲမှူး မှာ ဖက်ဆစ်တော်လှန်ရေးတွင် အထက်ဗမာပြည်တိုင်းမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ ကျဆုံးသွားသူ အောင်ပန်းမြို့တွင် အထိန်းအမှတ်ကျောက်တိုင် စိုက်ထူ ဂုဏ်ပြုခံရသူ၊ စစ်ကျောင်းကြီးများ ရှိနေ သည့်တပ်နယ်ကို ဗထူးတပ်မြို့ ဟု သတ်မှတ် ဂုဏ်ပြုခံရသော [[ဗိုလ်မှူး ဗထူး]] ဖြစ်သည်။ ဗိုလ်ကြီး စိန်ဝင်းသည် ထိုပုဂ္ဂိုလ် နှင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် တွင် ထားဝယ်မြို့ မှ လိုက်ပါ လာခဲ့သည်။
 
ပျဉ်းမနား မြို့တွင် သင်တန်း တက်ပြီးနောက် ရခိုင်ရိုးမ သို့ ပြည်မြို့ မှ တစ်ဆင့် တပ်ရင်း တစ်ခုလုံး ချီတက်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ် တွင် ပျဉ်းမနားမြို့ ၌ ဘီ-ဒီ-အေ တပ်ရင်း(၆) ဖွဲ့စည်းခဲ့ရာ စက်ကလေး သေနတ်ကြီး တပ်ခွဲ တပ်ခွဲမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၄၅ခုနှစ်တွင် တပ်ရင်းမှူး အဖြစ် တိုးမြှင့် ထမ်းဆောင်ပြီး ပျဉ်းမနားမြို့ မှ [[သရက်]]မြို့ သို့ တပ်ရင်း ပြောင်းရွေ့သည်။ သရက် အနောက်ခြမ်း [[ကမ္မ]]၊ သရက်၊ [[မင်းလှ]]၊ [[မင်းတုန်း]]မြို့များတွင် ဖက်ဆစ် တော်လှန်ရေး အတွက် စည်းရုံး လှုပ်ရှားမှု များပြုလုပ်သည်။ သရက်မြို့တွင် ၁၉၄၅ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ဖက်ဆစ် တော်လှန်ရေး စတင်ဆင်နွဲသည် တော်လှန်ရေး တွင် [[ဗိုလ်ချုပ်အောင်ဆန်း]] က ဗိုလ်မှူး အဆင့်သို့ တိုးမြှင့်ပေးသည်။ ဖက်ဆစ် တော်လှန်ရေး ဆင်နွဲနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့် မဟာမိတ်တပ်များ တွေ့ဆုံရေးကို ဗိုလ်မှူး စိန်ဝင်း မှ တာဝန်ယူ ဆောင်ရွက် ခဲ့ပြီးနောက် ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်ရန် [[နတ်တလင်း]]မြို့သို့ တပ်များ ပြောင်းရွေ့၍ နတ်တလင်း အရှေ့ဘက်စမ်းကြီး၊ ဓမ္မငယ်၊ ကန်စု စစ်မျက်နှာကို တာဝန်ယူပြီး [[ပဲခူးရိုးမ]] အနောက်ခြမ်း စစ်ဆင်ရေး ကို ကွပ်ကဲခဲ့သည်။ ဖက်ဆစ်များ စစ်တောင်းသို့ ဆုတ်ခွာသောအခါ ဘီ-ဒီ-အေတပ်ရင်း(၆)ကို ဦးစီးပြီး ပဲခူးရှိ တိုင်းအမှတ်(၄)နှင့် ပူးပေါင်းခဲ့သည်။ [[စစ်တောင်း]]မြစ် စစ်မျက်နှာ တွင် ညောင်ကိုင်၊ ကဒွတ်၊ ဘိုးစပ္ပါယ်၊ ကျုံရဲ၊ ဗိုလ်ကတော် တို့ကို စစ်မျက်နှာ တစ်ခု အဖြစ် တာဝန် ယူခဲ့ရသည်။ ထို စစ်မျက်နှာ တွင် ဘီ-ဒီအေတပ်ရင်း(၆) ကို တပ်ရင်း (၁၀၆) မျိုးချစ် ဗမာ့တပ်မတော် ဟု ပြင်ဆင်ဖွဲ့စည်းသည်။